ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖလွိုက်မေဝဲသာက လာ့စ်ဗီးဂပ်တွင် ဝိုင်သိုလှောင်ခန်း၊ စပျစ်ခြံ၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ မြေအောက်ကားဂိုဒေါင်တို့ ပါဝင်သည့်စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူ

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖလွိုက်မေဝဲသာက လာ့စ်ဗီးဂပ်တွင် ဝိုင်သိုလှောင်ခန်း၊ စပျစ်ခြံ၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ မြေအောက်ကားဂိုဒေါင်တို့ ပါဝင်သည့်စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
30 Oct 2018 11:27 am တွင် တင်ခဲ့သည်
2363 ကြိမ် ကြည့်ရှု့ပြီး

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖလွိုက်မေဝဲသာသည် အမေရိကန်ပြည်ထောင်စု၏ သဲကန္တာရမြို့ဖြစ်သော လာ့စ်ဗီးဂပ်တွင် ဝိုင်သိုလှောင်ခန်း၊ စပျစ်ခြံ၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ မြေအောက်ကားဂိုဒေါင်တို့ ပါဝင်သည့်စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူလိုက်ပြီဖြစ်သည်။

အိပ်ခန်းပေါင်း ၁၁ ခန်းအပြင် အားကစားလေ့ကျင့်ရေးခန်းမလည်း ပါဝင်သော စံအိမ်ကြီးကို ဗွီဒီယိုရိုက်ကူးကာ မေဝဲသာက သူ၏ အင်စတာဂရမ်လူမှုကွန်ရက်အကောင့်တွင် လွှင့်တင်ခဲ့သော်လည်း အသေးစိတ်ပါဝင်ခဲ့ခြင်း မရှိချေ။

ခြံဝန်းအကျယ် ၁ ဒသမ ၄၁ ဧကရှိပြီး ရေချိုးခန်း ၁၄ ခန်း၊ အိပ်ခန်း ၁၁ ခန်း၊ ကော်လံတိုင်များ စီတန်းထားသည့် မြင့်မားလှသော ဆင်ဝင်၊ အပူပေးစနစ်ထည့်သွင်းထားသည့်ကြမ်းခင်းများအပြင် ဓာတ်လှေကာတစ်ခုလည်း တပ်ဆင်ထားသည်။

မေဝဲသာအတွက် အားကစားလေ့ကျင့်ရေးခန်းမနှင့် ကြီးမားသော ဝိုင်သိုလှောင်ခန်းကြီးအပြင် သူ၏ ကြွယ်ဝမှုများကို ပြသနိုင်ရန်အတွက် ဧည့်သည်များ တည်းခိုရန် ဧည့်ဂေဟာအိမ် ၂ လုံးပါဝင်ကာ အိမ်တွင်းအိမ်ပြင် ရေကူးကန်များနှင့် စပျစ်ခင်းတစ်ခုပင် ပါဝင်သေးသည်။

မေဝဲသာသည် တန်ဖိုးကြီးဇိမ်ခံကား များစွာပိုင်ဆိုင်ခြင်းဖြင့်လည်း နာမည်ကျော်ရာ ယခုအခါ အဆိုပါကားများကို ပြသထားနိုင်မည့် ဂိုဒေါင် ၂ လုံးအပြင် ကားအစင်း ၂၀ ဆန့် မြေအောက်ဂိုဒေါင်တစ်လုံးလည်း ပါဝင်လာသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service