တရုတ်ယွမ်ငွေ ခိုင်မာလျက်ရှိသောကြောင့် ဟောင်ကောင်စတော့ရှယ်ယာဈေးများ မြင့်တက်လာလျက်ရှိရာတွင် အိမ်ခြံမြေကဏ္ဍက ဦးဆောင်နေ

တရုတ်ယွမ်ငွေ ခိုင်မာလျက်ရှိသောကြောင့် ဟောင်ကောင်စတော့ရှယ်ယာဈေးများ မြင့်တက်လာလျက်ရှိရာတွင် အိမ်ခြံမြေကဏ္ဍက ဦးဆောင်နေ - Property News in Myanmar from iMyanmarHouse.com
6 Nov 2018 10:57 am တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ယွမ်ငွေ ခိုင်မာလာလျက်ရှိသောကြောင့် ဟောင်ကောင်တွင် စတော့ရှယ်ယာဈေးများ မြင့်တက်လာလျက်ရှိရာ အိမ်ခြံမြေကဏ္ဍက ဦးဆောင်လျက်ရှိနေသည်။

သို့ရာတွင် ယခုအခြေအနေမှာ ကြာရှည်ခံခြင်း ရှိ၊ မရှိကိုမူ ရင်းနှီးမြှုပ်နှံသူများက မခန့်မှန်းနိုင်ကြချေ။

ထို့အပြင် တရုတ်စီးပွားရေးကောင်းမွန်လာစေရန် မူဝါဒပိုင်းပံ့ပိုးပေးမှုကြောင့်များလည်း အပါအဝင်ဖြစ်သည်။

အရောင်းအဝယ်ပိတ်ချိန်တွင် Hang Seng ၏ ရှယ်ယာမှာ ၁ ဒသမ ၇၅ ရာခိုင်နှုန်းမြင့်တက်သွားပြီး ၂၅၄၁၆ သို့ ရောက်ရှိခဲ့သည်။

Hang Seng China Enterprises ၏ ရှယ်ယာများမှာမူ ၁ ဒသမ ၃၉ ရာခိုင်နှုန်းမြင့်တက်ကာ ၁၀၂၇၉ ဒသမ ၃၂ သို့ ရောက်ရှိသွားသည်။

စွမ်းအင်ကဏ္ဍ ရှယ်ယာများမှာ ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးကဏ္ဍ ရှယ်ယာများမှာ ၁ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် အိုင်တီကဏ္ဍမှာ ၄ ဒသမ ၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဟောင်ကောင်ရှိ တရုတ်အိမ်ခြံမြေကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများလည်း မြင့်တက်ခဲ့ရာ Hang Seng ကုမ္ပဏီ၏ အိမ်ခြံမြေကဏ္ဍ ရှယ်ယာများမှာ ၂ ဒသမ ၇၃ ရာခိုင်နှုန်းမြင့်တက်သွားပြီး Country Garden ၏ ရှယ်ယာများမှာလည်း ၉ ဒသမ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။

“တရုတ်စီးပွားရေးက အားနည်းလာပြီး ယွမ်ငွေကလည်း တန်ဖိုးကျနေတာကြောင့် ရင်းနှီးမြှုပ်နှံသူအများစုဟာ လက်လီနဲ့ game ကုမ္ပဏီတွေရဲ့ ရပ်တည်နိုင်မှုအပေါ် ရတက်မအေးဖြစ်နေကြပါတယ်။

တရုတ်ပြည်ရဲ့ အာဏာရကွန်မြူနစ်ပါတီ ထိပ်တန်းဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့အဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗြူရိုရဲ့ ကြေညာချက်ဖြစ်တဲ့ စီးပွားရေးကို ပံ့ပိုးပေးဖို့ မူဝါဒကို ကြေညာခဲ့ရာမှာ အိမ်ခြံမြေကုမ္ပဏီတွေကို ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ မဖော်ပြခဲ့တာကြောင့် အိမ်ခြံမြေကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေ ဝယ်လိုအား မြင့်တက်လာခဲ့တယ်” ဟု ဟောင်ကောင်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီဖြစ်သော UOB Kay Hian ၏ အရောင်းဒါရိုက်တာ စတီဗင် လျောင်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service