ကမ္ဘာ့ရွှေဈေးနှုန်းကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်

ကမ္ဘာ့ရွှေဈေးနှုန်းကြောင့် ပြည်တွင်းရွှေဈေး မြင့်တက် - Property News in Myanmar from iMyanmarHouse.com
19 Oct 2018 10:18 am တွင် တင်ခဲ့သည်
1350 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ရွှေဈေးမြင့်တက်လာသောကြောင့် ပြည်တွင်းရွှေဈေးများလည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးကွက်သည် အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုးနှင့် ဆက်စပ်နေရာ ဒေါ်လာငွေကြေး အညွှန်းဈေးနှုန်းတန်ဖိုး လျော့ကျမှုကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ဒေါ်လာ ၁၂၀၀ အောက်ကျဆင်းခဲ့ပါက ပြည်တွင်းရွှေဈေးသည်လည်း ကျပ် ၁၀ သိန်းအောက် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒေါ်လာငွေဈေးက ငြိမ်တယ်။ ငွေဈေးလည်းငြိမ်ရင် ကမ္ဘာ့ရွှေဈေးလည်း ကျရင် အထိုက်အလျောက် ပြန်ကျသွားမှာပါ။ ခုတိုင်းဆို ကမ္ဘာ့ရွှေဈေး ဆက်တက်ဖို့အလားအလာ နည်းနည်းတော့ရှိနေတယ်” ဟု ဦးတင်ထွန်းက ရှင်းပြသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းဈေးနှုန်းအရ ရွှေတစ်ကျပ်သားလျှင် ၁,၀၂၂,၅၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး တစ်ဒေါ်လာလဲလှယ်နှုန်းမှာ ၁၅၈၃ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၂၂၉ ဒေါ်လာရှိကြောင်း အောင်သမာဓိရွှေဆိုင်ထံမှ သိရသည်။

လတ်တလောအရောင်းအဝယ် အနေအထားမှာ ရွှေဈေးနှုန်း ကျပ် ၁၀ သိန်းကျော်လျှင် ပြန်ရောင်းကြ၍ ၁၀ သိန်းအောက်ကျဆင်းလျှင် ပြန်လည်ဝယ်ယူသည့်ပုံစံရောက်ရှိနေကြောင်း အောင်သမာဓိရွှေဆိုင်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဇင်မီမီအောင်က ပြောကြားသည်။

“ဆယ်သိန်းတစ်သောင်းကတော့ ဈေးခံဖြစ်သွားနိုင်တယ်။ အခုဖြစ်တဲ့ဈေးတန်းက မှန်ပါတယ်။ အရောင်းအဝယ်လုပ်လို့တော့ မကောင်းသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်မှုမရှိသေးသည့်အတွက် ရွှေတစ်ကျပ်သားလျှင် ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်ခွာ၍ အရောင်းအဝယ်လုပ်နေရကြောင်းလည်း ဒေါ်ဇင်မီမီအောင်က ရှင်းပြသည်။

ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၄၀၀ ဒေါ်လာကျော်အထိ ဈေးအမြင့်ဆုံးသို့ ရောက်ရှိခဲ့ဖူးသည်။ ပြည်တွင်းရွှေဈေး အမြင့်ဆုံးအထိ မြင့်တက်ခဲ့သော ကာလတွင် ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ဒေါ်လာဈေးနှုန်းဖောင်းပွမှုများကြောင့် ရွှေဈေးမြင့်မားမှုဖြစ်ခဲ့ရကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။

Credit: The VOice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service