ကမာၻေပၚတြင္အလွပဆံုးအေဆာက္အအံုႀကီးမ်ား

ကမာၻေပၚတြင္အလွပဆံုးအေဆာက္အအံုႀကီးမ်ား - Property News in Myanmar from iMyanmarHouse.com
2 Nov 2018 11:02 am တွင် တင်ခဲ့သည်
2562 ကြိမ် ကြည့်ရှု့ပြီး

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့အခြေစိုက်ကမ္ဘာကျော် ခရီးသွားလမ်းညွှန်စာအုပ်ထုတ်ဝေရေး ကုမ္မဏီ Lonely Planet က ကမ္ဘာတစ်ဝန်းရှိအသက်ရှုမှားဖွယ်ဗိသုကာလက်ရာများကိုထုတ်ဖော်ပြသခဲ့သည်။ ၎င်းတို့၏ အဆိုအရအောက်ဖော်ပြပါအဆောက်အအုံကြီးများမှာကမ္ဘာပေါ်တွင်အလှပဆုံး အဆောက်အအုံများဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အချက်အလက်များအရ Lonely Planet သည်ခရီးသွားလမ်းညွှန်စာအုပ်ပေါင်း သန်း ၁၂၀ ကျော်ရောင်းချခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။ ထုတ်ဝေသည့်ပုံစံများမှာ လမ်းညွှန်စာအုပ်များ၊ မဂ္ဂဇင်း နှင့်မိုဘိုင်း အပလီကေးရှင်းတို့ဖြစ်ကြသည်။

တရုတ်ပြည်တောင်ပိုင်း၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သောမက္ကာအိုရှိ ဂရန်း လစ္စဘိုအာဟိုတယ်ကြီး

(Grand Lisboa, Macau)

လစ္စဘိုအာဟိုတယ်ကြီးသည် ဟိုတယ်ခန်းပေါင်း ၄၀၀ ခန့်ပါဝင်သည့် မိုးမျှော်အဆောက်အအုံကြီးဖြစ်ပြီး ကြာပွင့်ကြီး သဏ္ဌာန် ဆောက်လုပ်ထားသည်။

သမားရိုးကျမဟုတ်သောအရောင်အသွေးနှင့်ပုံပန်း သဏ္ဌာန်မှာ မျက်စိပသာဒဖြစ်ဖွယ်ပင်ဖြစ်၏။

လစ္စဘိုအာဟိုတယ်ကြီးသည်အမြင့် ၈၅၆ ပေရှိပြီး အထပ်ပေါင်း ၄၇ ထပ်ပါဝင်ကာ တရုတ်ဘာသာအားဖြင့် ရှင်းဖူကျင်းဟု ခေါ်ဆိုကြသည်။

မက္ကာအိုရှိနာမည်ကျော်သူဌေးကြီး စတန်လေဟိုမိသားစု၏ STDM ကုမ္မဏီကပိုင်ဆိုင်ပြီး ဟောင်ကောင်ဗိသုကာပညာရှင်များဖြစ်သော ဒင်းနစ်လော်နှင့်နန့်ချင်မန်း တို့က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။

၂၀၀၈ ခုနှစ် ၊ ဒီဇင်ဘာတွင် ဟိုတယ်ကိုစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း စားသောက်ဆိုင်များနှင့်ကာစီနိုလောင်း ကစားဝိုင်းများကိုမူ ၂၀၁၇ ခုနှစ်ကတည်းက ဖေဖော်ဝါရီ လ ၁၁ ရက်ကတည်းကဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်း ကာစီနိုဝိုင်းတွင် လောင်းကစား စားပွဲပေါင်း ၈၀၀ ကျော်နှင့်လောင်းကစားစက်ပေါင်း ၁၀၀၀ ကျော်ထည့်သွင်းပေးထားသည်။ ဂရန်း လစ္စဘိုအာသည်မက္ကာအိုတွင်အမြင့်မားဆုံးအဆောက်အအုံတစ်ခုလည်း ဖြစ်သည်။ ဟိုတယ်ကြီးရှိအခြားထူးခြားချက်တစ်ခုမှာကမ္ဘာပေါ်တွင်အကြီးမားဆုံး စိန်ကြီးတစ်လုံးကိုပြသထားခြင်းဖြစ်၏။ The Star of Stanley Ho ဟု အမည်ပေးထားသည့်စိန်ကြီးသည် ၂၁၈ ဒသမ ၀၈ ကာရက်ရှိပြီး လေးထောင့်စပ် စပ်သဏ္ဌာန်၊ အရောင်မဲ့စိန်များအနက်ကမ္ဘာပေါ်တွင်အကြီးမား ဆုံးဖြစ်ကြောင်း အမေရိကန်ကျောက်မျက်သိပ္ပံကထုတ်ပြန်ထား သည်။

စိန့်ဘေဆယ်လ်ဘုရားကျောင်း

(St Basil s Cathedral, Russia)

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၏ နာမည်ကျော်ရင်ပြင်နီတွင်တည်ရှိသည့်စိန့်ဘေဆယ်လ်ဘုရားကျောင်းကြီးသည်ကမ္ဘာပေါ် ရှိအထူးခြားဆုံးအဆောက်အအုံများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး တစ်ကြိမ်မြင်ရုံဖြင့်မှတ်မိလွယ်သည့်အဆောက်အအုံကြီးဖြစ်သည်။

၁၅၅၅ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၆ နှစ်ကြာဆောက်လုပ်ခဲ့ရကာ ၁၅၆၁ ခုနှစ်၊ဇူလိုင်လ ၁၂ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည်။

ဆောက်လုပ်ပြီးစီးခဲ့စဉ်ကာလများကမော်စကိုတွင်အမြင့်မားဆုံးအဆောက်အအုံကြီးအဖြစ်စံချိန်တင်ခဲ့၏။

ကောင်းကင်ယံသို့လွှင့်တက်နေသည့်မီးတောက်သဖွယ်အမိုးခုံးများကိုပုံဖော်ထားပြီး ရုရှားတွင်အလားတူပုံစံမရှိသည့်တစ်ခုတည်းသောအဆောက်အအုံဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံအတွင်းပိုင်းရုရှားနှင့်နယ်နိမိတ်ထိစပ်နေသည့်ဒေသတွင်စိန့်ဘေဆယ်လ်ဘုရားကျောင်းအတိုင်း ပုံတူဆောက်လုပ်ထားသည့်အဆောက်အအုံကြီးတစ်ခုရှိပြီး သိပ္ပံပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။

အင်္ဂလန်နိုင်ငံရှိရေချိုးအိမ်

(Roman Baths, England)

အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ခရိုင်၊ ဘာ့သ်မြို့ရှိ ရိုမန် ဘာ့သ်ရေချိုးအိမ်မှာကမ်္ဘာကျော်သည်။ ဗြိတိန်၏ အထင်ရှားဆုံး သမိုင်းဝင် နေရာများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်ပေါင်း တစ်သန်းကျော်လာရောက်လည်ပတ်လေ့ရှိသည့်နေရာဖြစ်သည်။

ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၆၀ မှ ၇၀ အကြား စတင်ဆောက်လုပ်ခဲ့သည့်အဆောက်အအုံဖြစ်ပြီး အင်္ဂလန်ကိုရောမတို့သိမ်းပိုက်ခဲ့စဉ်ကာလအတွင်း ပြောင်းလဲမွမ်းမံဆောက်လုပ်မှုများ ရှိခဲ့သည်။

၅ ရာစုနှစ်တွင်ဗြိတိန်မှရောမတို့ထွက်ခွာသွားပြီးနောက်ပိုင်း ရိုမန်ဘာ့သ်ရေချိုးအိမ်မှာ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ၆ ရာစုနှစ်တွင်မူရေလွှမ်းမိုးမှုကြောင့်မူရင်း ရိုမန်ဘာ့သ်အဆောက်အအုံပျက်စီးသွားခဲ့သည်။

၁၂ ရာစုတွင်မူပြန်လည်ဆောက်လုပ်မှုများပြုလုပ်ခဲ့၏။ ရိုမန်ဘာ့သ်ရေချိုးအိမ်တွင် တွေ့ရမည့်ထူးခြားချက်တစ်ရပ်မှာကျိန်စာတိုက်ထားသည့်ကျိန်စာပြား အချပ်ရေ ၁၃၀ ကျော်ရှိနေခြင်းဖြစ်သည်။

ရောမခေတ်ကရေချိုးအိမ်တွင်ရေချိုးနေစဉ် အ၀တ်အစား များ အခိုးခံရသောကြောင့်ခိုးယူသွားသည့်သူခိုးကိုကျိန်စာတိုက်ခဲ့ကြသည့်ကျိန်စာပြားချပ်များ ဖြစ်ကြသည်။

ပေါ်တူဂီရှိပီနာပဲလေ့စ်ရဲတိုက်ကြီး

(Pena Palace, Portugal)

ပေါ်တူဂီနိုင်ငံ၊ လစ်္စဘွန်းမြို့၊ စင်ထရာအရပ်သည် စိတ်ဝင်စားဖွယ်ရာနေရာများ ပြည့်လျှမ်းနေသည့်နေရာတစ်ခုဖြစ်၏။

စင်ထရာမြို့ကလေးကိုစီးမိုးနေသည့်စင်ထရာတောင်တန်းကြီးပေါ်တွင်ပီနာပဲလေ့စ်အမည်ရှိရဲတိုက်ကြီး တစ်ခုတည်ရှိသည်။

၁၉ ရာစုနှစ်ရိုမန့်တစ်ဆစ်ဇင်ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားပြီး အသက်ရှုမှားဖွယ်မြင်ကွင်းများ ပိုင်ဆိုင်ထား သည်။ ပီနာပဲလေ့စ်ရဲတိုက်ကြီးကို ယူနက်စကိုကကမ္ဘာ့သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပေါ်တူဂီ ၏ အံ့ဖွယ် ၇ ပါးတွင် တစ်ခုအပါအ၀င်လည်းဖြစ်သည်။ ပေါ်တူဂီသမ္မတနှင့်အခြားထိပ်တန်းခေါင်းဆောင်တို့ကနိုင်ငံတော်အခမ်းအနားများ ကျင်းပရာတွင်မကြာခဏအသုံးပြုလေ့ရှိကြသည်။

ဗယက်နမ်ရှိ ဟန်င ဧည့်ဂေဟာ

(Hang Nga Guesthouse, Vietnam)

ဗီယက်နမ်နိုင်ငံ ၊ လန်ဒေါင်းပြည်နယ်၏မြို့တော် ဒါးလက်တွင် တည်ရှိသော ဟန်င ဧည့်ဂေဟာကို ဗီယက်နမ်တွင် ဗီသူဟန်ငါးဟု ခေါ်ဆိုကြသည် ။

ရူးသွပ်မှုစံအိမ်ဟု အဓိပ္ပယ်ပြီး တရုတ်ဘာသာတွင်မူ ဟန်ငသည် လနတ်သမီးဖြစ်၏ ။ အဆောက်အအုံးကြီးတစ်ခုလုံး၏ ယေဘုယျဒီဇိုင်းမှာ သစ်ပင်ကြီးတစ်ပင်ဟန်ဖြစ်ပြီး အတွင်းပိုင်းတွင် တိရစ္ဆာန် ၊ မှို ၊ ပင့်ကူအိမ် ၊ လှိုဏ်ဂူအစရှိသည့် ပုံသဏ္ဍန်အမျိုးမျိုး ပုံဖော်ဆောက်လုပ်ထားသည် ။

အိတ်ဟ်ပရက်ရှင်းနစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည် ။

ဖွင့်စကတည်းက ဆန်းပြားလှသည့်ဗိသုကာဟန်ကြောင့် တဟုန်ထိုးနာမည်ကျော်သွားပြီး ခရီးသွားလမ်းညွှန်စာအုပ်များစွာတွင် ထည့်သွင်းဖော်ပြခံခဲ့ရပြီး တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတွင်လည်း ကမ္ဘာပေါ်တွင်အဆန်းပြားဆုံး အဆောက်အအုံတစ်လုံးအဖြစ် ဖော်ပြခဲ့သည် ။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service