Doing Business စာရင်းတွင် မြန်မာအဆင့်တက်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့် ဆောင်ရွက်ရမည်ဟုဆို

Doing Business စာရင်းတွင် မြန်မာအဆင့်တက်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့် ဆောင်ရွက်ရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
2 Nov 2018 11:40 am တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဘဏ်က ၂၀၂၀ အတွက် ထုတ်ပြန်သော စီးပွားရေး လုပ်ကိုင်ရအလွယ်ဆုံး နိုင်ငံများ (Doing Business) စာရင်းတွင် အဆင့်တက်လာရန် ပြု ပြင်ပြောင်းလဲမှုများ အရှိန်အဟုန် မြှင့် ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဦအောင်နိုင်ဦးက ပြောသည်။

အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်သည့် ၂၀၁၉ အတွက် Doing Business စာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၁၇၁) ၌ ရပ်တည်နေပြီး ယခုနှစ်အဆင့် သတ်မှတ်ချက်အတိုင်း ဆက်ရှိ နေသည်။

Doing Business စာရင်းအ တွက် ကမ္ဘာ့ဘဏ်က စစ်တမ်း ကောက်ယူချိန်တွင် စီးပွားရေး ကဏ္ဍ၌ ပြုပြင်ပြောင်းလဲမှုအချို့ ကျန်ရှိနေခြင်းက မြန်မာနိုင်ငံ၏ အဆင့်ရပ်တည်မှု မပြောင်းလဲ ခြင်းဟု ဦးအောင်နိုင်ဦးကဆို သည်။

နိုင်ငံ့စီးပွားရေး ကဏ္ဍတွင် အကြီးမားဆုံးပြောင်းလဲမှုများထဲ မှတစ်ခုဖြစ်သော သြဂုတ် ၁ ရက် ၌ စတင်သည့် ကုမ္ပဏီမှတ်ပုံတင်ဥပဒေနှင့် အွန်လိုင်းမှတ်ပုံ တင်စနစ်ကို ကမ္ဘာ့ဘဏ်၏ စစ် တမ်းကောက်ယူမှု၌ မပါဝင် ကြောင်း ၎င်းကပြောသည်။ ကမ္ဘာ့ ဘဏ်က စစ်တမ်းကောက်ယူမှုကို ၂၀၁၈ မေလတွင် ပိတ်သိမ်းခဲ့ သည်ဟု ဦးအောင်နိုင်ဦးဆိုသည်။

‘‘ပြုပြင်ပြောင်းလဲမှုတွေကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပြိုင်အ ဆိုင်လုပ်နေတဲ့ အနေအထားမှာ အာဆီယံနဲ့ ယှဉ်ပြောရင်ကျွန် တော်တို့နိုင်ငံက ပြန်မကျသွား ဘူး။ အရင်အတိုင်းပဲ’’ ဟု ဦး အောင်နိုင်ဦးကပြောသည်။

နိုင်ငံတစ်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်မည် ဆိုပါက ဦးစွာ Doing Business စာရင်းကို စီးပွားရေးလုပ်ငန်းရှင် များက လေ့လာသည်။ Doing Business စာရင်းအဆင့် (၁) သည် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံ အဖြစ်ကမ္ဘာ့ဘဏ်က သတ်မှတ် ခြင်းဖြစ်သည်။

Doing Business စာရင်း တွင် အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအ၀င် အဆင့် အပြောင်းအလဲ မရှိသည့် နိုင်ငံ နှစ်နိုင်ငံရှိသည်။ ယခုနှစ် Doing Business စာရင်းတွင် အဆင့် (၂) နေရာရရှိထားသော စင်ကာပူ နိုင်ငံက ၂၀၁၉ အတွက်ထုတ် ပြန်သည့် စာရင်းတွင် အဆင့် (၂) နေရာ၌ ဆက်လက်ရပ်တည်နေ သည်။

၂၀၁၉ အတွက် ထုတ်ပြန် သော Doing Business စာရင်း တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနက် မလေးရှားနှင့် ဘရူနိုင်း နိုင်ငံက အဆင့်မြင့်တက်ပြီး ထိုင်းနိုင်ငံ အပါအ၀င် ကျန် ခြောက်နိုင်ငံက အဆင့်ကျဆင်း ခဲ့သည်။

ကမ္ဘာ့ဘဏ်၏ Doing Business စာရင်းသည် ကဏ္ဍ ၁၀ ခုဖြင့်နိုင်ငံတစ်နိုင်ငံ၏ စီးပွား ရေးပြုပြင်ပြောင်းလဲမှုကို တိုင်းတာသည့် စစ်တမ်းတစ်ခုဖြစ် သည်။ ၂၀၁၉ အတွက် မြန်မာ နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်း များစတင်ခြင်း ကဏ္ဍတွင် အဆင့် (၁၅၅) မှ (၁၅၂) လျှပ်စစ်ဓာတ် အားရရှိမှုနှင့် ပတ်သက်၍ အ ဆင့် (၁၅၁) မှ (၁၄၄) သို့မြင့် တက်ခဲ့သည်။ စာချုပ်စာတမ်း များ အသက်ဝင်ခြင်းကဏ္ဍက အဆင့်အပြောင်းအလဲ မရှိဘဲ ကျန်ကဏ္ဍများက ကျဆင်း ကြောင်း ဦးအောင်နိုင်ဦးကပြော သည်။

လက်ရှိအစိုးရသည် ကျန်ရှိ နေသည့် သက်တမ်းအတွင်း Doing Business စာရင်းတွင် ရပ်တည်မှုအဆင့်(၁၀၀) အောက် အဆင့်မြင့်တက်ရန် ရည်မှန်း ဆောင်ရွက်နေသည်။ ၂၀၁၇ ကစတင်၍ အဆင့်မြင့်တက်ရေး ဆောင်ရွက်ချက်များကို အစိုးရက အားစိုက်လုပ်ကိုင်ခဲ့သည်။

‘‘Doing Business က လွယ်ကူမှုအဆင့်တက်ပြီးလုပ်ရ တာလွယ်ကူရင် ပြည်တွင်း၊ ပြည် ပ Investors အားလုံးအတွက် ဆွဲဆောင်နိုင်တာပေါ့။ ဒါ့အပြင်

စီးပွားရေးကလည်း ပိုမိုသွက် လက်စွာ လှုပ်ရှားနေတော့တိုင်း ပြည်အတွက် ဖွံ့ဖြိုးမှုကို အချိန်တို အတွင်း ပိုပြီးလုပ်နိုင်တာပေါ့’’ ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောသည်။

လက်ရှိ ထုတ်ပြန်သည့် ၂၀၁၉ အတွက် Doing Business စာရင်းတွင် မြန်မာနိုင်ငံအဆင့် ရပ်တန့်နေခြင်းက စီးပွားရေးအရ လွယ်ကူအောင် ပြုပြင်ပြောင်းလဲ မှုများ ထိရောက်စွာမဆောင် ရွက်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ ကပြောသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service