ဘရုစ်ဝီလီက အိုင်ဒါဟိုပြည်နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော စံအိမ်ကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် ရောင်းချ

ဘရုစ်ဝီလီက အိုင်ဒါဟိုပြည်နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော စံအိမ်ကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
29 Oct 2018 11:24 am တွင် တင်ခဲ့သည်
1745 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီ၏ အမည်အပြည့်အစုံမှာ ဝေါလ်တာ ဘရုစ် ဝီလီဖြစ်ပြီး ၁၉၅၅ ခုနှစ်၊ မတ်လ ၊ ၁၉ ရက်တွင် အနောက်ဂျာမနီ (ယခင်က ဂျာမနီနိုင်ငံ ၂ ခြမ်းကွဲနေခဲ့သည်) တွင် မွေးဖွားခဲ့သည်။

ဖခင် ဒေးဗစ်ဝီလီမှာ အမေရိကန်စစ်သည်တစ်ဦးဖြစ်ပြီး မိခင် မာလင်းမှာ ဂျာမနီနိုင်ငံသူတစ်ဦး ဖြစ်သည်။

ဘရုစ်ဝီလီသည် အက်ရှင်သူရဲကောင်းတစ်ဦးအဖြစ် တင်စားခံရပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၇၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထင်ရှားသော ဇာတ်ကားအချို့မှာ Armageddon (၁၉၉၈), The Sixth Sense (၁၉၉၉),Sin City (၂၀၀၅) နှင့် The Expendables 2 (၂၀၁၂ ) တို့ ဘရုစ်ဝီလီက အိုင်ဒါဟိုပြည်နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော စံအိမ်ကို ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် ရောင်းချဖြစ်ကြသည်။

ကမ္ဘာကျော် Ghost ကားမှ မင်းသမီး ဒီမီမိုးရ်သည် ဘရုစ်ဝီလီ၏ ဇနီးဟောင်း ဖြစ်၏။ ယခုအခါ ဘရုစ်ဝီလီက အိုင်ဒါဟိုပြည်နယ်၊ ဟိုင်လေမြို့ရှိ နေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချလိုက်ရာ အဆိုပါမြို့တွင် စံချိန်တင် ဈေးနှုန်းလည်း ဖြစ်သည်။

ဧက ၂၀ အကျယ်အဝန်းရှိပြီး ရေကန်ကြီးကမ်းစပ်ဘေးတွင် တည်ရှိကာ အရောင်းဈေးကွက်တင်ထားခဲ့သည်မှာ ၇ နှစ်ကြာမြင့်ခဲ့ပြီးမှ ရောင်းထွက်ခဲ့ခြင်း ဖြစ်သည်။

ဘရုစ်ဝီလီက ယခုစံအိမ်ကြီးကို ၂၀၁၁ ခုနှစ်အတွင်း Sotheby’s မှတစ်ဆင့် ကန်ဒေါ်လာ ၁၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း ၂၀၁၆ ခုနှစ်အတွင်း ဈေးကွက်ပြန်တင်ခဲ့ရာတွင်မူ Engel & Völkers Sun Valley နှင့် Keller Williams အိမ်ခြံမြေကုမ္ပဏီ ၂ ခုမှတစ်ဆင့် ကန်ဒေါ်လာ ၁၅ သန်းဖြင့်ပင် တပြိုင်တည်း ဈေးကွက်တင်ခဲ့သည်။

အပြီးသတ် အရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ဈေးကွက်တင်ခဲ့ဈေးက ခေါ်ဈေး၏ အစွန်းထွက်သာရှိသော်လည်း ဈေးကွက်တင်ခဲ့သည့် ဈေးနှုန်းမှာမူ ဟိုင်လေတွင် ဈေးအကြီးဆုံးခေါ်ဈေးဖြစ်ခဲ့သည်။

အရောင်းဈေးကွက်တင်ခဲ့သည်မှာ Engel & Völkers Sun Valley မှ အိမ်ခြံမြေအကျိုးဆောင် ထရာဗစ် ဂျုန်းစ် ဖြစ်သည်။

စတုရန်းပေ ၈၄၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို ဘရုစ်ဝီလီက ရာနှုန်းပြည့် ပြန်လည်မွမ်းမံဆောက်လုပ်မှုများ ၂၀၀၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် အိပ်ခန်း ၆ ခန်း၊ ဧည့်ဂေဟာအိမ်တစ်လုံးနှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။

ဘရုစ်ဝီလီက စံအိမ်ဝန်းကြီးအတွင်း စမ်းချောင်းငယ်များ၊ ရေကန်များစွာ ဖြည့်သွင်းမွမ်းမံခဲ့သည်။

အပူပေးရေကန်ကြီးတွင် ရေလွှာလျှောများ၊ ရေတံခွန်များ ပါဝင်သည်။ ဘရုစ်ဝီလီသည် ယခင်ကလည်း ၎င်းပိုင်ဆိုင်သော အိမ်ခြံမြေများကို အရောင်းအဝယ်လုပ်ခဲ့ဖူးရာ အဆိုပါသတင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက

(၁) https://www.imyanmarhouse.com/news/read/702372 (၂) https://www.imyanmarhouse.com/news/read/705498 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service