ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက်မေဝဲသာက လာ့စ်ဗီးဂပ်စ်ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူ

ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက်မေဝဲသာက လာ့စ်ဗီးဂပ်စ်ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Oct 2018 12:34 pm တွင် တင်ခဲ့သည်
1944 ကြိမ် ကြည့်ရှု့ပြီး

ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက်မေဝဲသာသည် အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူလိုက်သည်။

ခြံဝန်းအကျယ် ၁ ဒသမ ၄၁ ဧကပေါ်တွင် တည်ရှိပြီး နေအိမ်အကျယ်အဝန်း စတုရန်းပေ ၂၄၀၀၀ နီးပါးအထိ ကျယ်ဝန်းသည့် စံအိမ်ကြီး ဖြစ်သည်။

မေဝဲသာသည် အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး လက်ဝှေ့လောကမှ အနားယူထားပြီးလည်း ဖြစ်သည်။ယခုစံအိမ်ကြီးကို ဝယ်ယူလိုက်ကြောင်း မေဝဲသာက အင်စတာဂရမ်တွင် ပို့စ် ၂ ခုရေးသားကာ အတည်ပြုခဲ့သည်။

မေဝဲသာ၏ လူမှုကွန်ရက်တွင် တင်ခဲ့သော ဓာတ်ပုံများမှာ စံအိမ်ကြီးကို အရောင်းဈေးကွက်တင်ခဲ့သည့် ပုံများနှင့် ကိုက်ညီမှုရှိသည်ကို လည်း တွေ့ရသည်။

“ကျွန်တော့်ရဲ့နေအိမ်သစ်၊ ကျွန်တော် တကယ်ကောင်းချီးပေးခံခဲ့ရပါတယ်” ဟု မေဝဲသာက ရေးသားထားသည်။

အိမ်ခြံမြေမှတ်တမ်းများအရ မေဝဲသာက ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

နေအိမ်မှာ တစ်ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။ထို့အပြင် ဧည့်ဂေဟာအိမ် ၂ လုံးနှင့် အပူပေးစနစ်ပါဝင်သည့် ကြမ်းခင်းများ ခင်းကျင်းထားကြောင်း ဈေးကွက်တင်ခဲ့သည့် Luxury Homes Las Vegas မှ အိမ်ခြံမြေအကျိုးဆောင် ကမ်ရန် ဇန်းက ပြောကြားသည်။

နေအိမ်နှင့် ခြံဝန်းအတွင်း အိမ်တွင်း၊ အိမ်ပြင် ရေကူးကန်များ ပါဝင်ကာ ကား ၄ စင်းဆန့် ကားဂိုဒေါင် ၂ လုံးလည်း ပါဝင်သည်။

စံအိမ်အောက်တွင် မြေအောက်ခန်းပါဝင်ပြီး ဓာတ်လှေကားတပ်ဆင်ပေးထားသည်။ နေအိမ်ကြီးကို မည်သည့်အချိန်က အရောင်းဈေးကွက်တင်ခဲ့သည်ကိုမူ မသိရချေ။ မေဝဲသာသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် လက်ဝှေ့လောကမှ အနားယူခဲ့ခြင်းဖြစ်သည်။ ဖခင်နှင့် ဦးလေးတို့က လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပြီး ဝိတ်တန်းများစွာတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service