မန္တလေးတိုင်းရှိ New Mandalay Resort City စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

မန္တလေးတိုင်းရှိ New Mandalay Resort City စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
12 Nov 2018 9:42 am တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီး တွင် ဖော်ဆောင်နေသည့် New Mandalay Resort City စီမံကိန်း တွင် ရင်းနှီးမြှုပ်နှံရန် မန္တလေးစီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ဇော်က ဖိတ်ခေါ်သည်။

‘‘ပြင်ဦးလွင်မြို့လေးမှာ New Mandalay Resort City ဆိုပြီး Develop လုပ်မှာပါ။ ဧကတစ် သောင်းကျော်ရှိပါတယ်။ လောလောလတ်လတ် ပထမပိုင်းအနေ နဲ့ ဧကပထမအဆင့်မှာ ခုနစ် ထောင်ကျော်ကို EOI ခေါ်ပါတယ်။ တင်ဒါတွေလုပ်နေပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေ သွားကြည့်ရင်အခွင့်အလမ်းတွေ တွေ့ရပါ မယ်’’ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းကောင်းများ ဖော်ထုတ်ရန်နှင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများအကြား ဆက်သွယ်မှုတိုးမြှင့်ရန် မန္တလေး စီးပွားရေးဖိုရမ်နှင့် ပြပွဲကို နိုဝင် ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။

မန္တလေးစီးပွားရေးဖိုရမ်နှင့် ပြပွဲသို့ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင် ကိုးရာကျော် တက်ရောက်ဆွေးနွေးခဲ့သည်။

New Mandalay Resort City ကို စက်မှု IT နည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ် ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန် ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းအခြေပြု မြို့ အဖြစ် ဖော်ဆောင်မည်ဖြစ်သည်။

စီမံကိန်းဧရိယာ အပိုင်း(၁) သည် ဧက ၂,၂၀၀ ကျယ်ဝန်းမည် ဖြစ်ပြီး စက်မှုဇုန်၊ လူနေဇုန်နှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင် မှုဇုန်များပါဝင်မည်ဖြစ်ကြောင်း၊ အပိုင်း(၂) သည်ဧက ၂,၉၁၉ ဧက ကျယ်ဝန်းပြီး လူနေမြေ၊ Mixed Development Zone၊ အုပ်ချုပ်မှု ဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး အခြေပြုစက်မှုဇုန်၊ အသေးစားစက်မှုလက်မှုဇုန်များ ပါဝင်မည် ဖြစ်ကြောင်း၊ အပိုင်း(၃) သည် ၄,၇၄၄ ဧကကျယ်ဝန်းကာ အဆင့် မြင့်လူနေအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေး ဇုန်နှင့် AGRO Park များပါဝင်သည်။

နိုဝင်ဘာ ၁၀ ရက်က နိုင်ငံတကာနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များကို မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သော နေရာများ ကွင်း ဆင်းကြည့်ရှုနိုင်ရန် လိုက်လံပြသ ရာ New Mandalay Resort City စီမံကိန်းနေရာကို ပြသခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင် ၂၁ မိုင်ဝန်းကျင်တွင် ဖော်ဆောင်နေသည့် အဆိုပါစီမံကိန်း ကို လက်ရှိ အစိုးရသက်တမ်းမ ကုန်ဆုံးမီ အဆိုပါစီမံကိန်း၏သုံးပုံ တစ်ပုံခန့် အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က ပြောကြားထားသည်။

၂၀၀၆ ကဆက်သွယ်ရေး နှင့် နည်းပညာကဏ္ဍများ ဖွံ့ဖြိုးလာစေရန် ဆက်သွယ်ရေးဝန်ကြီး ဌာနက စတင်အကောင်အထည် ဖော်ခဲ့သည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ၂၀၁၀ မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းပြီးနောက် ယခုအစိုးရလက်ထက်တွင် New Mandalay Resort City ဟု အမည်ပြောင်းလဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service