ဒူဘိုင်းတွင် ၂၀၁၈ အတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ပွဲစားခ ကန်ဒေါ်လာ ၂၂၉ သန်းအထိ ဝင်ငွေရှိခဲ့

ဒူဘိုင်းတွင် ၂၀၁၈ အတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ပွဲစားခ ကန်ဒေါ်လာ ၂၂၉ သန်းအထိ ဝင်ငွေရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
12 Nov 2018 11:46 am တွင် တင်ခဲ့သည်
770 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်၊ ပထမ ၉ လတာကာလအတွင်း ဒူဘိုင်း မြေယာ၊ အဆောက်အအုံနှင့် လူနေခန်းများမှ အိမ်ခြံမြေအကျိုးဆောင် ပွဲစားခပမာဏမှာ ဒူဘိုင်းငွေ ၈၄၂ သန်း (ကန်ဒေါ်လာ ၂၂၉ သန်း) အထိ မြင့်တက်ခဲ့ကြောင်း ဒူဘိုင်းမြေယာဦးစီးဌာန (DLD) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒူဘိုင်းရှိ အိမ်ခြံမြေအကျိုးဆောင်များသည် ယခုနှစ် ပထမ ၉ လတာအတွင်း အရောင်းအဝယ်စုစုပေါင်း ၁၈၁၂၁ ခု ရှိခဲ့ရာ မြေယာ အရောင်းအဝယ်မှ ဒူဘိုင်းငွေ ၄၂၉ သန်း၊ အဆောက်အအုံ အရောင်းအဝယ်မှ ၇၃ သန်းနှင့် လူနေအိမ်အရောင်းအဝယ်မှ သန်း ၃၄၀ ခန့် အကျိုးဆောင်ခ ရရှိခဲ့ကြကြောင်း DLD ၏ အိမ်ခြံမြေကဏ္ဍ လေ့လာရေးနှင့် သုတေသနဌာနက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ဒူဘိုင်း အိမ်ခြံမြေကွပ်ကဲရေးအဖွဲ့ (RERA) မှ လက်ထောက်အမှုဆောင်အရာရှိချုပ် ယူဆစ်ဖ် အယ်လ် ဟာရှီမီက ပြောကြားရာတွင် “ဒူဘိုင်း အိမ်ခြံမြေဈေးကွက်ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာဖို့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်” ဟု ပြောကြားသည်။

“ရောင်းသူနဲ့ ဝယ်သူတွေအကြား အရောင်းအဝယ်ပြီးမြောက်သွားတိုင်းမှာ အကျိုးဆောင်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမယ့်စနစ်တစ်ခု DLD က အကောင်အထည်ဖော်ပေးခဲ့ပြီးဖြစ်ပါတယ်”

“ဒူဘိုင်းအိမ်ခြံမြေစီမံကိန်းတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ အရောင်းမြှင့်တင်ပေးနေကြတဲ့ အကျိုးဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကို ဖော်ထုတ်ပြသတဲ့အနေနဲ့ အိမ်ခြံမြေကဏ္ဍ လေ့လာရေးနှင့် သုတေသနဌာနက ဒီအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ အကျိုးဆောင်တွေဟာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံးမိတ်ဘက်တွေမှာ အပါအဝင်ဖြစ်ပါတယ်။ သူတို့ဟာ DLD က ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စံနှုန်းတွေကို လိုက်နာရင်း အမြင့်မားဆုံး ရိုးသားမှုနဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်” .

အဆိုပါ အစီရင်ခံစာတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကိုလည်း ဖော်ပြထားရာ အမျိုးသမီးအကျိုးဆောင်ပေါင်း ၁၉၀၁ ဦးသည် အရောင်းအဝယ်ပေါင်း ၅၆၁၇ လုပ်ဆောင်ခဲ့ရာတွင် အကျိုးဆောင်ခအဖြစ် ဒူဘိုင်းငွေ ၂၆၁ သန်း ရရှိခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service