ဘဏ်မှာငွေချေးချင်ရင်

ဘဏ်မှာငွေချေးချင်ရင် - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2018 12:48 pm တွင် တင်ခဲ့သည်
5949 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အရင်ကတော့ ကိုယ့်အိမ်ကို ဘဏ်ပေါင်ပြီးငွေချေးရတယ်ဆိုရင် ရှက်စရာကြီးလို့ထင်ကြပါတယ်။ ခုတော့ခေတ်ပြောင်းနေပါပြီ ခေတ်မီသူတိုင်း ဘဏ်ပေါင်ပြီး ငွေချေးနေကြပါပြီ။ ဘဏ်မှာ အိမ်ပေါင်ပြီး ငွေချေးကြတာကိုက ဂုဏ်ယူစရာဖြစ်နေလို့ပါ။

ဘာလို့လဲဆိုတော့ အိမ်ခြံမြေတွေပိုင်တိုင်း ဘဏ်ကငွေချေးလို့မရလို့ပါ။ ခိုင်မာတဲ့လုပ်ငန်းတစ်ခုရှိရမယ်၊ တိုက်ကလည်းဖြစ်ရအုံးမယ်၊ နာမည်ပေါက်ပြီးသား မြေကွက်လည်းဖြစ်ရမယ် နိုင်ငံတော်ကို အခွန်ထမ်းဆောင်နေတဲ့သူလည်းဖြစ်ပြီး၊ ကောင်းသတင်းနဲ့စီးပွားရေးလုပ်ကိုင်နေတဲ့သူလည်း ဖြစ်ရမှာဆိုတော့ ဘဏ်ပေါင်ပြီးငွေချေးရတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ။

အထက်ပါအချက်တွေပြည့်စုံတဲ့သူဆိုတာကလည်း အနည်းဆုံး လုပ်ငန်းရှင်/ သူဌေးလေးစာရင်း တော့ဝင်နေပြီလေ။ သူဌေးမှပဲ ဘဏ်မှာငွေချေးနိုင်တာမို့ ရှက်စရာမဟုတ်တော့ဘဲ ဂုဏ်ယူစရာဖြစ်နေပါပြီလို့၊ ဘာလို့လဲဆိုတော့....

(၁) မိမိ (သို့) မိမိရဲ့ မိသားစုဝင် အမည်ပေါက် ဂရန်မြေ၊ ဘိုးဘပိုင်မြေကွက်ရှိရပါမယ်။ **တစ်ချို့ဘဏ်တွေကတော့ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လယ-၃၀(က)၊လယ-၃၀(ခ)၊ ပုံစံ(၁၅-က) ကျပြီးသားမြေတို့ကိုလည်း လက်ခံပါတယ်။

(၂) အဲဒီအမည်ပေါက်မြေပေါ်မှာ အနည်းဆုံး အုတ်ခံ နံကပ် အဆောက်အဦး ရှိရပါမယ်။အမည်ပေါက် အိမ်ခွန်ပြေစာ ရှိရပါမယ်။ **ကြီးတာသေးတာ မရှိပေမဲ့ အဆောက်အဦးနဲ့တူတဲ့ သင့်တော်တဲ့ အကျယ်အဝန်းတော့ရှိရင်ရပါတယ်။

(၃) နိုင်ငံတော် အသိအမှတ်ပြု သက်တမ်းရှိ လုပ်ငန်းလိုင်စင်လည်း ရှိရပါမယ်။ မိမိ(သို့) မိမိရဲ့မိသားစုဝင် အမည်ဖြင့် ** စည်ပင်လိုင်စင်၊ ကသ လိုင်စင်၊ စက်မှုလုပ်ငန်းလိုင်စင်၊ ကုမ္ပဏီလိုင်စင်...စသည့်**

(၄) အဲဒီ မိမိလုပ်တဲ့လုပ်ငန်းအတွက် နိုင်ငံတော်ကို နှစ်စဉ် ဆောင်ထားတဲ့ အခွန်ပြေစာ တွေလည်း လိုအပ်ပါတယ်။ များလေကောင်းလေပေါ့။ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်၊ အမြတ်ခွန်...။ ** တစ်ချို့ဘဏ်က အနည်းဆုံး (၂)နှစ်စာ၊ တစ်ချို့ (၃)နှစ်စာ၊ တစ်ဆက်တည်းပေါ့ဥပမာ-(၂၀၁၇/၂၀၁၈)၊ (၂၀၁၆-၂၀၁၇)၊ (၂၀၁၅/၂၀၁၆) .....စသည့်**

(၅) လုပ်ငန်းရဲ့ နှစ်စဉ် အရှုံးအမြတ်စာရင်းရှင်းတမ်း (၃)နှစ်စာ။ ပြည်သူ့စာရင်းကိုင် (CPA) လက်မှတ်ရရဲ့ အသိအမှတ်ပြု လက်မှတ်ပါ

(၆) တစ်ချို့လုပ်ငန်းကြီးတွေဆိုရင်တော့ Master Plan, Future Plan တို့တင်ပြရပါသေးတယ်။

(၇) မိမိတင်မဲ့ဘဏ်သို့ တင်ပြရန် ရေးကူးရယူထားသည့် ဘဏ်တင်ပြရန် မြေပုံ(၁၀၅)၊ မြေရာဇဝင်(၁၀၆)၊ ဦးပိုင်မှတ်ပုံတင်စာရင်း (၁-က)တို့လည်း လိုအပ်ပါသေးတယ်။ **သက်ဆိုင်ရာ စည်ပင်သာယာ၊ မြေစာရင်းရုံးတွေမှာ လျှောက်ထားထုတ်ယူရပါတယ်** မိမိမြေအမည်ပေါက်ပိုင်ဆိုင်မှု စာချုပ်စာတမ်း အဆက်အဆက် အပြည့်အစုံ။ ** မှတ်ပုံတင် အရောင်းအဝယ်စာချုပ်/အပေးစာချုပ်/စွန့်လွှတ်စာချုပ်/အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်/လဲလှယ်စာချုပ်/ပိုင်ဆိုင်ကြောင်းကြေညာစာတမ်းစာချုပ်/တရားရုံးအမိန့်/ဒီကရီ/ကျမ်းကျိန်ချက်.....စသည့်။

(၈) ကျန်တာတွေကတော့ တစ်ခုခုလျှောက်တိုင်းလိုအပ်တဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ပတ်စ်ပို့ဓာတ်ပုံတို့ ဖြစ်ပါတယ်။ **အရှုပ်အရှင်းကင်းစွာ နေထိုင်ပိုင်ဆိုင်လျက်ရှိကြောင်း၊ ဘဏ်ပေါင်မှာဖြစ်ကြောင်း ကျမ်းကျိန်ချက် ကို အချို့ဘဏ်တွေက တောင်းပါတယ်**

(၉) လုပ်ငန်းလည်ပတ်ဆောင်ရွက်လုပ်ကိုင်နေပုံ လုပ်ငန်းဓာတ်ပုံများနဲ့ အာမခံ အပေါင်အဖြစ်ပေးမယ့် အိမ်ရဲ့ ရှေ့၊ နောက်၊ ဘေး ဘယ်ညာ၊ အခန်းဖွဲ့စည်းပုံအလိုက် ဓာတ်ပုံများ လိုအပ်ပါသေးတယ်။

(၁၀) ကုမ္ပဏီ၊ အစုစပ်လုပ်ငန်းများနဲ့ တင်ပြလျှောက်ထားတယ်ဆိုရင်တော့ ကုမ္ပဏီလက်မှတ်၊ သွင်းကုန်ထုတ်ကုန်လိုင်စင်(ရှိလျှင်)သင်းဖွဲ့စည်းမျည်း၊ သင်းဖွဲ့မှတ်တမ်း၊ ပုံစံ-(၆)၊ ပုံစံ-(၂၆)၊ ပုံစံ-(င) (ရှိလျှင်)၊ ဘဏ်မှချေးငွေရယူလျှောက်ထားရန်၊ ငွေသွင်းငွေထုတ်လုပ်ငန်းများ ဒါရိုက်တာ အဖွဲ့ဝင်ဘယ်သူကို တာဝန်ပေးအပ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက်၊အစုစပ်လုပ်ငန်းအတွက် ငွေချေးယူခွင့်၊ တာဝန်သတ်မှတ်ချက်၊ ချေးငွေပြန်လည်ပေးဆပ်ရေး အစီအစဉ်တွေ လိုပါလိမ့်မယ်။

အသေးစိတ်ကိုတော့ မိမိလျှောက်မယ့် ဘဏ်ရဲ့ ချေးငွေဌာနမှာအသေးစိတ် မေးမြန်နိုင်ကြပါတယ်။

အထက်ပါအချက်တွေပြည့်စုံပီဆိုရင်တော့ မိမိချေးငွေလျှောက်ထားမယ့်ဘဏ်မှာ လျှောက်လွှာနှင့်တကွ အခြားလိုအပ်တဲ့စာရွက်စာတမ်းများပြင်ဆင်ပီး လျှောက်ထားတဲ့အခါ-- ဘဏ်တာဝန်ရှိသူများမှ အာမခံအပေါင်ပေးမဲ့ အိမ်၊ မြေနဲ့ လုပ်ငန်းအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးပြီး၊ သိချင်တဲ့အချက်အလက်တွေကို မေးမြန်းပါတယ်၊ ပြီးနောက်ဘဏ်တာဝန်ရှိသူများမှ အာမခံအပေါင်ပေးမဲ့ အိမ်မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို ဘဏ်သို့အပ်နှံစေပြီး၊ဘဏ်မှခန့်အပ်ထားတဲ့ ဘဏ်ရှေ့နေထံကို ပိုင်ဆိုင်မှု Title Clearဖြစ်/မဖြစ် အစီရင်ခံ မေးမြန်းကြပါတယ်၊ အဲနောက် ဘဏ်ကခန့်အပ်ထားတဲ့ ဘဏ်ရာဖြတ်ထံလည်း အိမ်မြေအဆောက်အဦးတွေရဲ့ ကာလတန်ဘိုး၊ ဈေးကွက်ပေါက်ဈေး၊ အတင်းအကြပ်ရောင်းဈေး တို့ကို ကွင်းဆင်းစစ်ဆေး အစီရင်ခံ တင်ပြရန် တောင်းခံစာပို့ပြီး အားလုံးပြည့်စုံပီဆိုရင် ချေးငွေစိစစ်ချထားတဲ့ အဖွဲ့ထံဘဏ်မှတင်ပြပြီး သင့်တော်တဲ့ချေးငွေကို ခွင့်ပြုချထားခံရပါတယ်။

ချေးငွေခွင့်ပြုပီးရင်တော့ မီးအာမခံဆက်ထားရပါတယ်။ အာမခံကုမ္ပဏီတွေကလည်း သူ့ဘဏ်နဲ့သူရှိပါတယ်

မြန်မာ့အာမခံလုပ်ငန်း

IKBZ၊ ဧရာမြန်မာ၊ အောင်သစ္စာဦး၊ ဂရင်းဂါးဒီးယမ်း၊ FNI....စသည့်။ ချေးငွေမှာလည်း ပုံစံကအမျိုးမျိုးရှိတော့ လုပ်ထုံးလုပ်နည်းလေးတွေတော့ နည်းနည်းကွာမှာပေါ့။။

ဥပမာ-Loan ချေးငွေ

Over Draft စာရင်းပိုထုတ်ချေးငွေ

Small Loan

SME Loan

Home Loan

JICA Loan

ဂျာမဏီ Loan

Project Loan......စသည့်အိမ်ဝယ်ဖို့/စက်ပစ္စည်းဝယ်ဖို့ ပညာရေးအတွက် အစုံပါပဲ။

ချေးငွေကျလာတဲ့အပေါ် သုံးသုံး/မသုံးသုံး အတိုးပေးနေရတဲ့ ချေးငွေနဲ့။ သုံးသလောက်အပေါ် ၁၂%၊ မသုံးဖြစ်သေးတဲ့အပေါ် ထိန်းသိမ်းခ ၁% ပေးနေရတဲ့ အမျိုးအစားတွေလည်းရှိပါတယ်။

SME Loan အတိုး (၁၀၀)ကို ၈.၅% ကလွဲရင်ဘဏ်တိုးပေးရတာ (၁၀၀)ကို တစ်နှစ်လျှင် ၁၃% ဘဏ်တိုင်း အတူတူပေမဲ့ အတိုးပေးရတဲ့လ (၁)လ (၁)ကြိမ်၊ (၃)လ (၁)ကြိမ်၊အရစ်ကျစနစ်... အမျိုးမျိုးရှိပီး၊ချေးငွေသက်တမ်းမှာလည်း (၁)နှစ်တစ်ခါ ပြန်ဆပ်ပြန်လျှောက်၊ (၃)နှစ်ဆက်တိုက် သတ်မှတ်ရာခိုင်နှုံးနဲ့ အရစ်ကျပြန်ခွဲသွင်း၊ (၅)နှစ်၊ (၆)နှစ်၊ (၁၅)နှစ် ...ဘဏ်နဲ့ ချေးငွေ အမျိုးအစားအပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ ဘဏ်ဟာ အပေါင်ဆိုင်မဟုတ်ဘူး။ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဆောင်ရွက်ဖို့ ချေးငွေထုတ်ချေးပေးတယ်လို့ဆိုပေမယ့်.....

လုပ်ငန်းမှာ အမှန်တကယ်လိုအပ်လို့ ချေးတဲ့သူက ခပ်နည်းနည်းပါ။ အမှန်တကယ် အများစုကတော့ ခေတ်မီ ချင်လို့ဘဏ်မှာ ငွေချေးထားကြတာပါ။

Credit: Tin Aung Moe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service