သီတင်းကျွတ်ကာလ ရွှေအရောင်းအ၀ယ်ပါး

သီတင်းကျွတ်ကာလ ရွှေအရောင်းအ၀ယ်ပါး - Property News in Myanmar from iMyanmarHouse.com
26 Oct 2018 11:57 am တွင် တင်ခဲ့သည်
870 ကြိမ် ကြည့်ရှု့ပြီး

သီတင်းကျွတ်ကာလ ရွှေဈေးအမြင့်နှုန်းဖြစ်နေ၍ အ ရောင်းအ၀ယ် ယခင်နှစ်ထက် ကျဆင်းကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် သီတင်း ကျွတ်ကာလသည် ရွှေအရောင်း အ၀ယ် မြင့်တက်လေ့ရှိသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းနှင့် ဒေါ်လာငွေလဲနှုန်းမြင့်တက်လာခြင်းကြောင့် ပွဲတော်ရက်ဖြစ်သော်လည်း ရွှေအရောင်းအ၀ယ် အလွန်နည်းပါးနေသည်ဟု မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးတင်ထွန်းက ပြောသည်။

‘‘ပွဲတော်ရက်ဖြစ်နေလို့ အ နည်းငယ်ရောင်းရတာ။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလနဲ့ ယှဉ်ရင်တောင် ရောင်းအားသုံးပုံနှစ်ပုံလောက် ကျ သွားတယ်’’ဟု ၎င်းကဆိုသည်။

ရွှေဈေးသည် ယမန်နှစ်ကထက် ကျပ်တစ်သိန်းမြင့်တက်လာ ခြင်းနှင့် လူများအလုပ်အကိုင် မကောင်း၍ ယခင်သီတင်းကျွတ် ကာလထက် ရွှေရောင်းအား ၅၀ ရာခိုင်နှုန်းကျဆင်းသည်ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော် အောင်က ပြောသည်။

‘‘ရွှေက ပုံမှန်ဆိုရင် ငွေပို ငွေလျှံရှိမှ ၀ယ်ကြတာ။ အခုလူ တွေက အလုပ်အကိုင်မကောင်း တော့ မ၀ယ်ကြဘူး။ သီတင်း ကျွတ်မှာက ပုံမှန်ဆို ရောင်းအား ကောင်းလေ့ရှိတာ။ ဒီနှစ်တော့ မကောင်းဘူး’’ဟု ၎င်းကဆက် လက်ပြောသည်။

ကမ္ဘာ့ရွှေဈေး တစ်နေ့တခြား မြင့်တက်လာခြင်းနှင့် ဒေါ်လာ ဈေးသတ်မှတ်ချက် မတည်ငြိမ် ခြင်းကြောင့် ရွှေဈေးကို ရိုက်ခတ်ခဲ့ပြီး အရောင်းအ၀ယ်အေးနေသည်ဟု အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

သီတင်းကျွတ်ကာလတွင် ပွဲလမ်းသဘင်ကြောင့် နယ်ဒေသ များ၌ လက်ဝတ်ရတနာ ၀ယ် ယူလေ့ရှိပြီး လက်ရှိတွင် ကုန်ဈေး နှုန်းကြီးမြင့်ခြင်းကြောင့် ရွှေဝယ် ယူမှု သိသိသာသာ ကျဆင်းခဲ့ သည်ဟု ရွှေအရောင်းအ၀ယ်လုပ်ကိုင် သူ ဦးမင်းမင်းက ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် အောက် တိုဘာ ၂၃ ရက်တွင် တစ်အောင် စလျှင် ၁,၂၃၄ ဒေါ်လာပေါက်ဈေးရှိပြီး ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရန်ကုန်၌ ကျပ် ၁,၀၂၁,၅၀၀ ရှိကာမန္တလေးတွင် ကျပ် ၁,၀၂၄,၀၀၀ပေါက်ဈေးရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service