တပ်သိမ်းမြေဧက တစ်ထောင်ကျော်ကို ဒုသမ္မတတက်ရောက်၍ ပြန်လည်ပေးအပ်

တပ်သိမ်းမြေဧက တစ်ထောင်ကျော်ကို ဒုသမ္မတတက်ရောက်၍ ပြန်လည်ပေးအပ် - Property News in Myanmar from iMyanmarHouse.com
31 Oct 2018 11:56 am တွင် တင်ခဲ့သည်
989 ကြိမ် ကြည့်ရှု့ပြီး

သပိတ်ကျင်းမြို့နယ် တွင် တပ်မတော်က ပြန်လည်စွန့် လွှတ်သော သိမ်းဆည်းမြေဧက တစ်ထောင်ကျော်ကို အောက် တိုဘာ ၃၀ ရက်က ဒုသမ္မတတက် ရောက်ကာ လယ်ယာမြေယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်းခဲ့ပြီး မြေပြန်မရသော သိမ်းဆည်းခံတောင်သူအချို့က စာတင်တိုင်ကြားခဲ့သည်။

တပ်ရင်း၊ တပ်ဖွဲ့များမှ သိမ်းဆည်းကာ စွန့်လွှတ်ထားသော မြေဧက ၂,၆၀၀ ခန့်အနက် စိစစ် ပြီး မြေဧက ၁,၁၀၀ ကျော်ကို တောင်သူ ၁၂၄ ဦးထံ ပုံစံ(၃)ကို သပိတ်ကျင်း မြို့တော်ခန်းမတွင် ပေးအပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးတင်မြင့်ဆွေကပြောကြား သည်။

‘‘စီမံကိန်းဆောင်ရွက်တာ တွေ၊ တပ်ရင်း၊ တပ်ဖွဲ့ ဖွဲ့စည်းပုံ ဆောင်ရွက်တဲ့ အခါတွေမှာ တောင်သူတွေရဲ့ မြေတွေသိမ်း ဆည်းခံခဲ့ရတယ်။ ဒီလိုဆုံးရှုံးနစ် နာမှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ စီမံကိန်းမလုပ်တဲ့ မြေတွေ၊ နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် မရှိတော့တဲ့မြေ တွေ၊ လိုတာထက် ပိုသိမ်းခဲ့တဲ့ မြေတွေကို ပြန်လည်စွန့်လွှတ်ခြင်း ဖြစ်ပါတယ်’’ဟု ဒုသမ္မတဦးဟင် နရီဗန်ထီးယူက လယ်ယာမြေပေး အပ်ပွဲတွင် ပြောကြားသည်။

၂၀၀၀ ပြည့်နှစ်တွင် တပ်မ တော်(၁၁၉)ခြေလျင်တပ်ရင်းက ဖိုကုန်းကျေးရွာအုပ်စုရှိ မြေဧက ၂၅၀ ခန့်ကို တောင်သူ ၃၃ ဦးထံ မှ သိမ်းယူပြီး ယမန်နေ့ ပြန်လည်

စွန့်လွှတ်ပွဲတွင် တောင်သူ ၃၀ ဦးသို့သာ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ ကျေးရွာနေ မြေ ၂၅ ဧကသိမ်းဆည်းခံ တောင်သူ ဦးညီညီက ပြောသည်။

‘‘စိစစ်တဲ့ထဲမှာ ကျွန်တော် တို့ မြေပါတယ်။ အခုပြန်လည် လွှဲပေးတော့ ကျွန်တော်တို့မြေမ ပါဘူး။ ဒုသမ္မတနဲ့ တွေ့ဆုံဖို့ တောင်းတာ ခန်းမထဲကိုတောင် ၀င်ခွင့်မပေးဘူး။ တိုင်ကြားစာ တော့ ထည့်ပေးလိုက်တယ်’’ဟု ဦးညီညီက ပြောသည်။

မန္တလေးတိုင်းတွင် သိမ်း ဆည်းခံမြေများနှင့် ပတ်သက်၍ မြေဧက ၁၅,၈၀၀ ကျော် စွန့်လွှတ် အပ်နှံထားပြီး ဧက ၆,၀၀၀ ကို မူလတောင်သူများထံသို့ ပြန် လည် လွှဲပြောင်းအပ်နှံထားကာ ဧက ၉,၀၀၀ ကျော် စွန့်လွှတ်ရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က အဆိုပါ မြေယာပေး အပ်ပွဲ၌ ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service