ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဥပဒေသစ် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်း

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဥပဒေသစ် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
17 Oct 2018 10:30 am တွင် တင်ခဲ့သည်
691 ကြိမ် ကြည့်ရှု့ပြီး

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခွင့်ရရန် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဥပဒေကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေကြောင်း သိရ သည်။

အဆိုပါ ဥပဒေကြမ်း ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့် ဦးမြတ်သူက“ပုဂံကို လာစစ်တဲ့ပုဂ္ဂိုလ်က လာမယ့် ဇန်နဝါရီ မှာ ဒီဥပဒေကို အတည်ပြုနိုင်လား မေးတယ်။ အခု ဥပဒေက မူကြမ်းပြီးလို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ပို့ပြီးသွားပြီ။ ဒါကိုစိစစ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြနိုင်မယ်ဆိုရင် အချိန်မီ ပြီးနိုင်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးမြတ်သူသည် မန္တလေးတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးလည်း ဖြစ်သည်။

မန္တလေးတိုင်း ပုဂံဒေသအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသ အဖြစ် သတ်မှတ်ခွင့် ရရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ လလယ်ပိုင်းက ပုဂံဒေသသို့ သီးခြား လွတ်လပ်သော ပညာရှင် အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမွေအနှစ်၊ အဆောက်အအုံများနှင့် ဒေသများ ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ (International Council on Monuments and Sites) က ကွင်းဆင်း လေ့လာခဲ့သေးသည်။

UNESCO သို့ မြန်မာအစိုးရက တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင် အခြေအနေတို့ ကိုက်ညီမှု ရှိ မရှိကို အဆိုပါ ကော်မတီမှ သြစတြေးလျ နိုင်ငံသား ပညာရှင်က ကွင်းဆင်း လေ့လာခြင်း၊ ပုဂံဒေသခံများနှင့် တွေ့ဆုံမေးမြန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့နှင့်လည်း တွေ့ဆုံခဲ့ကာ လက်ရှိ ရေးဆွဲနေသည့် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လာမည့် ဇန်နဝါရီလတွင်အတည်ပြုနိုင်ခြင်း ရှိမရှိ ကို အဓိက မေးမြန်းခဲ့ကြောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အချိန်မီ ပြီးစီးရန် ကတိပြုခဲ့ကြောင်း တွေ့ဆုံပွဲသို့ ကိုယ်တိုင် တက်ရောက်သူ ဝန်ကြီး ဦးမြတ်သူက ရှင်းပြသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service