ခေတ်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အိမ်တွင်း ဝန်ဆောင်မှုလုပ်ငန်း

ခေတ်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အိမ်တွင်း ဝန်ဆောင်မှုလုပ်ငန်း - Property News in Myanmar from iMyanmarHouse.com
1 Nov 2018 11:20 am တွင် တင်ခဲ့သည်
1191 ကြိမ် ကြည့်ရှု့ပြီး

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အမျိုးသမီးတွေ ဟာ အိမ်ထဲမှာပဲ နေ့စဉ် အိမ်မှုကိစ္စတွေနဲ့ လုံးထွေးမနေ တော့ဘဲ အမျိုးသားတွေနဲ့တန်းတူ အပြင်ထွက် အလုပ်လုပ် လာကြပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံး အပြင်ထွက် အလုပ်လုပ်ကြရတဲ့အခါ ကိုယ်ခွဲမရှိတဲ့သူတွေအဖို့ ရုံးပိတ်ရက်မှာ အိမ်အလုပ်တွေနဲ့ပဲ အချိန်ကုန် မခံချင်ကြတော့ပါဘူး။

ဒီတော့ အိမ်အလုပ်တွေကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ အချိန်ပိုင်း အိမ်အကူတွေကို ပိုမိုလိုအပ်လာကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ တိုးတက်တဲ့ တခြားနိုင်ငံတိုင်းလိုလို မှာ တည်ရှိနေတဲ့ စီးပွားရေးဈေးကွက်တစ်ခုပဲ ဖြစ်ပါတယ်။

ပွဲစားတွေနဲ့ ဆက်သွယ်ပြီး အိမ်အကူခေါ်မယ်ဆိုရင် တော့ လစာအပြင် နေစရာ၊ စားစရာတွေကိုပါ စီမံပေးရတော့မှာဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှု ပြဿနာတွေ၊လူမှုရေးအရှုပ်အရှင်းတွေနဲ့ ငွေကုန်လူပန်း ဖြစ်ရမှာတွေကြောင့် ကျွမ်းကျင်မှုရှိတဲ့ အချိန်ပိုင်းအိမ်အကူတွေကို ပိုပြီးရှာဖွေလာကြပါတယ်။

အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ "မြန်အံ့" မှာတော့ ကျွမ်းကျင်တဲ့ အိမ်အကူတွေအပြင် ယုံကြည် စိတ်ချရတဲ့service provider တွေကိုပါ တစ်နေရာတည်းမှာရှာဖွေပြီး ဝန်ဆောင်မှုရယူနိုင်ပါတယ်။

ယုံကြည်ရပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့သူတွေကို ဘယ်မှာရှာရမလဲ မသိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒီလုပ်ငန်းကို စဖြစ်ခဲ့တယ်လို့ "မြန်အံ့" အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ကိုအောင်ပိုင်က ပြောပါတယ်။

ဒီလုပ်ငန်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီးတော့ အခုဆိုရင်တော့ သုံးစွဲသူပေါင်း ၁ဝ၀ဝ ကျော်ရှိနေပြီဖြစ်ပါတယ်။ အိမ်အကူဝန်ဆောင်မှုကို အသုံးပြုသူက ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီး သုံးစွဲသူအများဆုံး ဝန်ဆောင်မှုအမျိုးအစားဖြစ်တယ်လို့ ကိုအောင်ပိုင်က ပြောပါတယ်။

ဒုတိယသုံးစွဲမှု အများဆုံးကတော့ ရုံးခန်းသန့်ရှင်းရေးတွေပဲဖြစ်ပါတယ်။ လစဉ်၊ အပတ်စဉ် ရုံးခန်းတွေ သန့်ရှင်းဖို့ အတွက် ချိတ်ဆက်ထားတဲ့ ရုံးခန်းကုမ္ပဏီတွေလည်း ရှိနေပါတယ်။

အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းဟာ တခြားနိုင်ငံတွေမှာအောင်မြင်ပြီးသား စီးပွားရေးဈေးကွက်တစ်ခုဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ "မြန်အံ့" အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းက ဈေးကွက်တစ်ခုဖြစ်လာဖို့ အရှိန်ယူနေပြီဖြစ်ပါတယ်။

လူလတ်တန်းစားတွေ၊ အသက် ၂၅ နဲ့ ၃၅ နှစ်ကြား အိမ်ထောင်ရှင်အမျိုးသမီးတွေနဲ့ အကူလိုအပ်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အဓိကရည်ရွယ်ပြီး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ ကိုအောင်ပိုင်က ပြောပါတယ်။

"မြန်အံ့"ရဲ့ အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းမှာတော့ အချိန်ပိုင်း အိမ်အကူဝန်ဆောင်မှုအပြင် လက်သမား၊ ပန်းရန်၊ ဆေးသုတ်တာ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်တာ၊ ဒိုဘီ(အဝတ်လျှော်၊ မီးပူတိုက်)၊ အိမ်ပြောင်း အိမ်ရွှေ့ သန့်ရှင်းရေး၊ အလူမီနီယံတပ်ဆင်တာ၊ CCTV တပ်ဆင်တာ၊ လျှပ်စစ်မီး၊ ရေပိုက်ပြုပြင်တပ်ဆင်တာစတဲ့ဝန်ဆောင်မှုတွေလည်း ရှိပါတယ်။

နောက်ပိုင်းမှာ သက်ကြီးရွယ်အိုနဲ့ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ လူနာတွေအတွက် ကျွမ်းကျင်သူနာပြုတွေကို အချိန်ပိုင်းဝန်ဆောင်မှု ရယူနိုင်အောင် ထည့်သွင်းသွားဖို့အစီအစဉ်ရှိတယ်လို့လည်း ကိုအောင်ပိုင်က ပြောပါတယ်။

"မြန်အံ့"ရဲ့ ရေပိုက်ပြင်ဆင်တဲ့ ဝန်ဆောင်မှုကို အသုံးပြုဖူးတဲ့ ကိုသက်ဦးဇာနည်ကတော့ တကယ်လိုအပ်နေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ဝန်ဆောင်မှု လာပေးတဲ့အတွက် တော်တော်အဆင်ပြေတယ်လို့ ဆိုပါတယ်။

ဝန်ဆောင်မှုအသုံးပြုသူတွေအတွက် ဝန်ဆောင်မှု အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အဆင်ပြေကြပေမဲ့အိမ်အကူဝန်ဆောင်မှုမှာတော့ မကြာခဏနောက်ကျလေ့ ရှိတဲ့အတွက် အဆင်မပြေတဲ့သူတွေလည်း ရှိနေပါတယ်။

အိမ်တစ်အိမ်ကနေ တစ်အိမ်ကို ပြောင်းရွှေ့ကြတဲ့အခါ အိမ်ပြောင်းရွှေ့ပေးတဲ့ ဝန်ဆောင်မှု အဖွဲ့အစည်းတွေ ရှိတဲ့အတွက် အထုပ်အပိုးတွေကို အသင့်ပြင်ဆင်ထုပ်ပိုးထားပေးလိုက်ရုံနဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။

အခုအခါမှာတော့ အိမ်ပြောင်းရွှေ့ပေးတဲ့ လုပ်ငန်းအပြင် အိမ်အသစ်ကို သန့်ရှင်းရေး(deep cleaning)လုပ်ဖို့အတွက်ပါ အချိန်ကုန်လူပန်း စိတ်ရှုပ်ခံစရာမလိုဘဲ အိမ်တွင်းဝန်ဆောင်မှုအဖွဲ့ကို ဖုန်းဆက်လိုက်ရုံနဲ့ ဝန်ဆောင်မှုရယူနိုင်ပြီမို့ အလုပ်များပြီး လူခွဲမရှိတဲ့သူတွေအဖို့ အတော်အတန်အဆင်ပြေလာတယ်လို့ ဆိုရမှာပါ။

"အစကတော့ အိမ်အကူတွေက တကယ်လို့ ပစ္စည်းခိုးရင်တို့၊ ပြီးစလွယ်လုပ်သွားရင် ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားသေးတယ်၊ တကယ်ခေါ်ကြည့်လိုက်တော့ တော်တော်အဆင်ပြေတယ်။ အိမ်ကိုလည်း သေချာရှင်း တယ်၊ စကားပြောရတာလည်း အဆင်ပြေတယ်"လို့ မကြာသေးခင်ကမှ အချိန်ပိုင်းအိမ်အကူ ဝန်ဆောင်မှုယူခဲ့တဲ့ ကိုကျော်ဇင်က ပြောပါတယ်။

နှစ်စဉ် မြန်မာနိုင်ငံကနေ တခြားနိုင်ငံတွေကို အိမ်အကူလုပ်ငန်းအပြင် တခြားအခြေခံလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သွားရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ များစွာရှိနေပါတယ်။

နိုင်ငံအတွင်းမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို သုံးစွဲတဲ့သူတွေ များလာတာနဲ့အမျှ ဝန်ဆောင်မှုပေးသူတွေ တစ်နည်းအားဖြင့် အခြေခံလုပ်သားတွေဟာ တခြားနိုင်ငံ တွေကိုသွားပြီး အလုပ်လုပ်စရာမလိုဘဲ ကိုယ့်နိုင်ငံထဲမှာပဲ ဝင်ငွေသင့်တင့်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိလာမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က အလုပ်ပေးနိုင်လို့ ဝမ်းသာတယ်။ သူတို့ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် သူတို့ရဲ့ဝင်ငွေ တွေလည်း ပိုကောင်းလာမယ်"လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

ဝန်ဆောင်မှုပေးသူတွေအတွက် ပညာအရည်အချင်း ကို ကန့်သတ်ထားခြင်းမရှိဘဲ ကျွမ်းကျင်ရာအလုပ်ကို လုပ်ခွင့်ရမှာဖြစ်တဲ့အပြင် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် လုပ်ငန်းခွင်မှာ ကျွမ်းကျင်စေဖို့ စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတယ်လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

ဝန်ဆောင်မှုရယူမယ့်သူတိုင်း စဉ်းစားကြတဲ့ အချက်တစ်ချက်ကတော့ ဈေးနှုန်းကြီးမြင့်ခြင်းပြဿနာပဲ ဖြစ်ပါ တယ်။ အချိန်ပိုင်း အိမ်အကူခေါ်မယ်ဆိုရင်တော့ သုံးနာရီ ဝန်ဆောင်မှုပေးမယ့် အကူတစ်ယောက်ကို ငွေကျပ် ၇ဝ၀ဝ၊ နှစ်ယောက်ကို ကျပ် ၁၄ဝ၀ဝ ကျသင့်မှာ ဖြစ်ပြီး ခြောက်နာရီကြာ ဝန်ဆောင်မှုပေးမယ့် အိမ်အကူတစ်ယောက်ကို ကျပ် ၁၃ဝ၀ဝ နဲ့ နှစ်ယောက်ကို ကျပ် ၂၆çဝ၀ဝ ကျသင့်မှာ ဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာဆိုရင်တော့ သုံးနာရီ အကူအတွက် ပုံမှန်ထက် ကျပ် ၁ဝ၀ဝ ပိုပေးရပြီးခြောက်နာရီအကူအတွက် ကျပ် ၂ဝ၀ဝ ပိုပေးရပါတယ်။အချိန်ပိုင်း အိမ်အကူတွေအပြင် အလ·နဲ့ တခြားအခမ်းအနားတွေအတွက်လည်း ခေါ်ယူလို့ရတဲ့အပြင် ယောကျာ်းလေး၊ မိန်းကလေးသီးသန့် လိုချင်သူတွေအတွက်လည်းခေါ်ယူနိုင်ပါတယ်။

လုပ်သားကျွမ်းကျင်မှု၊ လုံခြုံရေးစိတ်ချရမှု စတဲ့ အာမခံချက်တွေကြောင့် ဈေးနှုန်းကြီးမြင့်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

"ဝန်ဆောင်မှုတစ်ခုချင်းစီကို သီးသန့်လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဒီထဲကမှ ရေရှည်ယုံကြည် လက်တွဲလို့ရတဲ့သူတွေ၊ တကယ်အရည်အချင်းရှိတဲ့ သူတွေနဲ့ပဲ ကျွန်တော်တို့လုပ်မယ်"လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

အိမ်တွင်းဝန်ဆောင်မှုလုပ်ငန်းဟာ သီးသန့်စီ တည်ရှိနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ချိတ်ဆက်ပြီး သုံးစွဲသူနဲ့ ဝန်ဆောင်မှုပေးသူကြား အဆင်ပြေအောင် ပေါင်းကူးဆက်သွယ်ပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် သုံးဦးသုံးဖက် အဆင်ပြေလွယ်ကူစေနိုင်ပါတယ်။

တစ်ဖက်မှာလည်း တစ်စုံတစ်ခု ချို့ယွင်းသွားခဲ့မယ်ဆိုရင်တော့ သုံးစွဲသူတွေအတွက် အခက်အခဲဖြစ်နိုင်တာ ကြောင့် လုပ်ငန်းပုံမှန်လည်ပတ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်နေပါတယ်။ နောက်ပိုင်းမှာ ဝန်ဆောင်မှုအသုံးပြုသူ များပြားလာတာနဲ့အမျှ ဒီလုပ်ငန်းဟာ ပိုပြီးတွင်ကျယ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service