မင်္ဂလာဒုံ တပ်စွန့်မြေကိစ္စ မူလပိုင်ရှင် လယ်သမားများ သဘောမတူပါက လျော်ကြေးပေး မြေသိမ်းခြင်းမျိုး ပြုလုပ်၍မရ ဟု မြို့တော်ဝန်ပြော

မင်္ဂလာဒုံ တပ်စွန့်မြေကိစ္စ မူလပိုင်ရှင် လယ်သမားများ သဘောမတူပါက လျော်ကြေးပေး မြေသိမ်းခြင်းမျိုး ပြုလုပ်၍မရ ဟု မြို့တော်ဝန်ပြော - Property News in Myanmar from iMyanmarHouse.com
22 Oct 2018 11:19 am တွင် တင်ခဲ့သည်
1254 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာဒုံ မြို့နယ်ရှိ တပ်စွန့်မြေကိစ္စ မူလပိုင်ရှင် လယ်သမားများ သဘောမတူပါက လျော် ကြေးပေးမြေသိမ်းခြင်းမျိုးပြုလုပ်၍မရ ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တပ် စွန့်လွှတ်မြေဧက ၉၀၀ ကျော်ကို ပြန် မပေးဘဲ ရန်ကုန်တိုင်းအစိုးရ၏ညွှန် ကြားချက်အရဟုဆိုကာ လျော်ကြေး ပေးမည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုကို လွှတ်တော်ကိုယ်စားလှယ်နှင့် လယ်သမားများ ကန့်ကွက်မှုနှင့်ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်က မေးမြန်းခဲ့ ရာတွင် ၎င်းက အထက်ပါအတိုင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။

"သူက ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ် ပဲ။ အဖွဲ့ဖွဲ့တယ်ဆိုတာတော့ လိုအပ် မယ်ထင်လို့ အဖွဲ့ဖွဲ့ခဲ့တာထင်ပါတယ်။ မူလပိုင်ရှင်လယ်သမားတွေက သဘော မတူဘူးဆိုရင် လျော်ကြေးပေးတာတို့ ဆောင်ရွက်လို့မရပါဘူး " ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အောက်တိုဘာ ၁ရရက်က တိုင်း/ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်များက ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ် ရေးအဆောက်အအုံတွင် အစည်းအဝေးခေါ်ယူခဲ့ပြီး ဒေသခံလယ် သမားများ၊ ရပ်မိရပ်ဖများနှင့် လွှတ် တော်ကိုယ်စားလှယ်များကို မြေယာ လျော်ကြေးပေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဖြစ်၍ မူများဆွေးနွေးရန်ဟု ပြော ကြောင်း မင်္ဂလာဒုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောသည်။

အစည်းအဝေးတွင် လယ်ယာ မြေများကို အခြားနည်းလမ်းဖြင့်သုံး စွဲမည်ဆိုပါကလည်း လယ်သမားက ရာခိုင်နှုန်း၂၀၊ ရန်ကုန်တိုင်းအစိုးရ က ရာခိုင်နှုန်း၈၀ ပိုင်ဆိုင်သည်ဆို သောသဘောတူညီချက်ကို လက်ခံ မှခွင့်ပြုမည်ဟူ၍ မြေယာလျော်ကြေး ပေးရေးအဖွဲ့က ပြောကြားခဲ့ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။ နိုင်ငံတော်အစိုးရ၏ မြေစစ် မူဝါဒများနှင့်အညီ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအဆင့်ဆင့်သော လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများအား တရားဝင်ဖွဲ့စည်း ဆောင်ရွက်၍ မင်္ဂလာဒုံမြို့နယ်၊ စမ်း ကြီးဝကွင်းအတွက် မူလပိုင်ရှင်တောင် သူများကိုစိစစ်ခဲ့ပြီး တွေ့ရှိချက်အား တိုင်းဒေသကြီးအဆင့် လယ်^စစ် ကော်မတီသို့ တင်ပြခဲ့ပြီးလည်းဖြစ် ကြောင်း၊ ယခုတိုင်းဒေသကြီးအစိုးရ ကဖွဲ့စည်းသော မြေယာလျော်ကြေး ပေးရေးအဖွဲ့သည် တရားမဝင်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဦးအောင်လှိုင်ဝင်းက "မူလ ပိုင်ရှင် ၇၃ဦးရှိတယ်လို့ စိစစ်တွေ့ ရှိချက်ကို တိုင်းဒေသကြီးမြေစစ် ကိုတင်ပြထားပါတယ်။ စမ်းကြီး ဝကွင်းမှာ ၅၃ယောက်၊ ထောက်ကြန့် ကွင်းမှာ ၂၀၊ စုစုပေါင်း ၇၃ယောက် ပါ " ဟု ပြောသည်။ တပ်မတော်က ၁၉၉၂ခုနှစ်တွင် သိမ်းဆည်းခဲ့သော ရန်ကုန်မြို့အဝင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃လမ်းမ ကြီးနှင့် ခရေပင်လမ်း လမ်းဆုံအနီး အနားရှိ စမ်းကြီးဝကွင်းရှိ ၇၀၉ဧက နှင့် ထောက်ကြံ့ကွင်းရှိ သိမ်းဆည်း ထားသော လယ်ယာမြေဧက ၂၀၀ ကျော်ကို ၂၀၁၄ခုနှစ်တွင် ပြန်လည် စွန့်လွှတ်ခဲ့ပြီး သက်ဆိုင်ရာမြေယာ စိစစ်ရေးအဖွဲ့များကလည်း မြေယာ များနှင့်ပတ်သက်၍ မူလပိုင်ရှင်လယ် သမားများ ဟုတ်၊ မဟုတ် အတည် ပြုချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service