၀ိတိုရိယ ဗိသုကာ

၀ိတိုရိယ ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
5 Nov 2018 11:52 am တွင် တင်ခဲ့သည်
935 ကြိမ် ကြည့်ရှု့ပြီး

ဝိတိုရိယဗိသုကာဟန်တွင်၁၉ရာစုအလယ်ပိုင်းမှနှောင်းပိုင်းအထိခေတ်စားခဲ့သောရီဗိုက်ဗယ်လ်ဗိသုကာဟန်များစွာပေါင်းစည်းနေသည်။

ဝိတိုရိယ ( Victorian ) ဟူသော ဝေါဟာရမှာ ၀ိတိုရိယဘုရင်မကြီးအုပ်စိုးခဲ့သည့်ကာလ ( ၁၈၃၇-၁၉၀၁ )ကိုရည်ညွှန်းပြီး Victorian era ၀ိတိုရိယခေတ်ဟု ခေါ်သည်။

ယင်းကာလအတွင်း ၀ိတိုရိယဟုခေါ်သည့်ဗိသုကာ ဟန်ကိုဆောက်လုပ်ရေးလုပ်ငန်းများတွင်အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ၀ိတိုရိယဗိသုကာဟန်၏ ၀ိသေသလက္ခဏာများစွာ မှာ ၀ိတိုရိယ ဘုရင်မကြီးအုပ်စိုးစဉ်နှောင်းပိုင်းကာလအထိကျော်ကြားခြင်း မရှိသေးချေ။

ဝိတိုရိယဗိသုကာဟန်တွင်အရှေ့အလယ်ပိုင်းနှင့်အာရှဒေသ၏ ရှေးဟောင်းသမိုင်းဝင်လက်ရာ ဗိသုကာဟန်များစွာ၏ သြဇာလွှမ်းမိုးမှုကိုတွေ့ရသည်။ ဗြိတိန်နှင့်ပြင်သစ်တို့တွင်အုပ်စိုးသည့်မင်းဆက်များကိုအခြေခံ၍ဗိသုကာဟန်အမည်ပေး သတ်မှတ်မှုများရှိရာ ၀ိတိုရိယဗိသုကာဟန်လည်း အပါအ၀င်ဖြစ်ပြီး အခြားဗိသုကာဟန်အချို့မှာ ဂျော့ခ်ျဘုရင်ခေတ်ကိုရည်ညွှန်းသည့် ဂျော့ဂျီယန်ဗိသုကာ၊ အက်ဒ်ဝပ်ဘုရင်ခေတ်ကို ရည်ညွှန်း သည့် အက်ဒ်ဝါ့ဒီယန် ဗိသုကာဟန်တို့ဖြစ်ကြသည်။

၁၉ ရာစုအစောပိုင်းတွင်ပလဲဒီယန်နစ်ဇင်ကိုချေပတုံ့ပြန်သည့်သဘောအားဖြင့် ရိုမန့်တစ် အလယ်ခေတ်ဂေါ့သစ်ရီဗိုက်ဗယ်လ်ဟန်စတင်ပေါ်ပေါက်လာပြီး ဖောင့်ထ်ဟေးလ်ဘုန်းတော်ကြီး ကျောင်း ကဲ့သို့အဆောက်အအုံမျိုး ဆောက်လုပ်လာခဲ့သည်။ ၁၉ ရာစုအလယ်ပိုင်းတွင်ကား နည်းပညာသစ်အချို့ပေါ်ပေါက်လာမှုကြောင့်ဆောက်လုပ် ရေးလုပ်ငန်းများတွင်စတီးကိုစတင်အသုံးပြုနိုင်လာခဲ့ကြသည်။

အထင်ရှားဆုံးသာဓကမှာခရစ်္စတယ်ပဲလေ့စ်ကိုဗိသုကာပညာရှင် ဂျိုးဆက်ဖ်ပက်ဇ်တန် က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ပက်ဇ်တန်သည်အဆိုပါလက်ရာမျိုးဆက်လက်ဆောက်လုပ်ခဲ့ရာမန့်ထ်မိုးရ်တာဝါ အဆောက်အအုံကြီးမှာ အင်္ဂလိပ်ရီနေးဆင်း လက်ရာများတွင် ယနေ့တိုင်ကျော်ကြား နေဆဲလက်ရာတစ်ခုဖြစ်သည်။ စကော့တလန်တွင်ကား ဗိသုကာပညာရှင်အလက်ဇန်္ဒား သွမ်ဆင်သည် ဂလပ်စကိုမြို့ကြီး ရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအဆောက်အအုံများကိုဆောက်လုပ်ရာတွင်သံကြွပ်နှင့်စတီး များ စတင်အသုံးပြုခဲ့သည်။ နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ကိုအီဂျစ်နှင့်အရှေ့တိုင်းဟန်များဖြင့်ရောယှက်ထားခဲ့သည်ထိုခေတ်ကာလကအခြားနာမည်ကျော်စကော့တလန်ဗိသုကာပညာရှင်များမှာအာချီဘောဆင်ပ်ဆင်နှင့်အလက်ဇန္ဒား မာရှယ်မက်္ကင်ဇီတို့ဖြစ်ကြသည်။ မက္ကင်ဇီ၏ လက်ရာများစွာကိုအဘာဒင်း တွင် ယနေ့တိုင်တွေ့မြင်နိုင်သည်။

ဝိတိုရိယဗိသုကာဟန်ကိုစကော့တလန်ဗိသုကာပညာရှင်များကစတင်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်တစ်ဝန်း ပျံ့နှံ့ကျော်ကြားခဲ့ကာနောင်နှစ်ပေါင်း ၄၀ တိုင်အောင်ခေတ်စားခဲ့သည်။ ၀ိတိုရိယဗိသုကာဟန်၏ပင်မအလေ့အထမှာအတိတ်ကိုထိန်းသိမ်းခြင်းနှင့်ပြန်လည်ဆန်းသစ်ဖော်ထုတ်ခြင်းတို့ဖြစ်သည်။ ၀ိတိုရိယဟန်အပေါ် သြဇာလွှမ်းမှုအမျိုးမျိုးကွဲပြားနေသော်လည်း စကော့တလန်ဗိသုကာပညာရှင်တို့ကမူဗိသုကာဟန်၊ ရည်ရွယ်ချက်နှင့် နေ့စဉ်လူနေမှုဘ၀တို့ကိုအဓိပ္ပာယ်ရှိမည့်နည်းလမ်းတစ်ရပ်ဖြင့်ထူးခြားစွာရောယှက်သည့်နည်းကိုအသုံးပြုကြသည်။

ဝိတိုရိယဗိသုကာဟန်၏ မျိုးကွဲအမျိုးမျိုး-

(က)ဂျက်ကိုဘက်သန် (၁၈၃၀- ၁၈၇၀)

(ခ) ရီနေးဆင်း ရီဗိုက်ဗယ်လ် ( ၁၈၄၀- ၁၈၉၀)

(ဂ) နီယို- ဂရက်ခ် ( ၁၈၄၅- ၁၈၆၅)

(ဃ) ရိုမန်းနက်စ်ရီဗိုက်ဗယ်လ်

(င) စက္ကန်း အင်ပါယာ ( ၁၈၅၅- ၁၈၈၀)

(စ) ကွင်း အန်း ရီဗိုက်ဗယ်လ် (၁၈၇၀- ၁၉၁၀)

(ဆ) စကော့စ်ဘာရိုနီယယ်

(ဇ) ဗြိတိသျှအာ့ထ်အန်ကရပ်ဖ်စ်လှုပ်ရှားမှု (၁၈၈၀- ၁၉၁၀)

ဝိတိုရိယခေတ်အတွင်း ကျော်ကြားခဲ့သည့်အခြားဗိသုကာဟန်များ

ဝိတိုရိယဗိသုကာဟန်နယ်ပယ်အတွင်းမရှိသော်လည်း ၀ိတိုရိယခေတ်မတိုင်မီ စတင်ကျော်ကြားလာခဲ့သည့်ရီဗိုက်ဗယ်လ်ဗိသုကာဟန်များစွာရှိနေပြီး ၁၉ ရာစုအတွင်း အဆိုပါလက်ရာတို့ဖြင့်ဆောက်လုပ်ခဲ့သည့်အဆောက်အအုံများစွာရှိသည်။ ဂါ့သစ်ရီဗိုက်ဗယ်လ် အီတာလျံ နီယိုး ကလပ်စစ်ကယ်

နိုင်ငံတကာသို့ ၀ိတိုရိယဗိသုကာဟန်ပျံ့နှံ့ခြင်း

၁၈ ရာစုအတွင်း အင်္ဂလိပ်လူမျိုး ဗိသုကာပညာရှင်အချို့သည်ကိုလိုနီနိုင်ငံများသို့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြသည်။ ၁၉ ရာစုအတွင်း ဗြိတိသျှအင်ပါယာကြီးကိုအခိုင်အမာတည်ဆောက်ပြီးချိန်တွင်ကား ဗိသုကာပညာရှင်များစွာမှာဗိသုကာပညာရှင်အဖြစ်စတင်ရပ်တည်စကာလမျိုးတွင်ကိုလိုနီနိုင်ငံများ သို့ရွှေ့ပြောင်းနေထိုင်မှုများစွာပြုလုပ်လာခဲ့ကြသည်။ အမေရိကန်ပြည်သို့ခြေချသူများရှိသကဲ့သို့ကနေဒါ၊ သြစတေးလျနှင့်နယူးဇီလန်နိုင်ငံများ သို့ပြောင်းရွှေ့နေထိုင်ကြသူများလည်း ရှိသည်။ အဆိုပါပညာရှင်များက ၄င်းတို့အင်္ဂလန်ကိုကျောခိုင်းစဉ်ကျော်ကြားနေသည့်ဗိသုကာ ဟန်များ ကိုဆောင်ကျဉ်းသွားကြခြင်းဖြစ်ရာ ၀ိတိုရိယ ဗိသုကာဟန်မှာ ကမ္ဘာတစ်ဝန်းပျံ့ နှံ့ခဲ့ရတော့သည်။ ၁၉ ရာစုအလယ်ပိုင်းတွင်ကား သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးနယ်ပယ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာရာ The Builder ကဲ့သို့ မဂ္ဂဇင်းမျိုးကို ဗြိတိသျှအင်ပါယာ၏ အစွန်အဖျားဒေသများ အထိ ဖြန့်ဝေရောက်ရှိနိုင်ခဲ့သဖြင့် ကိုလိုနီနိုင်ငံများသို့ရောက်ရှိခြေချနေသောဗိသုကာပညာရှင်များ အတွက်နောက်ဆုံးခေတ်စားနေသည့်ဗိသုကာဟန်များကိုခေတ်နှင့်အမီလိုက်ပါသိရှိနိုင်ခဲ့ကြသည်။

သို့အတွက်ပင် အင်္ဂလန်၏ဗိသုကာဟန်သည် ၁၉ ရာစုတစ်လျှောက် ကမ္ဘာတစ်ဝန်းပျံ့နှံ့ သွားခဲ့ခြင်း ဖြစ်သည်။

ထင်ရှားသည့်ဗိသုကာပညာရှင်များစွာသည် အင်္ဂလန်မှမြစ်ဖျားခံသည့်ဗိသုကာဟန်အဆောက်အအုံများစွာကို ကမ္ဘာတစ်ဝန်းတွင် ဆောက်လုပ်ခဲ့ကြရာဗိသုကာပညာရှင် ၀ီလျံ ဘတ္ထာဖီးလ်ဒ် (အဒဲလေ့ဒ်ရှိစိန့်ပီတာဘုရားကျောင်းကြီးဖြင့်ထင်ရှား) ၊ ဂျက်ကော့ဘ် ရေး မိုးလ်ဒ် ( နယူး ယောက်မြို့ကြီးရှိအဆောက်အအုံများစွာကိုဆောက်လုပ်ခဲ့သူ) တို့ အပါအ၀င် ဖြစ်သည်။ ၀ိတိုရိယ ဗိသုကာဟန်သည်သြစတေးလျတွင်လည်း တစ်ခေတ်ထွန်းခဲ့ရာ ၁၈၄၀ ပြည့်နှစ်မှ ၁၈၉၀ ပြည့်အထိဖြစ်သည်။ အဆိုပါကာလအတွင်း သြစတေးလျနိုင်ငံ၊ ၀ိတိုရိယပြည်နယ်တွင်ရွှေရှာသည့်ခေတ်ကြီး ပေါ်ထွန်းခဲ့ပြီး အခြေချနေထိုင်သူများစွာမြင့်တက်လာခဲ့သည့်ကာလဖြစ်သည်။

ထိုစဉ်ကခေတ်စားခဲ့သည့်ဗိသုကာဟန်များမှာ-

(၁)အကဲဒမစ်ကလပ်စစ်ကယ်၊ (၂) မန်နာရစ်စ်၊ (၃) ရိုမန်းနက်စ်၊ (၄) ဖရီး ဂေါ့သစ်၊ (၅) ၀ိတိုရိယ ရီဂျင်စီ၊ (၆) ဖရီး ကလပ်စစ်ကယ်၊ (၇) စက္ကန်း အင်ပါယာ၊ (၈) တူးဒေါ်၊ (၉) ရပ်စ်တစ် ဂေါ့သစ်၊ (၁၀) အီဂျစ်ရှင်း၊ (၁၁) ဖီလီဂရီး၊ (၁၂) အီတာလျံ၊ (၁၃) အကဲဒမစ် ဂေါ့သစ်၊ (၁၄) ကာပန်တာ ဂေါ့သစ်တို့ဖြစ်ကြသည်။

ဖက်ဒရေးရှင်းခေတ်ဟုခေါ်သော ၁၈၉၀ ပြည့်နှစ်မှ ၁၉၁၅ ခုနှစ်အကြားတွင်မူအာ့ထ်အန်ကရပ်ဖ်နှင့်ကွင်း အန်း ဗိသုကာဟန်တို့ခေတ်စားခဲ့သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service