တွင်ကျယ်လာတဲ့ အရစ်ကျ အိမ်ဝယ်စနစ်

တွင်ကျယ်လာတဲ့ အရစ်ကျ အိမ်ဝယ်စနစ် - Property News in Myanmar from iMyanmarHouse.com
18 Oct 2018 1:31 pm တွင် တင်ခဲ့သည်
1464 ကြိမ် ကြည့်ရှု့ပြီး

 ဒီနှစ် အစောပိုင်းလောက်ကစပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျရောင်းချတဲ့စနစ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ တွင်ကျယ်လာတာကို တွေ့ရပါတယ်။

အရင်က ရောင်းသူနဲ့ ဝယ်သူကြား ယုံကြည်မှုနဲ့ ကြိုပွိုင့်ရောင်းချတာတွေရှိပေမဲ့ ဝယ်ယူထားတဲ့အခန်း တွေ မပြီးသေးခင် တစ်ပိုင်းတစ်စနဲ့ ကန်ထရိုက်တွေက ဆက်မလုပ်တာတွေ ရှိလာတာကြောင့် ယုံကြည်မှုပျက်ယွင်းပြီး ကြိုပွိုင့်ဝယ်မှု နည်းပါးသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘဏ်တွေကနေတစ်ဆင့် အာမခံချက်နဲ့ ရောင်းသူနဲ့ ဝယ်သူကြားအဆင်ပြေအောင် သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေနဲ့ အိမ်ရာချေးငွေတွေ ထုတ်ချေးလာကြပါတယ်။ အခုဆိုရင် ရိုးရိုးတိုက်ခန်းတွေအတွက်အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ၁၅ နှစ်၊ ကွန်ဒိုအခန်းတွေအတွက် အနည်းဆုံး ငါးနှစ်ကနေ အများဆုံး ၂၅ နှစ်အထိ အရစ်ကျငွေပေးတဲ့ အစီအစဉ်တွေကို မိတ်ဆက်လာကြပါတယ်။

အရစ်ကျစနစ်နဲ့ အိမ်ဝယ်ယူခွင့်ရလာတာကိုသဘောကျတဲ့သူတွေရှိသလို ကြီးမြင့်လွန်းတဲ့ အတိုးနှုန်းတွေကြောင့် ဝယ်ယူဖို့ တွန့်ဆုတ်နေသူတွေလည်း ရှိနေပါတယ်။ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ အိမ်ခန်းတွေရောင်းချပေးတဲ့စနစ်ကို ပုဂ္ဂလိကသာမက အစိုးရက ဆောက်လုပ်ရောင်းချနေတဲ့ အိမ်ရာတွေမှာလည်း ဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ရောင်းချပေးနေပေမဲ့ အမှန်တကယ် အိမ်ရာလိုအပ်တဲ့သူတွေလက်ထဲ ရောက်ရှိအောင် မလုပ်ဆောင်နိုင်သေးဘူးလို့လည်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ဆိုပါတယ်။

"အမှန်တကယ်လိုအပ်တဲ့သူတွေက ဝယ်ခွင့်မရဘဲ ကြားက ဈေးကစားချင်တဲ့ သူတွေလက်ထဲကို ရောက်သွားပြီး သူတို့ကနေတစ်ဆင့် အငှားပြန်တင်တာမျိုးတွေ၊ ပြန်ရောင်းတာမျိုးတွေကို ဈေးကွက်ထဲမှာ တွေ့နေရပါ တယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက်ဖြစ်အောင် အရေးယူဖို့ လိုအပ်နေပါတယ်" လို့ ဦးနေမင်းသူက ဆိုပါတယ်။

ဝယ်ယူသူတွေအနေနဲ့ စိုးရိမ်နေကြတဲ့ အချက်တစ်ချက်ကတော့ ၁၅ နှစ်အရစ်ကျကို ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးပြီး ဝယ်ယူတဲ့အခါ ကြားထဲမှာ အစိုးရရဲ့မူဝါဒတွေ အပြောင်းအလဲ ဖြစ်ပေါ်လာမှာကိုပါပဲ။ မူဝါဒအပြောင်းအလဲကြောင့် အတိုးနှုန်းတွေ ၁၃ ရာခိုင်နှုန်းထက် လျော့ကျခဲ့ရင် ဝယ်ယူသူဘက်က မူလ အတိုးနှုန်းထားအတိုင်းပဲ ဆက်ပြီးပေးဆောင်ရမလားဆိုတာကို စိုးရိမ်မှုရှိကြပါတယ်။

ဘဏ်တွေကတော့ အစိုးရရဲ့သတ်မှတ်တဲ့ အတိုးနှုန်းအတိုင်းပဲ ကောက်ခံမယ်လို့ နှုတ်ကတိရှိထားပေမဲ့လက်ရှိအိမ်ရာချေးငွေတွေရဲ့ စာချုပ်တွေမှာတော့ အတိအလင်းဖော်ပြထားမျိုး မရှိသေးဘူးလို့လည်း ဦးနေမင်းသူက ဆိုပါတယ်။

အရစ်ကျစနစ်တွေ တွင်ကျယ်လာတာဟာ ငွေတစ်လုံးတစ်ခဲတည်းပေးပြီး အိမ်မဝယ်နိုင်သေးတဲ့ လူလတ်တန်းစားတွေအတွက် အိမ်ဝယ်နိုင်ဖို့ မျှော်လင့်ချက်တွေတိုးလာပေမဲ့ ကြီးမြင့်လွန်းတဲ့ အတိုးနှုန်းတွေကြောင့် ဝယ်ယူဖို့လည်း အတော်စဉ်းစားနေကြရပါတယ်။အိမ်ဝယ်ဖို့ ငွေစုထားပြီးတာတောင် အတိုးနဲ့တွက်လိုက်ရင် အတိုးပေးရမယ့်ပမာဏက နောက်ထပ်အိမ်တစ်အိမ်စာလောက်ရှိနေတာကြောင့် ခုထိစဉ်းစားနေဆဲဖြစ်တယ်လို့ တောင်ဥက္ကလာမြို့နယ်ဘက်မှာ လတ်တလော အိမ်ဝယ်ဖို့ စဉ်းစားနေတဲ့ မလဲ့က ပြောပါတယ်။

"ဖြစ်နိုင်ရင်တော့ အိမ်လေးနဲ့ ခြံလေးနဲ့ဝယ်ချင်တာပေါ့၊ ဒါပေမဲ့ အရစ်ကျနဲ့ဝယ်မယ်ဆိုရင် အတိုးက သိပ်များ တော့ မဝယ်ဖြစ်သေးဘူး။ ပထမအရစ်ပေးပြီး တစ်လကို သုံးသိန်းလောက်ပဲ သွင်းရမယ်ဆိုရင် ဘယ်နှနှစ်ပဲဖြစ်ဖြစ် ဝယ်ရမှာပေါ့"လို့ မလဲ့ကဆိုပါတယ်။

ဘဏ်တိုးနှုန်းတွေကိုသာ ဒီထက်လျှော့ချပေးလိုက်မယ်ဆိုရင်တော့ အစိုးရကမျှော်မှန်းထားသလို လူတိုင်း အိမ်ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးပိုများလာမှာ ဖြစ်ပါတယ်။

အိမ်ရာချေးငွေတွေ ထုတ်ချေးပေးနေတဲ့ ဘဏ်တွေထဲကတစ်ခုဖြစ်တဲ့ ဧရာဝတီဘဏ်က ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၂ ရက်ထိ အသက် ၂၀ ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း အိမ်ရာချေးငွေယူနိုင်တဲ့ အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ဧရာဝတီဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်တဲ့ အိမ်ခန်းအရေအတွက်ကတော့ ငွေကျပ် သိန်း ၂၀ဝ နဲ့ ၁ဝ၀ဝ ကြား တိုက်ခန်းပေါင်း ၁၄၁၅ ခန်း နဲ့ငွေကျပ်သိန်း ၁၂၀ဝ ကနေ ၂ဝ၀ဝကြား တိုက်ခန်းပေါင်း ၁ဝ၀ဝ ခန့်ရှိကြောင်း ဧရာဝတီဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဇော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါကတော့ ဘဏ်ကနေမိတ်ဖက်လုပ်ထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေက အခန်းတွေပဲဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ မိမိတို့ရဲ့ စိတ်ကြိုက်အခန်းတွေကို ဘဏ်နဲ့လာရောက်ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင်လည်း ချေးငွေတွေ ချေးပေးနေတယ်လို့ ဦးမြင့်ဇော်က ပြောပါတယ်။

"ကျွန်တော်တို့ ဧရာဝတီဘဏ်အနေနဲ့ စွန့်စားရတာရှိပေမဲ့လည်း ဒါကိုလုပ်ခဲ့တယ်။ဒါဟာ အလေ့အထတစ်ခုအနေနဲ့ဖြစ်သွားပြီး နိုင်ငံသားတိုင်းအတွက် သတ်မှတ်တဲ့ ဝင်ငွေလေးရှိပြီး လုံလောက်တဲ့ပိုင်ဆိုင်မှုလေးရှိတယ်ဆိုရင် အိမ်ပိုင်နိုင်တယ်၊ အိမ်ရာဆောက်တဲ့သူတွေအတွက် အများကြီးအလာအလာရှိသွားမယ်"လို့လည်း ဦးမြင့်ဇော်က ဆိုပါတယ်။

အတိုးနှုန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က သတ်မှတ်တဲ့အတိုးနှုန်းအတိုင်းပဲ လိုက်နာရတာဖြစ်တဲ့အတွက် သူတို့ဘဏ်က အတိုးနှုန်းကိုသတ်မှတ်လို့မရကြောင်း ဆိုပါတယ်။

အိမ်ငှားနေရတဲ့ စိတ်ဖိစီးမှုနဲ့ဒုက္ခကို မခံစားချင်ကြတာကြောင့် အရဲစွန့်ပြီး ဘဏ်ချေးငွေနဲ့ အိမ်ဝယ်ယူတဲ့ သူတွေလည်း ရှိနေပါတယ်။ ခြောက်လတစ်ကြိမ် တစ်လုံးတစ်ခဲတည်း ပေးရမယ့် အိမ်ငှားခအစား အရစ်ကျနဲ့ အိမ်ဝယ်ပြီး လစဉ်ငွေပေးသွင်းရင် သတ်မှတ်ကာလပြည့်တဲ့အခါ အိမ်ပိုင်ရဖို့မျှော်လင့်ချက်နဲ့ အိမ်ဝယ်ကြသူတွေက ဒုနဲ့ဒေးပါပဲ။

"လစဉ်ပိုက်ဆံသွင်းနေရပေမဲ့ ကိုယ့်အိမ်နဲ့ကိုယ်နေရတယ်၊ အိမ်ငှားနေလည်း ပေးနေရတာချင်းအတူတူ အချိန်တန်ရင် အိမ်ပိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတော့ရှိတာပေါ့"လို့ ဘဏ်နဲ့ချိတ်ဆက်ပြီး ကြိုပွိုင့်ဝယ်ယူထားသူ မသူဇာက ပြောပါတယ်။

အိမ်ငှားနေတဲ့အခါ ခြောက်လတစ်ကြိမ်ပေးရတဲ့ အိမ်လခတွေအပြင် အိမ်ရှင်နဲ့ရေရှည်အဆင်ပြေမှသာ ခဏခဏ အိမ်ပြောင်းရတဲ့ဒုက္ခကို ရှောင်လွှဲနိုင်မှာပါ။ ဒါပေမဲ့ အရမ်းအဆင်မပြေတဲ့ အိမ်ရှင်နဲ့အိမ်ငှားဆိုရင်တော့ သုံး၊ လေးနှစ်အပြင် ထပ်မငှားချင်ကြပါဘူး။ ဒါကြောင့် ရန်ကုန်မှာနေထိုင်ခဲ့တဲ့ ၁၀ နှစ်အတွင်း အိမ် လေးကြိမ် ပြောင်းရွှေ့ခဲ့ရတယ်လို့ မသူဇာက ပြောပါတယ်။

ဝယ်ယူသူအများစုဟာ အရစ်ကျယူတဲ့ နှစ်ကာလရှည်တာနဲ့အမျှ အတိုးက ပိုများလေ့ရှိတာကြောင့် တတ်နိုင်သမျှ နှစ်တိုကိုသာယူချင်ကြပါတယ်။ ဒါပေမဲ့ လစဉ်ဝင်ငွေနဲ့ ပြန်ပေးသွင်းရမယ့်ငွေကို ချင့်ချိန်ရတာကြောင့် နှစ်ရှည်မယူချင်ဘဲ ယူနေကြရတာတွေလည်းရှိနေပါတယ်။ 

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service