ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး (မက္ကာအို) ကို ဆက်သွယ်ပေးမည့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးပင်လယ်ဖြတ်တံတားကြီး လာမည့်ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်မည်

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး (မက္ကာအို) ကို ဆက်သွယ်ပေးမည့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးပင်လယ်ဖြတ်တံတားကြီး လာမည့်ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
22 Oct 2018 12:06 pm တွင် တင်ခဲ့သည်
38035 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာပေါ်တွင် အရှည်လျားဆုံးပင်လယ်ဖြတ်တံတားကြီးဖြစ်သော ဟောင်ကောင်နှင့် တရုတ်ပြည်မကြီး (မက္ကာအို) ကို ဆက်သွယ်ပေးမည့် တံတားကြီးကို လာမည့်ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

အဆိုပါတံတားကြီးဆောက်လုပ်ရာတွင် လုပ်ငန်းခွင်လူသေဆုံးမှုများ၊ ဘဏ္ဍာရေးကိစ္စရပ်များစွာကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရပြီးနောက်ပိုင်း ယခုအခါ ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။

လာမည့်အောက်တိုဘာလ ၂၃ ရက်တွင် ပြုလုပ်မည့်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်ကာ မိန့်ခွန်းပြောကြားဖွယ်ရှိပြီး ၂၄ ရက်တွင် အများပြည်သူသို့ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ဟောင်ကောင် သယ်ယူပို့ဆောင်ရေးနှင့် အိုးအိမ်ဝန်ကြီး ဖရန့်ခ်ချန်းဖန်က ပြောကြားရာတွင် အောက်တိုဘာလ ၂၄ ရက်၊ နံနက် ၉ နာရီအချိန်တွင် တံတားကို စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဟောင်ကောင်ဘက်ခြမ်းတွင် အင်ဂျင်နီယာများသည် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်နေလျက်ရှိဆဲ ဖြစ်သည်။

၅၅ ကီလိုမီတာ ရှည်လျားသည့် တံတားကြီးနှင့် ဥမင်လှိုဏ်ခေါင်းတို့သည် ဟောင်ကောင်မှ ပြည်မကြီးသို့ သွားရောက်ရန် ကြာမြင့်ချိန်ကို မိနစ် ၃၀ မှ ၄၅ မိနစ်အကြား လျှော့ချပေးနိုင်မည် ဖြစ်သည်။

ဒေသတွင်းတစ်ခွင်ကို စီးပွားရေးနှင့် နည်းပညာအချက်အခြာအဖြစ် ပေါင်းစည်းပေးမည့် “Greater Bay Area” စီမံကိန်းအရ ယခုတံတားကြီးကို တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။

အချို့ကမူ တံတားကုန်ကျစရိတ် များပြားလွန်းခြင်းအပေါ် ဝေဖန်ကြသည်။ အဆိုပါတံတားကြီးကို ဆောက်လုပ်ရာတွင် ဟောင်ကောင်က ကန်ဒေါ်လာ ၁၅ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

တံတားကို ဖြတ်သန်းခွင့် ပါမစ်ပေါင်း ၁၀၀၀၀ ထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်ပိုင်ကား မောင်းနှင်သူတို့အနေဖြင့် အဆိုပါ ပါမစ်လျှောက်ထားမှသာ ဖြတ်သန်းခွင့်ရမည်ဖြစ်သည်။ တံတားဖွင့်ရက်မတိုင်မီတွင် ပါမစ်ပေါင်း ၅၀၀၀ သာ ထုတ်ပေးဦးမည်ဟု ဆိုသည်။

လွန်းပျံဘတ်စ်ကားပေါင်း အစင်းရေ ၁၄၀ ခန့်ဖြင့် ပြေးဆွဲပေးရန်လည်း စီစဉ်ထားသည်။ ဘတ်စ်ကားလမ်းကြောင်း ၂ ခုပြေးဆွဲမည်ဖြစ်ပြီး လမ်းကြောင်းတစ်ခုမှာ ဟောင်ကောင်-မက္ကာအိုဖြစ်ကာ အခြားလမ်းကြောင်းမှာ ဟောင်ကောင်- ရှုဟိုင်ဖြစ်ပြီး ၁၀ မိနစ်ခြားတစ်စီးထွက်ရန် စီစဉ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service