စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား စက်တင်ဘာတွင် မြင့်တက်

စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား စက်တင်ဘာတွင် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
30 Oct 2018 10:20 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး

စက်တင်ဘာတွင် စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ရောင်းအားသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလရောင်းအားထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မြို့တော်စည်ပင်သာယာရေးအာဏာပိုင်အဖွဲ့မှ ယခုတနင်္လာနေ့ (အောက်တိုဘာ ၁၅) တွင် ထုတ်ပြန်ခဲ့သည် အချက်အလက်များအရ သိရသည်။

အရေအတွက်အားဖြင့် ၆၅၇ ခန်းမှ ၉၃၂ ခန်းသို့ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၆၁၇ ခန်း ရောင်းချခဲ့ရသည့် သြဂုတ်လရောင်းအားထက်လည်း ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေရန် စည်းမျဉ်းတင်းကျပ်မှုသစ်များ ဇူလိုင်၌ စတင်အာဏာသက်ရောက်ခဲ့သော်လည်း ဈေးကွက်ယုံကြည်မှုက ပိုမိုတိုးတက်လာသည်ဟု ယူဆရကြောင်း ဈေးကွက်ဆန်းစစ်လေ့လာသူများက Bloomberg.com သို့ ပြောကြားခဲ့သည်။

ဝယ်လိုအား အရှိန်လျော့လာသော်လည်း တန်သည်ဟု သူတို့ယူဆသောဈေးနှုန်းများတွင် ဝယ်ယူရန် ဈေးကွက်ထဲတွင် ဝယ်လက်အများအပြား ရှိနေဆဲဖြစ်ကြောင်း JLL အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနနှင့် အတိုင်ပင်ခံညွှန်ကြားရေးမှူး အွန်တက်ဟွေက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက ပုဂ္ဂလိကလူနေအိမ်ရာစီမံကိန်း ၇ ခု ဈေးကွက်ထဲ ရောက်ရှိလာခဲ့ကြောင်းလည်း သူက ပြောကြားခဲ့သည်။

စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ခန်းများ၏ ဈေးနှုန်းအညွှန်းကိန်းသည် ယခုနှစ် တတိယသုံးလပတ်(၂၀၁၈ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) အတွင်း ၀ ဒသမ ၅ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် သုံးလပတ်ငါးခုအတွင်း အနိမ့်ဆုံးနှုန်းဖြစ်ပြီး ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဒုတိယသုံးလပတ်အောက် သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မြန်ဆန်သော ဝင်ငွေဖွံ့ဖြိုးနှုန်းကြောင့် စင်္ကာပူအိမ်ဈေးများသည် ၂၀၁၉ ခုနှစ်မကုန်မီ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး ၂၀၃၀ ပြည့်နှစ်မကုန်မီ နှစ်ဆမြင့်တက်နိုင်သည်ဟု Morgan Stanley အမေရိကန်အခြေစိုက် နိုင်ငံပေါင်းစုံရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီက ခန့်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service