စင်္ကာပူအခြေစိုက် CapitaLand က ရှန်ဟိုင်းမြို့၏ အမြင့်မားဆုံး အမြွှာမျှော်စင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိ

စင်္ကာပူအခြေစိုက် CapitaLand က ရှန်ဟိုင်းမြို့၏ အမြင့်မားဆုံး အမြွှာမျှော်စင်စီမံကိန်းကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Oct 2018 11:47 am တွင် တင်ခဲ့သည်
1005 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူအခြေစိုက် CapitaLand ကုမ္ပဏီသည် တရုတ်ပြည်၊ ရှန်ဟိုင်းမြို့ရှိ အိမ်ခြံမြေစီမံကိန်းကြီးတစ်ခုကို ယွမ်ငွေ ၁၂ ဒသမ ၇၉ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ) ဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိပြီး ပြည်မကြီးတွင် ယင်းကုမ္ပဏီ၏ တန်ဖိုးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝယ်ယူမည့် စီမံကိန်း၏ အမည်မှာ “Star Harbour အင်တာနေရှင်နယ်စင်တာ” (上海星外滩) ဟု အမည်ရပြီး Shanghai Port Group ထံမှ ဝယ်ယူရန် စီစဉ်လျက်ရှိခြင်း ဖြစ်သည်။

ရှန်ဟိုင်းမြို့၊ ဟောင်ကူးခရိုင်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ ၁ ဒသမ ၅ သန်း (စတုရန်းပေ ၁၆ သန်း) ရှိသည်။

Shanghai Port Group က Star Harbour စီမံကိန်းတွင် ၎င်းတို့ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ကြမ်းခင်းဈေး ကန်ဒေါ်လာ ၁၂ ဒသမ ၇၉ ဘီလီယံဖြင့် အရောင်းဈေးကွက်တင်ထားကြောင်း Shanghai United Assets and Equity အိတ်ချိန်းသို့ အကြောင်းကြားခဲ့ပြီးလည်း ဖြစ်သည်။

အိတ်ချိန်းစည်းမျဉ်းများအရ ယခုဈေးကွက်တင်မှုသည် developer က ယင်းစီမံကိန်းကို ဈေးကွက်တင်သည်မှစ၍ တစ်နှစ်အတွင်း ရောင်းချရန် ရည်ရွယ်ထားသည်ဟု ဆိုလိုသည်။

Shanghai Port Group ၏ ထုတ်ပြန်ချက်တွင် ဝယ်လက်ကို အတည်ပြုဖော်ပြထားခြင်းမရှိသော်လည်း ရှန်ဟိုင်းဈေးကွက်ရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ပြည်မကြီးစီးပွားရေးသတင်းဝက်ဘ်ဆိုက် Jiemian.com က ဖော်ပြခဲ့ရာတွင် Capitaland က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စီမံကိန်း ပထမဆင့်တွင် ၂၆၃ မီတာအမြင့်ရှိ မိုးမျှော်တိုက် ၂ လုံးပါဝင်ပြီး လာမည့် ၂၀၁၉ ခုနှစ်၊ မတ်လကုန်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားကာ ကြမ်းခင်းဧရိယာ ၄၂၇၆၀၀ စတုရန်းမီတာ ပါဝင်မည်ဖြစ်သည်။

ပထမ မိုးမျှော်တိုက် တာဝါကို ရုံးခန်းနေရာအဖြစ် ရာနှုန်းပြည့်အသုံးပြုရန် ရည်ရွယ်ထားပြီး အခြားတာဝါကိုမူ ရုံးခန်းနေရာ ၂၁ ထပ်နှင့် အသင့်နေလူနေခန်းများ ၂၄ ထပ်ဖြင့် ဖွဲ့စည်းတည်ဆောက်သွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service