Nirvana ဝိုင်းမှ အဆုံးစီရင်သွားသည့်အဆိုတော် ကတ်ကိုဘိန်း၏ တစ်ဦးတည်းသောသမီးက လော့စ်အိန်ဂျလိရှိ ဘန်ဂလိုအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချ

Nirvana ဝိုင်းမှ အဆုံးစီရင်သွားသည့်အဆိုတော် ကတ်ကိုဘိန်း၏ တစ်ဦးတည်းသောသမီးက လော့စ်အိန်ဂျလိရှိ ဘန်ဂလိုအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
30 Oct 2018 11:38 am တွင် တင်ခဲ့သည်
1421 ကြိမ် ကြည့်ရှု့ပြီး

Nirvana ဝိုင်းမှ အဆုံးစီရင်သွားသည့်အဆိုတော် ကတ်ကိုဘိန်း၏တစ်ဦးတည်းသောသမီးဖြစ်သူ ဖရန်ဆက်စ် ဘင်း ကိုဘိန်းသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိရှိ ဘန်ဂလိုအိမ်ကို ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

ဖရန်ဆက်စ် ဘင်း ကိုဘိန်းသည် ကတ်ကိုဘိန်းနှင့် ကော့တ်နေးလာ့ဗ်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး အမေရိကန် ပန်းချီအနုပညာရှင်၊ မော်ဒယ်တစ်ဦး ဖြစ်ကာ အသက် ၂၆ နှစ်ရှိပြီ ဖြစ်သည်။

၂၀၀၉ ခုနှစ်အတွင်း Alice in Wonderland ရုပ်ရှင်ဇာတ်ကား၌ Alice အဲလစ်အဖြစ် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသည်ဟု ဆိုသည်။

ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်ပါက ဖရန်ဆက်စ်အတွက် အမြတ်အစွန်း များစွာကျန်မည် ဖြစ်သည်။

ဖရန်ဆက်စ်က စတုရန်းပေ ၃၃၅၇ ရှိသည့် အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကတ်ကိုဘိန်းသေဆုံးသွားပြီးနောက် ရရှိလာသော အမွေဖြင့် ဖရန်ဆက်စ်က North Curson ရိပ်သာလမ်း၊ အမှတ် ၂၀၁၅ ရှိ ယခုနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဖရန်ဆက်စ်သည် အဆိုပါနေအိမ်တွင် ခင်ပွန်းဟောင်းဖြစ်သူ ဂီတပညာရှင် အီဆိုင်ယာ ဆေးလ်ဗားနှင့် နေထိုင်ခဲ့ဖူးသည်။

ဝယ်ယူသွားသော ပိုင်ရှင်သစ် မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။ ၁၉၃၀ ပြည့်နှစ်တွင် စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အုတ်ကြွပ်၊ ဘို့သံ၊ မှန်နှင့် vintage ဟန် မီးများ အလှဆင်ထားသည်။

အိမ်ရှေ့ဝင်ပေါက်မှ ဝင်ရောက်သွားလျှင် မီးလင်းဖိုတစ်ခု ပါဝင်သည့် ဧည့်ခန်းသို့ ရောက်ရှိမည်ဖြစ်သည်။

ဒုတိယထပ်ရှိ Master Bedroom တွင် လသာဆောင်တစ်ခုနှင့် အဝတ်လဲခန်းတို့ ပါဝင်သည်။

ခြံဝန်းအတွင်းရှိ ဂိုဒေါင်တစ်လုံးကိုမူ အသံဖမ်းစတူဒီယိုအဖြစ် ပြောင်းလဲအသုံးပြုထားသည်။ ဈေးကွက်တင်ပေးခဲ့သည်မှာ The Agency ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် ဘီလီရို့စ်ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service