ဆော်ဒီအာရေးဘီးယားထံ ဆင်းရဲသည့်နိုင်ငံများမှ တင်ရှိနေသော အကြွေး ကန်ဒေါ်လာ ၆ ဘီလီယံကို လျှော်ပစ်မည်

ဆော်ဒီအာရေးဘီးယားထံ ဆင်းရဲသည့်နိုင်ငံများမှ တင်ရှိနေသော အကြွေး ကန်ဒေါ်လာ ၆ ဘီလီယံကို လျှော်ပစ်မည် - Property News in Myanmar from iMyanmarHouse.com
6 Nov 2018 10:52 am တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

ဆင်းရဲသည့်နိုင်ငံများက ပေးဆပ်ရန်ရှိနေသော အကြွေးကန်ဒေါ်လာ ၆ ဘီလီယံကို လျှော်ပစ်မည်ဖြစ်ကြောင်း ဆော်ဒီအာရေးဘီးယား အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါငွေပမာဏသည် အမျိုးသားဝင်ငွေ၏ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိသည့်ပမာဏဖြစ်သည်။

ဆော်ဒီအစိုးရက အကြွေးလျှော်ပေးမည့် အစီအစဉ်တွင် မည်သည့်နိုင်ငံများ ပါဝင်သည်ကိုမူ မသိရသေးချေ။

အဆိုပါ ဆုံးဖြတ်ချက်ကို ဆော်ဒီအာရေးဘီးယားအစိုးရ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ဒုတိယကော်မတီမှ ဥက္ကဌ မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်လ် ကာဒီက ပြောကြားရာတွင် ယခုအစီအစဉ်သည် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆော်ဒီ၏ နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော Saudi Press Agency (SPA) ၏ ဖော်ပြချက်အရ ဆော်ဒီအာရေးဘီးယားသည် ကမ္ဘာပေါ်တွင် ငွေကြေးအများပြားဆုံး ထောက်ပံ့ကူညီလျက်ရှိသော နိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး အမျိုးသားဝင်ငွေ၏ ၁ ဒသမ ၉ ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက်ရှိခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ ရည်မှန်းချက်ဖြစ်သော ၀ ဒသမ ၇ ရာခိုင်နှုန်းထက် များစွာကျော်လွန်လျက်ရှိကြောင်း ဖော်ပြသည်။

လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း နိုင်ငံတကာ အကူအညီပေးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်များသို့ ဆော်ဒီ၏ ထောက်ပံ့ခဲ့မှုမှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရှိခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service