ကန်ဒေါ်လာသန်း ၅ဝကျော် ရင်းနှီးမြှုပ်နှံထားသည့် ရန်ကုန်၊ မန္တလေးတွင် ကုန်တွင်းဆိပ်ကမ်းများဖွင့်လှစ်

ကန်ဒေါ်လာသန်း ၅ဝကျော် ရင်းနှီးမြှုပ်နှံထားသည့် ရန်ကုန်၊ မန္တလေးတွင် ကုန်တွင်းဆိပ်ကမ်းများဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
13 Nov 2018 11:04 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

ကန် ဒေါ်လာသန်း ၅၀ ကျော်ရင်းနှီး မြှုပ်နှံထား သည့် ရန်ကုန်နှင့် မန္တလေးကုန်းတွင်းဆိပ်ကမ်းများ ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုအတွက် ကုန်းတွင်းဆိပ်ကမ်းများ ဖွင့်လှစ် ဆောင်ရွက်ရန် ပြည်ပကုမ္ပဏီတစ် ခုဖြစ်သော Kerry Logistics ကု မ္ပဏီက ရာခိုင်နှုန်း ၇၀၊ ပြည်တွင်း ကုမ္ပဏီဖြစ်သည့် Mother Logistics ကုမ္ပဏီကရာခိုင်နှုန်း ၃၀ ထည့် ဝင်ကာ ပူးပေါင်းရင်းနှီးမြှုပ်နှံကြ ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းကုမ္ပဏီနှစ်ခု ပူးပေါင်း ထားသော KM Terminal and Logistics Limited သည်နှစ် ၅၀ BOT လုပ်ကိုင်ခွင့်ရရှိထားကာ အစိုးရခွင့်ပြုလျှင် ၁၀ နှစ်စီနှစ်ကြိမ် သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်သည်။ ကနဦးရင်းနှီးမြှုပ်နှံမှုပမာ ဏအဖြစ်အစိုးရကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၇ သန်းပေး သွင်းထားပြီးဖြစ်ကြောင်းသိရသည်။

ရန်ကုန်နှင့် မန္တလေးတို့တွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ရန်၂၀၁၇ ခုနှစ်ဧပြီ၃ရက် ကမြန်မာ့မီးရထားနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း KM Terminal and Logistics Limited ၏ အထွေထွေမန်နေဂျာ ဦးညီထွဋ် ကရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာ များကိုပြောသည်။

"ငွေကြေးတစ်ခု ရင်းနှီးမြှုပ်နှံရင်ငွေပြန်ရနှုန်းနဲ့ ပြန်တွက်ရတယ်။ နှစ် ၅၀ ကုန်းတွင်းဆိပ်ကမ်း လုပ်ကိုင်ခွင့်ရှိတယ်။ ပထမပိုင်းမှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ရတယ်။ဒေါ်လာ ၅၅ သန်းပေါ့နော်။ ပထမ နှစ်တွေမှာဆိုရင် ဖောက်သည်တွေကလည်းမရသေးဘူး။ တဖြည်း ဖြည်းဒီဂိုဒေါင်တွေ အားလုံးပြည့်မှ ရထားကလည်းနေ့တိုင်း ပြေးနိုင် မှ အကျိုးအမြတ်ရလာမှာ။ အဲဒါ ကြောင့် ဘဏ်တွေရဲ့အကူအညီနဲ့ တွက်လိုက်တဲ့အခါမှာ ခြောက်နှစ် ပြည့်မှသာလျှင် စအရင်းကျေပြီး အမြတ်စရမှာပေါ့။ ဝင်ငွေရနှုန်း နဲ့တွက်ပြီးပြောတာဖြစ်ပါတယ် " ဟု ၎င်းင်းကပြောသည်။

ရွာသာကြီးကုန်းတွင်း ဆိပ် ကမ်းအတွက်ကန်ဒေါ်လာ သန်း ၄၀ နှင့်မန္တလေးမြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းအတွက် ကန်ဒေါ်လာ ၁၅ သန်းမြှုပ်နှံထားကြောင်းသိရ သည်။ မြစ်ငယ်ကုန်းတွင်းဆိပ် ကမ်းကို ၂၀၁၈ ခုနှစ်မေတွင် တည် ဆောက်ပြီးစီးပြီး လုပ်ငန်းများစမ်း သပ်လည်ပတ်နေပြီဖြစ်ကြောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်းကို နိုဝင်ဘာ ၁၁ ရက် တရားဝင်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ရရှိလာမည့်အကျိုးအမြတ်၏ရာခိုင်နှုန်းအချို့ကို မြန်မာ့မီး ရထားသို့ ပေးသွင်းရမည်ဖြစ်ပြီး ဂိုထောင်များတွင် ကုန်ပစ္စည်း ထားသိုမှုအတွက်လည်း အစိုး ရကို ရာခိုင်နှုန်းအချို့ပေးရမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်ရှိ ဆိပ်ကမ်းများနှင့် သီလဝါ ဆိပ်ကမ်းများတွင်ယာဉ် ကြောကျပ်တည်းမှုကို လျှော့ချပြီး ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရာ တွင်ကုန်ကျစရိတ်လျှော့ချနိုင်ရန်ရည်ရွယ်ကာကုန်းတွင်း ဆိပ်ကမ်း များ တည်ဆောက်ခြင်းဖြစ်ပြီးရွာသာကြီးနှင့် မြစ်ငယ်ဆိပ်ကမ်းတို့ ကို ကွန်တိန်နာရထားတွဲများဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရွာသာကြီးမှ မြစ်ငယ်ဆိပ် ကမ်းသို့ အပတ်စဉ်စနေ^တနင်္ဂနွေ တွင် အနည်းဆုံးကွန်တိန်နာရထား ကုန်တွဲ ၁၅ တွဲမှအများဆုံး ၂၇ တွဲပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။ မြန်မာ့မီးရထားက ရန်ကုန်မှ မန္တလေးသို့ ပို့ဆောင်မည့်ကုန်တစ် တန်အတွက် တစ်မိုင်လျှင်ကျပ် ၃၀ မန္တလေးမှရန်ကုန်သို့ပို့ဆောင် ပေးမည့် ကုန်တစ်တန်အတွက် တစ်မိုင် လျှင်ကျပ် ၂၀ နှင့် အခွန် ၁၀ ရာခိုင်နှုန်းကောက်ယူမည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့မီးရထားက ကုန်တန် ချိန်ကို မိုင်နှုန်းဖြင့်တွက်ချက်ရယူ မည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် Door To Door စနစ်ဖြင့်သယ်ယူစရိတ် တို့ပေါင်းကာ သယ်ယူစရိတ်ကျ သင့်မည်ဖြစ်သော်လည်း ကားဖြင့် သယ်ဆောင်သည်ထက် စရိတ်သက် သာမည်ဖြစ်ကြောင်း သိရသည်။

 

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service