ရခိုင်ပြည်နယ်အတွက် ကျပ် ၁၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ အလွယ်တပ်ဆင်နိုင်သည့် အိမ်အလုံးတစ်ထောင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ပံ့

ရခိုင်ပြည်နယ်အတွက် ကျပ် ၁၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ အလွယ်တပ်ဆင်နိုင်သည့် အိမ်အလုံးတစ်ထောင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
30 Oct 2018 12:02 pm တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

ရခိုင် ပြည်နယ်အတွက် ကျပ် ၁၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ အလွယ်တ ကူတပ်ဆင်နိုင်သည့် အိမ်အလုံး တစ်ထောင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကလှူဒါန်းတဲ့ Assembled Board House 1000 Units လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က ရန် ကုန်သီလ၀ါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (MITT) ၌ ကျင်းပ ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက "ဒီနေ့အခမ်း အနားကတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလှူဒါန်းတဲ့ Assembled Board House 1000 Units လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားပဲ ဖြစ်ပါတယ်။ ဒီအခမ်းအ နားဟာ ရခိုင်ပြည်နယ်အတွင်းကနေရပ်စွန့်ခွာသူတွေ ပြန်လည်နေ ရာချထားရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ် အားဖြစ်စေမယ့် လှူဒါန်းမှုတွေဖြစ် တဲ့အတွက် ကျေးဇူးအထူးပင်တင် ရှိပါကြောင်း ဦးစွာပဏာ မပြော ကြားလိုပါတယ်"ဟု ပြောကြားခဲ့ သည်။

ယခုလှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦး ကျော်တင့်ဆွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံခရီးစဉ်တွင် ယခုနှစ် ဇွန် လ ၂၈ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ ၀င် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီနှင့်တွေ့ဆုံစဉ် ရခိုင်ပြည် နယ်ပြန်လည်လက်ခံရေးနှင့် ပြန် လည်နေရာချထားရေး အစီအစဉ် များအတွက် အလွယ်တကူတပ် ဆင်နိုင်သည့် အိမ်အလုံးတစ်ထောင် အား ထပ်မံထောက်ပံ့ပေးရန် မေတ္တာရပ်ခံသည့်အပေါ် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဦးကျော်တင့်ဆွေက "တရုတ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် မှာစာနာနားလည်မှုအပြည့်အ၀ ထားရှိပြီး နိုင်ငံရေးအရထောက်ခံ မှု ခိုင်ခိုင်မာမာပေးသလိုမြေပြင်လိုအပ်နေမှုတွေအပေါ် အခုလို ထောက်ပံ့ကူညီမှုတွေပေးအပ် တာဟာ မိတ်ဆွေကောင်းထက် သာလွန်တဲ့ ဆွေမျိုးသားချင်း ပေါက်ဖော်စိတ်ထားကို အထင် ရှားပြသနေတယ်လို့ ကျွန်တော် အနေနဲ့ ခံစားသိမြင်မိပါတယ်။ မြန်မာငွေနဲ့တွက်ရင် One Unit ကို ကျပ် ၁၅၉ သိန်းတန်ဖိုးရှိ တဲ့အတွက် Unit တစ်ထောင်အ တွက် ကျပ် ၁၅ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိတယ်လို့ သိရပါတယ်။အဓိကအချက်က လိုအပ်နေတဲ့ အချိန်မှာ လိုအပ်နေတဲ့နေရာကို လိုအပ်သလို ထောက်ပံ့ကူညီမှုပြုလုပ်တဲ့ဆွေမျိုးသားချင်းစိတ်ရင်းစိတ်ထားဟာ တန်ဖိုးဖြတ်လို့ရနိုင် မှာ မဟုတ်ပါဘူး "ဟုပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်း ကလည်း Assembled Board House 1000Units လှူဒါန်းမှုပြု လုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က "အခုလိုအထောက်အပံ့ဟာ မြန်မာနိုင်ငံ အစိုးရက ရခိုင်ပြည်နယ်(IDP)အတွက် ပြန်လည်နေရာချထား ရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာ မှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်" ဟုပြောသည်။

အဆိုပါအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင် ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးမစ္စတာဟုန် လျန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးများနှင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service