ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာ့ပထမဆုံးသော ရေအောက်ဟိုတယ်တစ်လုံးကိုတော့ ယခုအခါမှာတော့မော်လ်ဒိုက်မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့သိရပါတယ်။
Conrad Maldives Rangali Island Hotel ကတော့ နှစ်ထပ်ဗီလာတစ်လုံးဖြစ်ပြီး သမုဒ္ဒရာအောက် အနက် ၁၅ ပေကျော်မှာတည်ရှိနေပါတယ်။
ယင်း ဟိုတယ်မှာတော့ သီးသန့် gym တစ်ခု၊ အရက်ဘားတစ်ခုနဲ့ရေကူးကန်တွေ ပါရှိပါတယ်။
အပေါ်အထပ်ကတော့ ရေပေါ်မှာ ဖြစ်ပါတယ်။ အဲဒီမှာ အပန်းဖြေစရာ အထပ်တစ်ခုကိုတွေ့ရမှာဖြစ်ပြီး နေပူဆာလှုံနိုင်တဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
ယင်းဟိုတယ်ကတော့ လက်ရှိအချိန်မှာ ဈေးနှုန်း ချိုသာခြင်းမရှိဘဲတည်းခိုချင်ရင်တော့ လေးည package တစ်ခုကို ဘိုကင်လုပ်ရမှာဖြစ်ပြီး ဒေါ်လာ၂၀၀,၀၀၀ အထိ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။ ယင်း package မှာတော့ သီးသန့်စာဖိုမှူးတစ်ဦးနဲ့ သီးသန့် ရေယာဉ်တစ်စင်း အသုံးပြုခွင် ပါရှိမယ်လို့သိရပါတယ်။
Credit: ABC7.com