ကျောက်ဖြူအထူးစီးပွားရေးဇုန် မူဘောင်သဘောတူညီမှု နိုဝင်ဘာ ၈ ရက်တွင် တရုတ်ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးမည်

ကျောက်ဖြူအထူးစီးပွားရေးဇုန် မူဘောင်သဘောတူညီမှု နိုဝင်ဘာ ၈ ရက်တွင် တရုတ်ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
31 Oct 2018 10:21 am တွင် တင်ခဲ့သည်
2492 ကြိမ် ကြည့်ရှု့ပြီး

ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရခိုင်ပြည်နယ်ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံကိန်းပထမအဆင့် အကောင်အထည်ဖော်ရန် တရုတ် အစိုးရပိုင် CITIC နှင့် မြန်မာအ စိုးရတို့ကြား မူဘောင်သဘောတူညီချက် (Framework Agreement) ကို နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

၂ နှစ်ခွဲကျော်ကြာ ညှိနှိုင်းခဲ့ ပြီးနောက် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီကြား ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် လေးဆင့်ဖြင့် အကောင်အထည် ဖော်ရန် သဘောတူညီခဲ့ပြီး မြန်မာဘက်က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဟု ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

‘‘ဒီနိုဝင်ဘာ ၈ ရက်မှာ CITIC နဲ့ ကျောက်ဖြူစီမံခန့်ခွဲရေး ကော်မတီရဲ့အကြားမှာဆိုရင် မူဘောင်သဘောတူညီချက် (Frame Work Agreement) ကို လက်မှတ်ရေးထိုးသွားဖို့ ရှိပါ တယ်’’ဟု ဦးအောင်ထူးက ဆို သည်။

အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ Kempinski Hotel တွင်ပြုလုပ်သော မြန်မာ နိုင်ငံ၏ အီလက်ထရွန်နစ်အသုံး ပြု ကုန်သွယ်ရေးဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှုအပေါ် ဆန်းစစ် ချက်အစီရင်ခံစာ မိတ်ဆက်ဖြန့် ချိပွဲအပြီးတွင် ဒုဝန်ကြီးက မီဒီ ယာများသို့ အထက်ပါအတိုင်း ဖြေကြားသည်။

ရေနက်ဆိပ်ကမ်းတစ်ခုလုံး တည်ဆောက်ရန် ကန်ဒေါ်လာ ၇ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့် မှန်းတွက်ချက်ထားကာ မူလ သဘောတူညီမှုအရ တရုတ်နိုင်ငံ ကုမ္ပဏီ CITIC Group က ၈၅ ရာခိုင်နှုန်းထည့်ဝင်မှုဖြင့် တင်ဒါအောင်မြင်ပြီး မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း ခံစားခွင့် ရရှိထား သည်ဟု ဦးအောင်ထူးက ဆို သည်။

ယင်းသို့ ထည့်ဝင်မှုအချိုးကို နှစ်နိုင်ငံဆက်လက်တွေ့ဆုံညှိနှိုင်းမှုများအရ ကုမ္ပဏီမှ ၇၀ ရာ ခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ ၃၀ ရာ ခိုင်နှုန်းထည့်ဝင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဦးအောင် ထူးက ဆက်လက်ပြောကြားသည်။

‘‘မူလ ၁၅ ရာခိုင်နှုန်းတုန်း ကတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံဘက်ကနေပြီးတော့ ငွေကြေးထည့်ဝင်ဖို့ မရှိဘူး။ ၁၅ ရာခိုင်နှုန်း ဆိုရင်တော့ ကျွန်တော်တို့ဘက် က အချိုးကျထည့်ဝင်ရမယ့် ပမာဏရှိပါတယ်။ အဲဒါကတော့ Project ရဲ့ တန်ဖိုးအပေါ်မူတည် ပြီးတော့ အချိုးကျထည့်ဝင်သွား ရမှာ ဖြစ်ပါတယ်’’ဟု ဦးအောင် ထူးက ပြောသည်။

ဆက်လက်၍ ‘‘ဒါနဲ့ပတ် သက်ပြီးတော့ လက်ရှိအစိုးရလက်ထက်မှာ ပြန်လည်ပြီးတော့ ညှိ နှိုင်းမှုတွေလုပ်ခဲ့ပါတယ်။ အချက် နှစ်ချက်ပေါ့လေ။ တစ်ချက်က တော့ မြန်မာနိုင်ငံဘက်ကနေပြီး တော့ ပိုင်ဆိုင်ပါဝင် လုပ်ကိုင်ဖို့ အချိုးကို ၁၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းတိုးဖို့ဆိုပြီးတော့ စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ နောက်တစ် ချက်က ဒီကျောက်ဖြူရေနက် စီ မံကိန်းရဲ့ လုပ်ငန်းစီမံကိန်းတန်ဖိုး ဟာ ကန်ဒေါ်လာ ခုနစ်ဘီလီယံလောက်ရှိပါတယ်။ ဒါက အရမ်းကိုကြီးမားတဲ့ဟာမျိုး ဖြစ်ပါတယ်။ ဒါကိုအဆင့်လိုက် လေးဆင့်ခွဲပြီးတော့ အကောင်အထည် ဖော်မယ်’’ဟု ဦးအောင်ထူးက ဖြည့်စွက်ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ် ကမ်းနှင့် တွဲဖက်ပါသော အထူး စီးပွားရေးဇုန် စီမံကိန်းအကောင် အထည်ဖော်လျှင် ဒေသခံ ငါးသိန်းခန့်အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ၂၀၁၇ ဧပြီ ၂၉ ရက် တွင် စစ်တွေမြို့ခံများနှင့် တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။

ယင်းသို့ အလုပ်အကိုင် အခွင့်အလမ်းများနှင့်ပတ်သက်၍ ပြောဆိုမှုများလည်း ရှိသကဲ့သို့ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် တန်ဖိုးကန်ဒေါ်လာ ခုနစ်ဘီ လီယံကျော် သတ်မှတ်ခြင်းသည် ရူးမိုက်မှု၊ အဓိပ္ပာယ်မရှိသော သတ်မှတ်မှုဖြစ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ရှောင်တာ နယ်လ်ကလည်း ယခုနှစ် မေလ နောက်ဆုံးအပတ်က မှတ်ချက်ပြု ပြောကြားထားသည်။

မကြာသေးမီက ပနားမား တူးမြောင်းတိုးချဲ့ဖောက်လုပ်မှု စီမံကိန်းသည် ကန်ဒေါ်လာ ၅ ဒသမ ၂၅ ဘီလီယံသာ ကုန်ကျ ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းတစ်ခု ကန်ဒေါ်လာ ခုနစ် ဘီလီယံကုန်ကျမည်ဆိုခြင်းသည် ကျိုးကြောင်းမသင့်ဟု ၎င်းကပြော သည်။

ထို့အပြင် ယင်းဆိပ်ကမ်းအ နီးရှိ အထူးစီးပွားရေးဇုန်၏ တန် ဖိုးကိုကန်ဒေါ်လာ ၁၀ ဘီလီယံ ခန့် သတ်မှတ်ထားသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service