ကမ္ဘာ့အကြီးမားဆုံး လေဆိပ်ကြီး တူရကီတွင် ဖွင့်လှစ်လိုက်ပြီ

ကမ္ဘာ့အကြီးမားဆုံး လေဆိပ်ကြီး တူရကီတွင် ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
6 Nov 2018 11:36 am တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး

တူရကီတွင် ကမ္ဘာ့အကြီးမားဆုံးလေဆိပ်ကြီးကို တူရကီသမ္မတ ရီဆက်ပ် တာယစ် အာဒိုဂန်က ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ လေဆိပ်ကြီးဆောက်လုပ်ရာတွင် လုပ်ငန်းခွင် ဆိုးရွားလှသည့် အခြေအနေများအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများစွာက ဆန္ဒပြခဲ့ရာ ပြီးခဲ့သောလအတွင်း ဖမ်းဆီးအရေးယူမှုများလည်း ဖြစ်ပွားခဲ့သည်။

အာဒိုဂန်က ယခုလေဆိပ်ကြီးဖွင့်လှစ်နိုင်မှုသည် အောင်မြင်မှု၏ မှတ်တိုင်တစ်ခုဖြစ်သည့်နည်းတူ ကမ္ဘာကြီးအတွက် လက်ဆောင်မွန် တစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားသည်။

လေဆိပ်အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၆ ဒသမ ၅ သန်းရှိပြီး အစ္စတန်ဘူလေဆိပ်သစ်ဟု အမည်ပေးထားကာ ဆောက်လုပ်မှု ပထမဆင့် ပြီးစီးထားသော ယခုအခြေအနေတွင် တစ်နှစ်လျှင် ခရီးသည် သန်း ၉၀ ခန့် ဝင်ထွက်သွားလာနိုင်မည်ဟု ခန့်မှန်းထားသည်။ နောင် ၁၀ နှစ်အကြာ အပြီးသတ်ဆောက်လုပ်ပြီးစီးသွားချိန်တွင်မူ ခရီးသည်ပေါင်း သန်း ၂၀၀ ခန့်အထိ ဝင်ထွက်သွားလာနိုင်တော့မည် ဟုလည်း ဆိုသည်။

ကနဦးတွင် ပြည်တွင်းဒေသများဖြစ်သော အင်ကာရာ၊ အန်တာလ်ယာနှင့် အစ်ဇ်မားကဲ့သို့သော ဒေသများ၊ ဆိုက်ပရပ်စ်မြောက်ပိုင်းရှိ ဘာကူနှင့် အာကန်တို့သို့ ပြေးဆွဲသွားမည်ဟု ဆိုသည်။

ယခုနှစ်ကုန်တွင်မူ အစ္စတန်ဘူရှိ ပင်မလေဆိပ်ဖြစ်သော Ataturk နိုင်ငံတကာလေဆိပ်နေရာတွင် အစားထိုးဝင်ရောက်လာတော့မည် ဖြစ်ပြီး ကမ္ဘာ့နေရာပေါင်း ၃၅၀ သို့ လေကြောင်းခရီးစဉ်ပေါင်း ၂၅၀ ဖြင့် ဆက်သွယ်ပေးသွားမည် ဖြစ်သည်။

“ဒီလေဆိပ်ကြီးဖွင့်လှစ်နိုင်မှုနဲ့အတူ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို ဖြတ်သန်းချိတ်ဆက်ပေးနိုင်မယ့် ဗဟိုချက်တစ်ခုအဖြစ် ကမ္ဘာကြီးကို နီးကပ်လာအောင် ဆောင်ကြဉ်းပေးနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းပါတယ်။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုက အကြီးမားဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ” ဟု လေဆိပ်အမှုဆောင်အရာရှိချုပ် ဟူစီယင် ကာဒရီ ဆမ်ဆန်းလူက ပြောကြားသည်။

လေဆိပ်ကြီးအတွင်း စတုရန်းမီတာ ၅၃၀၀၀ ကျယ်ဝန်းသော duty free ကွန်ပလက်စ်အဆောက်အအုံ၊ ကင်မရာပေါင်း ၂၂၀၀၀ တပ်ဆင်ထားသည့် စောင့်ကြည့်စနစ်၊ ၄၂ ကီလိုမီတာရှည်လျားသော ခရီးဆောင်အိတ်ကိုင်တွယ် ထိန်းသိမ်းမှုစနစ်တို့ ပါဝင်ပြီး Grimshaw Global က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service