ပုသိမ်မြစ်ကူး တံတားသစ် ၂ နှစ်အတွင်း အပြီးတည်ဆောက်မည်

ပုသိမ်မြစ်ကူး တံတားသစ် ၂ နှစ်အတွင်း အပြီးတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
22 Oct 2018 11:36 am တွင် တင်ခဲ့သည်
1305 ကြိမ် ကြည့်ရှု့ပြီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်ကိုဖြတ်၍ တည်ဆောက်မည့် ပုသိမ်မြစ်ကူး တံတား သစ်ကို ၂ နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သတင်း ရရှိသည်။

ပုသိမ်မြစ်ကူး တံတား အမှတ် ၂ တည်ဆောက်ရေးအတွက် ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ မြေလွှာ များ တိုင်းတာ စစ် ဆေးခြင်း၊ တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့်နေအိမ်များ ဖျက်သိမ်းရွှေ့ပြောင်း ရေးအတွက် ဧရာဝတီတိုင်းအစိုးရက ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ပြီးနောက် လက်ရှိ ပုသိမ်မြို့ဘက်ခြမ်း၌ တံတားစီမံကိန်း စတင်ရန် လိုအပ် သည့် အခြေခံအဆောက်အဦးများ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

“ပုသိမ်မြစ်ကူးတံတားဆောက်ဖို့အတွက် Soil Test (မြေဆီလွှာစမ်းသပ်တာ) လုပ်ပြီးသွားပြီ။ ဘတ်ဂျက်ကတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်မှာပါ။ မကြာခင် ပန္နက်ရိုက်တာတွေ လုပ်ပါမယ်။ ကျနော်တို့ မှန်းထားတာတော့ ၂ နှစ်လောက်နဲ့ အပြီးဆောက်ဖို့ မှန်းထားတယ်။ အသေး စိတ်တော့ မထွက်သေးဘူးပေါ့နော်။ ဒီဇိုင်းနဲ့ ဘတ်ဂျက်အပေါ် အခြေခံပြီး ဆောက်သွားမှာ ပါ”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။

ပုသိမ်မြစ်ကူး တံတား အမှတ် ၂ ကို ပြည်ထောင်စုလွှတ်တော်မှချထားပေးသည့် ဘတ်ဂျက်ကျပ်သိန်း ၄သောင်း(ကျပ် ၄ဘီလီယံ) အကုန်အကျခံ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၁၆ က တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြစ်ကူး တံတားသစ်မှာ လူစည်ကားသည့် ပုသိမ်မြို့တော်ခန်းမဘေးရှိ မဟာဗန္ဓုလလမ်းနှင့် ရွှေစည်းခုံ ဘုရားလမ်းဆုံမှ ပုသိမ် တဖက်ကမ်း အမှတ် ၉ နယ်မြေ စိန်ကုန်းရပ်ကွက်၊ စိန်ရတနာလမ်းမကြီး တို့ကို ဆက်သွယ်၍ တည်ဆောက်သွားမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ရပ်ကွက်နယ်မြေ ၁၅ ခု ရှိသည့်အနက် အမှတ် ၉ နှင့် အမှတ် ၁၀ နယ်မြေများမှာ ပုသိမ်မြို့တဖက်ကမ်းတွင် တည်ရှိ၍ မြစ်ကူးတံတား မရှိသည့်အတွက် အဆိုပါ နယ်မြေ ၂ ခုအပါအဝင် ပုသိမ် တဖက် ကမ်းရှိ ကျေးရွာများမှာ မြို့ပေါ်သို့လာရောက်ရန်အတွက် ကူးတို့ဖြင့်သာ နေ့စဉ်ဖြတ်ကူး၍ သွားလာနေရသည်။

ပုသိမ်မြို့ ငဝန်မြစ်ကူးတံတားအသစ် တည်ဆောက်ပြီးပါက တဖက်ကမ်းရှိ ရပ်ကွက်နယ်မြေ ၂ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၀ ကျော်မှ ဒေသခံများမှာ ငဝန်မြစ်ကို လွယ်ကူစွာဖြတ်သန်းသွားလာနိုင် မည်ဖြစ်ပြီး ပုသိမ်တဖက်ကမ်း ဒေသများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ တစထက်တစ နေထိုင်သူဦးရေ တိုးလာသည့် ပုသိမ်မြို့ဧရိယာလည်း ပိုမိုကျယ်ပြန့်လာ မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်း အစိုးရအဖွဲ့က ပြောသည်။

“ပုသိမ်မြို့တွင်းမှာ မြစ်ကူးတံတားတည်ဆောက်ရတဲ့ အဓိကရည်ရွယ်ချက်က ပုသိမ်မြို့ဟာ နောင်တချိန်ကျရင် လူဦးရေ ထူထပ်များပြားလာမယ်။ အဲဒီကျရင် မြို့ကိုချဲ့ဖို့လိုတယ်။ အခု လောလော ဆယ်က ဒီဘက်ကမ်းက မြို့လယ်ခေါင်ဖြစ်နေ တယ်။ တံတားထိုးလိုက်ခြင်းအားဖြင့် ဟိုဘက်ကမ်း ရော ဒီဘက်ကမ်းရော မြို့လယ်ခေါင် ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုး တိုးတက် သွားဖို့ကို ရည်ရွယ်ပြီးလုပ်ဆောင် တာပါ”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

တံတားတည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းပေးရမည့် ပုသိမ်တဖက် ကမ်း အမှတ် ၉ နယ်မြေ၊ စိန်ကုန်းရပ်ကွက်မှ နေအိမ်ပိုင်ရှင် မိသားစု ၅၀ ကို ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံရာ နေအိမ်ပိုင်ရှင်များက တံတားစီမံကိန်းကို သဘော တူကြောင်းနှင့် ဖျက်သိမ်း ပေးရမည့် နေအိမ်များ အတွက် ထိုက်တန်သည့်အစားထိုး မြေနေရာများ၊ နစ်နာကြေးများကို အစိုးရအနေဖြင့် အကောင်းဆုံး ကူညီဆောင်ရွက် ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

“တံတားတည်ဆောက်ရေးနဲ့ပတ်သတ်ပြီး စိန်ကုန်ဘက်ခြမ်းက စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ မိသားစု တွေနဲ့လည်း နောက် တကြိမ် ထပ်တွေ့ဦးမှာပါ။ ဒီဘက်ကမ်းမှာလည်း ဟိုတယ်ခရီး၊ ဆိပ်ကမ်းအာဏာ ပိုင် ဌာနတွေက ငှားရမ်းထားတဲ့ ဆိုင်ခန်း တွေလည်း ရှိပါတယ်။ ဒီဘက်ကမ်းက ဆိုင်ခန်း ၉ ခန်းနဲ့ ပါဝင်နေတဲ့ ဆိုင်သမားတွေ ကိုလည်း တွေ့ဖို့ရှိပါတယ်။ ကျနော်တို့က ပြည်သူကို လေးစားရမှာပါ။ ပြောင်းရွှေ့ပေးရသည့်တိုင်အောင် သူတို့ အခက်အခဲတွေကို ကျနော်တို့ တတ်နိုင်သမျှ ကူညီဖြေရှင်းပေး ဖို့ရှိပါတယ်”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပုသိမ်မြစ်ကူးတံတား အမှတ် ၂ တည်ဆောက်ပြီးစီးပါက ငွေဆောင်၊ ချောင်းသာကမ်းခြေအပါအဝင် အနောက်ဖက်ကမ်း ခြေ ဒေသများသို့ သွားလာမည့်မော်တော်ယာဉ်များမှာ ပုသိမ်မြို့တွင်းလမ်းများကို အသုံးပြု သွားလာမှုများ ဖြစ်လာနိုင် သည့် အတွက် ပုသိမ်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်မည်ကို ပုသိမ်ဒေသခံများက စိုးရိမ်နေကြသည်။

“မဟာဗန္ဓုလလမ်းမကြီးတလျှောက် မြို့တွင်းလမ်းတွေက အရမ်းကျဉ်းတယ်။ အထူးသဖြင့် ကျောင်း ဆင်းချိန် တွေဆို လမ်းတွေပိတ်၊ ကားတွေကြပ်ကုန်တာ။ တံတားသစ်ပြီးလို့ ငွေဆောင်၊ ချောင်းသာနဲ့ အနောက်ဖက်ကမ်းခြေဒေသ တွေသွားတဲ့ အိမ်စီးကားတွေ၊ အဝေးပြေးကားကြီးတွေ မြို့ထဲကဖြတ် မယ်ဆိုရင်တော့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မှာ ကျိန်းသေပဲ။ အစိုးရအနေနဲ့ ယာဉ်ကြော ပိတ်ဆို့မှု တွေမဖြစ်အောင် ကြိုတင် အစီအမံရေးဆွဲပြီး လုပ်ဆောင်ထားဖို့ မျှော်လင့်ပါတယ်”ဟု ပုသိမ်မြို့ခံ ယာဉ်မောင်း ကိုစည်သူက ပြောသည်။

အစိုးရအနေဖြင့် ပုသိမ်ကြိုးတံတားအဟောင်းကို ပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေ သွားရောက်မည့်ကားများ၊ ကုန်တင်ယာဉ်များကို ပုသိမ်မြို့ပြင်လမ်းမှ ပေးသွား မည်ဖြစ်ကာ ပုသိမ်မြို့တွင်း၌ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ် ကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

လက်ရှိတွင် ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ ငရုတ်ကောင်း၊ ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ မြို့များ အပါအဝင် အနောက်ဘက်ကမ်းခြေဒေသများသို့ အဓိကဆက်သွယ်ပေးထားသည့် ပုသိမ်ကြိုး တံတားမှာ ခံနိုင်ဝန် လျော့ကျလာ သည့်အတွက် တန် ၂၀ နှင့် တန် ၂၀ အောက်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service