ဂျပ်စတင် တင်းဘားလိတ်နှင့် ဂျက်ဆီကာဘိုင်ယယ်လ်တို့ဇနီးမောင်နှံက နယူးယောက်ရှိ penthouse ခန်းကို အရှုံးခံ၍ ပြန်လည်ရောင်းချ

ဂျပ်စတင် တင်းဘားလိတ်နှင့် ဂျက်ဆီကာဘိုင်ယယ်လ်တို့ဇနီးမောင်နှံက နယူးယောက်ရှိ penthouse ခန်းကို အရှုံးခံ၍ ပြန်လည်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
31 Oct 2018 11:32 am တွင် တင်ခဲ့သည်
680 ကြိမ် ကြည့်ရှု့ပြီး

ဂျပ်စတင် တင်းဘားလိတ်သည် Soho penthouse ခန်းကို အရှုံးခံကာ ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိသည်။

တင်းဘားလိတ်နှင့် ဂျက်ဆီကာဘိုင်ယယ်တို့သည် အကျော်အမော်များ အခြေချရာ အမှတ် ၄၄၃ ၊ ဂရင်းဝစ်ခ်ျတွင် penthouse ခန်းသစ်တစ်ခုကို ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ကန်ဒေါ်လာ သန်း ၂၀ သုံးစွဲ၍ ဝယ်ယူထားပြီးဖြစ်ရာ မူလအခန်းကို ပြန်လည်ရောင်းထုတ်လာခြင်း ဖြစ်သည်။

တင်းဘားလိတ်တို့ဇနီးမောင်နှံသည် Soho penthouse ခန်းကို မူလက ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။

၂၀၁၀ ပြည့်နှစ်အတွင်းက အဆိုပါအခန်းကို ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းပေးခဲ့ရသည်။

ဈေးကွက်တင်ခဲ့သည့် ၈ လတာကာလအတွင်း တင်းဘားလိတ်တို့ ဇနီးမောင်နှံက ၄ ကြိမ်အထိ ဈေးလျှော့ချပေးခဲ့သည်။

ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၃၅ သန်းဖြစ်ရာ ဝယ်ဈေးအောက် အရှုံးခံရောင်းချလာခြင်းလည်း ဖြစ်သည်။

အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ¬၂၂၀၀ ခန့်ရှိပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းနှင့် အခန်းပတ်လည် လသာဆောင်ပါဝင်ပြီး လသာဆောင်၏ အကျယ်အဝန်းမှာ ၈၅၃ စတုရန်းပေ ရှိသည်။

ဂျပ်စတင် တင်းဘားလိတ် အသစ်ဝယ်ယူထားသော penthouse ခန်းမှာ အိပ်ခန်း ၄ ခန်းသာ ပါဝင်သော်လည်း လသာဆောင်မှာမူ ယခုရောင်းထုတ်သည့်အခန်းထက် များစွာပိုမိုကျယ်ဝန်းသည်။

မျက်နှာကြက်များမှာ ၁၀ ပေခန့်အထိမြင့်မားပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသည့် ပြတင်းပေါက်များတွင် အီလက်ထရောနစ် အလင်းကာစနစ် တပ်ဆင်ထားသည်။

ဓာတ်ငွေ့သုံးမီးလင်းဖိုတစ်ခုအပြင် ဝိုင်သိုလှောင်ခန်းတစ်ခုပင် ထည့်သွင်းပေးထားသေးသည်။

ဂျပ်စတင် တင်းဘားလိတ်က ယခုအခန်းကို အရှုံးခံ၍ ဈေးကွက်တင်ခြင်းတွင် အခြားအကြောင်းရပ်တစ်ခုလည်း ရှိနေသေးသည်။

အသစ်ဝယ်ယူထားသော penthouse ခန်းကို ကန်ဒေါ်လာ ၂၇ သန်းဖြင့် ဈေးခေါ်ကာ ဈေးကွက်တင်ထားခြင်းကြောင့် ဖြစ်၏။

အဆိုပါအခန်းကို ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ သန်း ၂၀ သာပေးခဲ့ရရာ ခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက ကန်ဒေါ်လာ ၇ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service