အိမ်ခြံမြေ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပါစေ

အိမ်ခြံမြေ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပါစေ - Property News in Myanmar from iMyanmarHouse.com
16 Oct 2018 1:23 pm တွင် တင်ခဲ့သည်
1765 ကြိမ် ကြည့်ရှု့ပြီး

ယနေ့ အိမ်ခြံမြေလောက၌ အရောင်းအ၀ယ် များ အေးခဲနေသည်။ အရောင်းမဖြစ် အငှားသာရှိသည်ဟု ပြောကြသည်။ ၀ယ်ထားပြီး (၀ါ)ဥထားပြီး အမြတ်ရမှပြန်ရောင်းမည့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ ရောင်း မထွက် ပိုက်ဘောမိနေသည်။

အိမ်ခြံမြေလောက၌ ယနေ့ ဆူညံဆူညံဖြစ်နေသော ကိစ္စမှာ အိမ်ခြံမြေဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေးကိစ္စဖြစ်သည်။ ယနေ့အိမ်ခြံမြေလောကသားများ၊ ရင်ဆိုင်ကျော်လွှားရမည့် အတားအဆီးအဟန့်အတားတစ်ခုမှာ တိုင်းပြည်၌ အိမ်ခြံမြေ ဥပဒေများ ပြည့်ပြည့်စုံစုံမရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အိမ်ခြံ မြေအသင်းက အိမ်ခြံမြေအကျိုးဆောင်ဥပဒေကြမ်း ရေးဆွဲတင် ပြသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေတိုးတက်ဖွံ့ဖြိုးရေး အသင်းက လည်း ဥပဒေကြမ်းတစ်ခုတင်ပြသည်။ နိုင်ငံတော် အိုးအိမ်ဦးစီး ဌာနကလည်း အိပ်ခန်း တိုက်ခန်းများနှင့်ဆိုင်သော ဥပဒေကြမ်း တစ်ခုရေးဆွဲတင်ပြမည်ဟု ကြားသိရပါသည်။

အိမ်ခြံမြေဥပဒေများသည် မြို့ပြမြေယာများ၊ လယ်ယာ မြေပြဿနာများနှင့်ပါ တွဲချိတ်နေသည်။ အဆောက်အအုံတစ်ခု တည်းစဉ်းစား၍မရ အဆောက်အအုံဆောက်လုပ်မည့် မြေယာ ပြဿနာများကပါ တွဲဘက်ကပ်ပါလာပါသည်။ တိတိကျကျပြော ပါဟုဆိုလျှင် နိုင်ငံခြားသားများကို မြေယာပိုင်ဆိုင်ခွင့်ပေးမလား၊ မပေးဘူးလားဟူသော မေးခွန်းဖြစ်ပါသည်။

နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်သည် သာမန် ကိစ္စလေးမဟုတ်ပါ။ အရှည်ကြည့်ပါက အမျိုးသားရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာအထိ ဆက်စပ်နေသည်။ ကျောက်ဖြူမှ ကူမင်းသို့ဖောက်လုပ်ထားသော ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက် လိုင်းများ၏ဘေး လယ်မြေယာမြေများကို မြန်မာလယ်သမား ထံမှ အပြီးအပိုင်လွှဲပြောင်းဝယ်ယူကြောင်း၊ စာချုပ်စာတမ်းများ ဖြင့် အပြီးအပိုင်ဝယ်ယူထားသည်ကို သုတေသနအဖွဲ့တစ်ခုက ဖော်ထုတ်ခဲ့သည်။ ထိုမြေယာများကို လယ်သမားများက နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိပါ၏လော။ ရောင်းချခြင်း သည် ဥပဒေအရ တရားဝင်ပါသလားဟူသော မေးခွန်းအပေါ် ၌ တိတိကျကျဖြေဆိုရပါမူ နိုင်ငံခြားသားများကို မြေယာပိုင်ဆိုင် ခွင့်ပေးမပေးသည် နိုင်ငံတော်၏မူဝါဒဖြစ်ပါသည်။

အမျိုးသားမြေအသုံးချမူဝါဒနှင့် အမျိုးသားမြေဥပဒေ သည် အရေးကြီးပါသည်။ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင် ခွင့်ပေးသင့် မပေးသင့်သည် ဈေးကွက်စီးပွားရေးစနစ်ဖွံ့ဖြိုး တိုးတက်ရေး၌ အရေးကြီးသော မူဝါဒတစ်ရပ်ဖြစ်ပါသည်။ ထိုပြင် အိမ်ခြံမြေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး၊ အိမ်ခြံမြေဆိုင်ရာဥပဒေ များ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ နည်းဥပဒေများ၌ အရေးပါသော မူဝါဒတစ်ခုဖြစ်ပါသည်။ မြေယာမူဝါဒ၏နိုင်ငံခြားသား ပိုင်ဆိုင် ခွင့် ပြုမပြု မပြတ်သားမှုကြောင့် အချို့သော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေပါသည်။

နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် စဉ်းစားရာ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်၍လည်းကောင်း၊ ဆန့်ကျင်၍လည်းကောင်းမရပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇(က)အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအား လုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ဤ မူဝါဒသည် မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက်အစိုးရများက ကျင့်သုံးခဲ့သော မူဝါဒဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့်လည်း ဆက်စပ်နေပါသည်။ မြန်မာနိုင်ငံကို ဖြတ် ဖောက်နေသော တရုတ်ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းတည် ရှိသော မြေနှင့် ပတ်ဝန်းကျင် မြေများကို နိုင်ငံခြားသား တရုတ် များက ၀ယ်ယူပြီးဖြစ်သည်ဟု သုတေသနအဖွဲ့တစ်ဦးက ပြော ကြားချက်အပေါ် စိုးရိမ်စိတ်များ ဖြစ်မိပါသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဖြူ-ကူမင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်ရေးအတွက် ပိုက်လိုင်းတစ်လျှောက်ရှိ လယ်ယာမြေများ အများစုကို China National Petroleum Corporation South East Asia Pipeline Co.,Ltd (CNPC-SEAP) က မြန်မာတောင်သူများထံမှ တိုက် ရိုက်စာချုပ်ချုပ်ဆိုပြီး အပြီးအပိုင်သဘော ၀ယ်ယူသိမ်းဆည်း ခြင်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း မရှိပါသဖြင့် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ယင်းစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခြင်းဖြစ်စေ၊ အခြားနည်းတစ်ခုခုဖြင့်ဖြစ်စေ ဥပဒေနှင့် ညီညွတ်အောင်ပြုလုပ်ပေးရန် အစီအစဉ်ရှိမရှိ မေး ခွန်းမေးမြန်းခဲ့ပါသည်။

၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ (၃)က မည်သူမျှ နိုင်ငံခြားသား၊ နိုင်ငံခြားသားပိုင်ကုမ်္ပဏီကို မရွှေ့မပြောင်းနိုင် သော ပစ္စည်းရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ် ခြင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်း သည်ကို လက်ခံခြင်းမပြုရဟု ပြဋ္ဌာန်းထားပါသည်။ ဖောက် ဖျက်ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ အများ ဆုံးထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ပါသည်။ ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပါသည်။ မရွှေ့မပြောင်း နိုင်သော ပစ္စည်းသည် နေအိမ်တိုက်တာ အဆောက်အအုံ၊ နေအိမ်တိုက်ခန်းများလည်း ပါဝင်ပါသည်။ ဤဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီပါသည်။

၂၀၁၆ ခုနှစ် စုပေါင်းပိုင်အဆောက်အအုံဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အခန်းများကို နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။ မြေကိုလည်း အချိုးကျပိုင်ဆိုင်ခွင့်ရှိပါ သည်။ အချုပ်အားဖြင့် နိုင်ငံခြားသားများအား မြေပိုင်ဆိုင်ခွင့် ကိုပါ ပေးအပ်ပြီး မရွှေ့မပြောင်းနိုင်သော အခန်းများကိုလည်း ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ယင်းပြဋ္ဌာန်းချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇(က)နှင့်လည်းကောင်း၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်း ကို ကန့်သတ်သည့် ဥပဒေပုဒ်မ (၃)နှင့်လည်းကောင်း၊ ညီညွှတ် ခြင်း ရှိမရှိ စိစစ်ရန်လိုပါမည်။

ဤနိုင်ငံခြားသား မြေယာပိုင်ဆိုင်မှု မူဝါဒကို ပြတ် ပြတ်သားသားမဆုံးဖြတ်ဘဲ ငါးပွက်ရာ ငါးစာချသည့် သဘော မဖြစ်သင့်ပါ။ အာဆီယံနိုင်ငံအချို့၌ အခြားနိုင်ငံသား မြေယာ ပိုင်ဆိုင်ခွင့်ကို မပေးသောနိုင်ငံများလည်း ရှိပါသည်။ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံကြီး နှစ်ခုအကြားရှိသော မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြားသားများ မြေယာဝယ်ယူပိုင်ဆိုင်ခွင့်ပေးရေး မပေးရေးမှုကို အလေးအနက် စဉ်းစားသင့်ပါသည်။

ထို့ပြင် အိမ်ခြံမြေဆိုင်ရာ ဥပဒေများသည် ပြည်ထောင်စု အဆင့်လွှတ်တော်များက ပြဋ္ဌာန်းသင့်သလား၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်က ပြဋ္ဌာန်းရမည်လားဟူသော ဥပဒေပြဿနာ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁)သည် ပြည်ထောင်စုအဆင့်လွှတ်တော်က ပြဋ္ဌာန်းရမည့်ဥပဒေများ စာရင်းဖြစ်ပါသည်။ ဇယား(၂)သည် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်က ပြဋ္ဌာန်းရမည့်ဥပဒေများ စာရင်းဖြစ်ပါသည်။ အိမ်ရာ မြေဖွံ့ဖြိုးရေးဥပဒေများသည် ဇယား(၂)၌ ပါဝင်ပါသည်။ ယခု အိမ်ခြံမြေအသင်းများက အိမ်ခြံမြေဥပဒေများကို ပြည်ထောင်စု လွှတ်တော်အဆင့်သို့ တင်ပြနေခြင်းများအပေါ်၌ သေချာစွာ စိစစ်သင့်ပါသည်။

ဝယ်လိုအားကျဆင်းနေသော ကပ်ကြီးနှင့် ပွဲစားများ အပေါ် ယုံကြည်မှုကပ်ကြီးများကို ...ဆက်လက်ဖော်ပြပါ မည်။

 

ဦးမောင်မောင်ဝင်း(တရားလွှတ်တော်ရှေ့နေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service