ကမ္ဘောဒီးယား ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားကြောင်း ဝန်ကြီးဌာနထုတ်ပြန်

ကမ္ဘောဒီးယား ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားကြောင်း ဝန်ကြီးဌာနထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
22 Oct 2018 12:24 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်၊ ပထမ ၉ လတာကာလအတွင်း ကမ္ဘောဒီးယား ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၄ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံကျော် တန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၂၅၄၁ ခု ခွင့်ပြုချက်ပေးခဲ့သည်။

အဆိုပါပမာဏမှာ ယခင်နှစ်အလားတူကာလတွင် ရင်းနှီးမြှုပ်နှံခဲ့မှု ပမာဏဖြစ်သော ၅ ဒသမ ၆ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် ၀ ဒသမ ၈ ဘီလီယံဖိုးခန့် ကျဆင်းသွားကာ ရာခိုင်နှုန်းအားဖြင့် ၁၄ ဒသမ ၄၇ ရာခိုင်နှုန်းကျဆင်းသွားခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား မြေယာစီမံခန့်ခွဲမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး လာအို တစ်ပ် ဆိုင်ဟာက ပြောကြားရာတွင် ဆောက်လုပ်ရေးကဏ္ဍသည် ကမ္ဘောဒီးယား၏ စီးပွားရေးကို မောင်းနှင်ပေးနေသည့် အဓိကယန္တရားများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောကြားပြီး ဆောက်လုပ်ရေးကဏ္ဍ ဆက်လက်ဖွံ့ဖြိုးလာဦးမည်ဟု ၎င်းက ယုံကြည်လျက်ရှိသည်။

“ဆောက်လုပ်ရေးကဏ္ဍဟာ အမျိုးသားစီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ လူနေမှုအဆင့်မြှင့်တင်ပေးနိုင်မှု၊ ပြည်သူတွေအတွက် အတွေ့အကြုံ၊ ဗဟုသုတသစ်တွေ ပေးစွမ်းနိုင်မှုတွေရှိတဲ့ ကဏ္ဍကြီးဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သော ၉ လတာ ကာလအတွင်း ဖနွမ်းပင်တွင် ၅ ထပ်နှင့်အထက် အဆောက်အအုံသစ်ပေါင်း ၉၂ လုံး ဆောက်လုပ်ခဲ့သည်။

၂၀၀၅ ခုနှစ်မှ စတင်တွက်ချက်မည်ဆိုလျှင် ယင်းသို့သော အဆောက်အအုံပေါင်း ၁၀၈၄ လုံး ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။

ပရီယာ သီဟာနုပြည်နယ် မြေယာစီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်နယ်အတွင်းတွင် ၅ ထပ်မှ ၃၅ ထပ်အကြား အဆောက်အအုံပေါင်း ၄၆လုံးဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။

ပရီယာ သီဟာနုတွင် ဆောက်လုပ်ရေးကဏ္ဍ အလျင်အမြန်ဖွံ့ဖြိုးမှုများ ရှိခဲ့သော်လည်း အလားအလာအကောင်းဆုံးဖြစ်နေသည်မှာ ဖနွမ်းပင်မြို့ ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

အဆိုပါကာလအတွင်း ဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၁၀၂၈ ခု ရှိသည်ဟု ဆိုသည်။

Century 21 Mekong ကုမ္ပဏီလိမိတက်၏ အမှုဆောင်အရာရှိချုပ် ချရက်ခ် ဆို့ခ်နင်မ်က ပြောကြားရာတွင် ဆောက်လုပ်ရေးကဏ္ဍ၌ တန်ဖိုးပမာဏကျဆင်းခြင်းမှာ မထူးဆန်းကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် စီမံကိန်းကြီးများအားလုံးသည် အပြီးသတ်ဆောက်လုပ်နိုင်ရန် အနည်းဆုံး ၂ နှစ်မှ ၃ နှစ်ခန့်အထိ အချိန်ယူရခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service