စစ်တန်းလျားများ၊ မြေအောက်လှိုဏ်ခေါင်းများ ပါဝင်သည့် ကျွန်းကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

စစ်တန်းလျားများ၊ မြေအောက်လှိုဏ်ခေါင်းများ ပါဝင်သည့် ကျွန်းကြီး ပေါင် ၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 11:44 am တွင် တင်ခဲ့သည်
1406 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း၊ ပလိုင်းမောက်မြို့၏ ကမ်းလွန်ပင်လယ်ပြင်အတွင်းတွင် ၆ ဧကခန့် ကျယ်ဝန်းသော ကျွန်းကြီးတစ်ခု တည်ရှိပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ခံတပ်စခန်း၊ အကျဉ်းထောင် အစရှိသဖြင့် အသုံးပြုခဲ့ဖူးသည်။

ယခုအခါ အဆိုပါကျွန်းကြီးကို ပေါင် ၆ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၉ သန်း) ဖြင့် ဈေးကွက်တင်လာရာ နှစ်ပေါင်း ၉၀၀ အတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

ဒရိတ်ခ်ကျွန်းဟု အမည်ရှိသည် အဆိုပါကျွန်းကြီးသည် ယင်း၏ သမိုင်းတွင် အရောင်းအဝယ်ပြုလုပ်ဖူးသည်မှာ ဒုတိယအကြိမ်မြောက်သာရှိသေးသည်။

အုတ်၊ ကွန်ကရစ်တို့ဖြင့် ဆောက်လုပ်ထားပြီး ခံတပ်စခန်းအသွင် ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ လက်နက်ထားသိုခန်း၊ စစ်တန်းလျား များနှင့် မြေအောက်ဥမင်စနစ်တို့ ပါဝင်သည်။

ရာစုနှစ်များစွာအတွင်း အဆိုပါကျွန်းကြီးကို အလယ်ခေတ် ဘာသာရေးစင်တာတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြသည်။

သမိုင်းတွင် ဒရိတ်ခ်ကျွန်းကို အကျော်ကြားစေခဲ့ဆုံးဖြစ်ရပ်မှာ အဲလက်ဇဘက်ဘုရင်မကြီး (I) ခေတ်၊ ရေကြောင်းဗိုလ်ကြီး ဆာဖရန့်စစ် ဒရိတ်ခ်က ၃ နှစ်ကြာမည့် ကမ္ဘာတစ်ပတ်ရွက်လွှင့်ခြင်း ခရီးစဉ်ကို ၁၅၇၇ ခုနှစ်တွင် အဆိုပါကျွန်းမှ စတင်ထွက်ခွာခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

၁၆၀၀ ပြည့်လွန်ကာလများတွင်ကား ဒရိတ်ခ်ကျွန်းကို အကျဉ်းထောင်အဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခဲ့သည်။

နောက်ပိုင်းတွင်ကား Devonport ရေတပ်သင်္ဘောကျင်းကို ကာကွယ်ရန်အတွက် ရှေ့တန်းကင်းစခန်းအဖြစ် အသုံးပြုခဲ့သည်။

ဒရိတ်ခ်ကျွန်းကို နောက်ဆုံးအရောင်းအဝယ်ပြုလုပ်ခဲ့သည်မှာ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်း ကာလများကဖြစ်ပြီး Plymouth Argyle ဘောလုံးအသင်း ဥက္ကဌဟောင်း ဒန် မက္ကောလေးထံ ပေါင် ၄၀၀၀၀၀ အောက်ဖြင့် ရောင်းချခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service