ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့၏ နယူးယောက်နေအိမ် တစ်လလျှင် ကန်ဒေါ်လာ ၂၁၅၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ

ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့၏ နယူးယောက်နေအိမ် တစ်လလျှင် ကန်ဒေါ်လာ ၂၁၅၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Oct 2018 11:42 am တွင် တင်ခဲ့သည်
1287 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဂရင်းဝစ်ခ်ျကျေးရွာတွင် ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့ ပိုင်ဆိုင်သော နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၂၁၅၀၀ ဖြင့် အငှားဈေးကွက်တင်လာသည်။

ဂရင်းဝစ်ခ်ျရွာ၊ ဝေ့ဗာလီ ပဲလေ့စ်လမ်း၊ အမှတ် ၁၁၅ တွင် တည်ရှိသည်။

အဆိုပါနေအိမ်သည် ၁၉၉၀ ပြည့်လွန်ကာလများ၏ power couple ဟု တင်စားကြသော ဂျွန်နီဒက်ပ်နှင့် ကိတ်မော့စ်တို့၏ အချစ်ဗိမ္မာန်ဖြစ်ခဲ့ဖူးသည်။

ယင်းနေအိမ်ကို ၁၉၆၀ ပြည့်နှစ်အတွင်း လိုရိုင်း ဟန်းစ်ဘာရီက ဝယ်ယူခဲ့သည်။

ဟန်းစ်ဘာရီသည် “Raisin in the Sun” ကဇာတ်ကို ရေးသားခဲ့သူဖြစ်ပြီး ဘရော့ဒ်ဝေးတွင် ပြဇာတ်တစ်ခု ထုတ်လုပ်ခွင့်ရသည့် ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်သည်။

နောက်ဆုံးအရောင်းဈေးကွက်တင်ခဲ့သည်မှာ လွန်ခဲ့သော ၃ နှစ်ကဖြစ်ပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်၏ အားသာချက်များမှာ ကျယ်ဝန်းမှု၊ တစ်ကိုယ်ရေလွတ်လပ်မှု၊ နယူးယောက်၏ အလှပဆုံးနှင့် လူကြိုက်အများဆုံးသမိုင်းဝင်နေရာတွင် တည်ရှိခြင်းတို့ ဖြစ်ကြသည်။

၁၉ ရာစုနှစ်အတွင်း ဇာတ်ရုံတစ်ခုအဖြစ် ရည်ရွယ်ကာ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စူပါမော်ဒယ်ကိတ်မော့စ်က ဂျွန်နီဒက်ပ်နှင့် ချစ်ကြိုက်နေစဉ်ကာလတလျှောက် အဆိုပါနေအိမ်ကြီးတွင် နေထိုင်ခဲ့သည်။

၂ ထပ်ခွဲအဆောက်အအုံကြီးဖြစ်ပြီး ၁၇ ပေမြင့်မားသည့် မျက်နှာကြက်၊ ထင်းသုံးမီးလင်းဖို အစရှိသည့် မူရင်းလက်ရာများ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

Stribling ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင်များဖြစ်သော မာရီ အယ်လင် ကက်ရှ်မန်းနှင့် လက်စ်လီ ဒေးဗစ်ဆန်တို့က ဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

ဂျွန်နီဒက်ပ်သည် အမေရိကန်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီး ၁၉၆၃ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် မွေးဖွားသည်။

၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၇၅ သန်းအထိ ရရှိခဲ့ရာ ဂင်းနက်စ်စံချိန်အဖွဲ့ကြီးက ကမ္ဘာပေါ်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။

Pirates of the Caribbean တွင် ကပ္ပတိန် ဂျက်ခ် စပဲရိုးအဖြစ် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့သည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ်က ထွက်ရှိခဲ့သော Alice in Wonderland မှာလည်း အောင်မြင်မှုများစွာ ရရှိခဲ့သော ဇာတ်ကားကြီးဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service