ဈေးနှုန်းမြင့်တက်နှုန်းအမြင့်မားဆုံးဇိမ်ခံအိမ်ဈေးကွက် စင်္ကာပူ ဖြစ်လာ

ဈေးနှုန်းမြင့်တက်နှုန်းအမြင့်မားဆုံးဇိမ်ခံအိမ်ဈေးကွက် စင်္ကာပူ ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
1 Nov 2018 10:38 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် ကမ္ဘာတွင် နှစ်ပတ်လည် ဈေးနှုန်းအမြင့်တက်မှုနှုန်း အမြင့်မားဆုံး ဇိမ်ခံအိမ်ဈေးကွက် ဖြစ်လာကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီမှ အောက်တိုဘာ ၃၁ တွင် ထုတ်ပြန်လိုက်သည့် ယခုနောက်ဆုံးသုံးလပတ်အလိုက် ကမ္ဘာ့မြို့များညွှန်းကိန်းစာရင်းအရ သိရသည်။

စင်္ကာပူရှိ ဇိမ်ခံအိမ်ဈေးများသည် ၂၀၁၇ တတိယသုံးလပတ် (၂၀၁၇ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) ထက် ယခုနှစ် တတိယသုံးလပတ် (၂၀၁၈ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) တွင် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသည် စာရင်းတွင် လေ့လာခဲ့သည့် ကမ္ဘာ့မြို့ ၄၃ မြို့အနက် အမြင့်ဆုံးနှုန်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်း ဇိမ်ခံအိမ်ရောင်းလိုအားအကန့်အသတ်ရှိခြင်းနှင့် အားကောင်းသော ဈေးကွက်အလားအလာတို့က စင်္ကာပူရှိ ဇိမ်ခံအိမ်ဈေးများကို မြင့်တက်စေခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ခဲ့သည်။

ယမန်နှစ်စာရင်းတွင် ဈေးနှုန်းမြင့်တက်နှုန်းအမြင့်မားဆုံးဇိမ်ခံအိမ်ဈေးကွက်အဖြစ် နံပါတ် ၁ နေရာရရှိခဲ့သည် ဟောင်ကောင်က ယခုနှစ်စာရင်းတွင် မြင့်တက်နှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့် နံပါတ် ၁၄ နေရာသို့ ကျဆင်းခဲ့သည်။

"ဒီညွှန်းကိန်းစာရင်းအတွက် ၂၀၁၈ က အရေးပါတဲ့ကာလ ဖြစ်ပါတယ်။" ဟု Knight Frank မှ နိုင်ငံတကာလူနေအိမ်သုတေသနရေးရာ မိတ်ဖက် ကိတ်အဲဗရတ်အယ်လန်က ပြောကြားခဲ့သည်။

၎င်းသုံးလပတ်အတွင်း ဈေးနှုန်း မြင့်တက်နှုန်း ကျဆင်းခဲ့သည့် ဈေးကွက် ၁၇ ခုအနက် ၁၃ ခုမှာ အာရှပစိဖိတ်ဈေးကွက်များဖြစ်ကြောင်း သိရသည်။

"မြင့်တက်လာတဲ့ အတိုးနှုန်းတွေ၊ အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေရေး စီမံချက်တွေနဲ့ ကမ္ဘာ့မြင့်တက်နှုန်းအတွက် ပိုဆိုးလာတဲ့ အလားအလာတွေအားလုံးက အာရှပစိဖိတ်ဒေသရဲ့ ဇိမ်ခံအိမ်ဈေးကွက်ကို နှေးကွေးကျဆင်းစေတာဖြစ်ပါတယ်" ဟု Knight Frank ၏ အာရှပစိဖိတ်သုတေသနခေါင်းဆောင် နီကိုးလတ်စ်ဟော့လ်ထ်က ပြောကြားခဲ့သည်။

Knight Frank ၏ အဆိုပါ ယခုနှစ် တတိယသုံးလပတ်ကမ္ဘာ့မြို့များညွှန်းကိန်း စာရင်း၌ နံပါတ် ၁ မှ ၁၀ အထိ ၁၀ မြို့မှာ - ၁။ စင်္ကာပူ ၂။ အီဒင်ဘာ့ဂ် ၃။ မက်ဒရစ် ၄။ ဆန်ဖရန်စစ္စကို ၅။ တိုကျို ၆။ အော့ကလန် ၇။ တိုရွန်တို ၈။ မော်စကို ၉။ ကိပ်တောင်း ၁၀။ ကွမ်ကျိုး တို့ဖြစ်ကြောင်း သိရပါသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service