သံမဏိ (Steel Structure) သုံး M Tower အား ၂၀၂၀ တွင် အပြီးသတ်မည်

သံမဏိ (Steel Structure) သုံး M Tower အား ၂၀၂၀ တွင် အပြီးသတ်မည် - Property News in Myanmar from iMyanmarHouse.com
5 Nov 2018 12:23 pm တွင် တင်ခဲ့သည်
1396 ကြိမ် ကြည့်ရှု့ပြီး

အုတ်နှင့် ကွန်ကရစ်မသုံးဘဲ သံမဏိ (Steel Structure) ဖြင့် ပထမဆုံး တည်ဆောက်မည့် M Tower ကို လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည်ဟု မုတ္တမဟိုးလ်ဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ဟော်က ပြောသည်။

M Tower ကို ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆောက်လုပ်နေပြီး အဆောက်အအုံတွင် သုံးမည့် မှန်များကို တနာရီ မိုင် ၁၂၀ တိုက်ခတ်မှု ခံနိုင်အောင် စီမံထားပြီး ငလျင်ဒဏ် ခံနိုင်အောင် ဆောင်ရွက်ထားသည်ဟု သိရသည်။

ဦးရန်ဟော်က “ဒီအဆောက်အအုံဒီဇိုင်းက Fabrication နဲ့ Installation ပိုင်းမှာ အခက်အခဲဆုံး ဖြစ်တယ်။ ဗိသုကာပိုင်းမှာဆိုလည်း Steel Structure (သံမဏိ) နဲ့ တည်ဆောက် ပုံဖော်ထားတယ်။ နိုင်ငံတကာအဆင့် စံချိန်သတ်မှတ်ချက် အမြင့်ဆုံး 5A နဲ့ ဆောက်လုပ်ပြီး မြန်မာနိုင်ငံမှာ ဒါက ပထမဆုံးဖြစ်လိမ့်မယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်ပြီး “Steel Structure ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကိုလည်း ပိုပြီးခံနိုင်မှာဖြစ်တယ်။ သံတန်ချိန်ကလည်း ၈ ထောင်ကျော်လောက် ဒီအဆောက်အဦးမှာ ပါတယ်။ Glass Cutting Wall နှစ်ထပ်မှန်ကိုသုံးထားတဲ့အတွက် အပူရှိန်ကိုလည်း သက်သာစေတယ်” ဟု ဆိုသည်။

Steel Structure ဖြင့် တည်ဆောက်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းပိုင်းတွင် အချိန်ကုန်သက်သာကာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ပါးစေသည်ဟု သိရသည်။

ဂျပန်နည်းပညာဖြင့် ပုံဖော်ထားသည့် M Tower တွင် အသုံးပြုသည့် သံမဏိ Steel Structure များကို မင်းဓမ္မ Steel structure စက်ရုံမှ ထိုင်ဝမ်နည်းပညာ အသုံးပြု၍ ထုတ်လုပ်မည် ဖြစ်သည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service