ဟန်ဂေရီတွင် လမ်းဘေးအိပ်စက်သည့် အိမ်ယာမဲ့များကို ဖယ်ရှားမည်ဖြစ်ပြီး အိမ်ယာမဲ့ အမိုးအကာများကို ဖျက်ဆီးတော့မည်

ဟန်ဂေရီတွင် လမ်းဘေးအိပ်စက်သည့် အိမ်ယာမဲ့များကို ဖယ်ရှားမည်ဖြစ်ပြီး အိမ်ယာမဲ့ အမိုးအကာများကို ဖျက်ဆီးတော့မည် - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 12:19 pm တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

ဟန်ဂေရီနိုင်ငံတွင် အိမ်ယာမဲ့များနှင့်စပ်လျဉ်းသည့် ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီဖြစ်ရာ လမ်းဘေးအိပ်စက်ခြင်းများကို အရေးယူတော့မည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်။

လမ်းဘေးအိပ်စက်သူများကို ဖယ်ရှားရန်နှင့် ၎င်းတို့၏ အမိုးအကာများကို ဖျက်ဆီးရန် ရဲတပ်ဖွဲ့အား အာဏာအပ်နှင်းလိုက်ပြီ ဖြစ်သည်။

အများပြည်သူဆိုင်ရာနေရာများတွင် အခြေချနေထိုင်ခြင်းကို တားမြစ်သည့် အဆိုပါဥပဒေကို ဟန်ဂေရီလွှတ်တော်တွင် ပြီးခဲ့သော ဇွန်လက အတည်ပြုလိုက်ခြင်းဖြစ်ပြီး အလွန်ရက်စက်ကြမ်းကြုတ်သည့်ဥပဒေဖြစ်ကြောင်း ဝေဖန်မှုများရှိသည်။

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေတစ်ရပ်အရလည်း အိမ်ယာမဲ့များကို ဒဏ်ငွေချမှတ်နိုင်သည့် ပြဌာန်းချက် ပါဝင်ခဲ့ဖူးသည်။

ဟန်ဂေရီ လူမှုရေးဝန်ကြီး အတ်တီလာ ဖူလော့ပ်က ပြောကြားရာတွင် လူ့အသိုက်အဝန်းတစ်ခုလုံး၏ ကောင်းကျိုးအတွက် ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဓိကရည်မှန်းချက်ပန်းတိုင်မှာ ညအချိန်၌ လမ်းများပေါ်တွင် အိမ်ယာမဲ့များ မရှိစေရေးနှင့် အများပြည်သူနေရာများကို နိုင်ငံသားများ လွတ်လပ်စွာအသုံးပြုနိုင်ကြစေရေးတို့ ဖြစ်သည်ဟုလည်း ဆိုသည်။

ခန့်မှန်းချက်များအရ ဟန်ဂေရီတွင် လမ်းဘေးအိပ်စက်ရသူ အနည်းဆုံး ၂၀၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်အစိုးရက ထုတ်ပြန်ရာတွင် အိမ်ယာမဲ့များအတွက် ရန်ပုံငွေများ မြှင့်တက်လျက်ရှိနေသည်ဟု ထုတ်ပြန်ထားသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဟန်ဂေရီ အခွင့်အရေးအုပ်စုတို့ကမူ ယခုဥပဒေသစ်ကို ရှုတ်ချခဲ့ကြသည်။

ကုလသမဂ္ဂမှ အိုးအိမ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ် လိုင်လာနီ ဖာရ်ဟာက ပြောကြားရာတွင် ဟန်ဂေရီအစိုးရ၏ ဥပဒေသစ်သည် ရက်စက်ကြမ်းကြုတ်လှပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့်လည်း မကိုက်ညီကြောင်း ပြောကြားသည်။

ဟန်ဂေရီအစိုးရက ယခုဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဥရောပ ပါလီမန်က ဟန်ဂေရီအစိုးရအပေါ် အရေးယူမှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service