(၂၀၁၈) ခုနှစ်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကန်ဒေါ်လာ (၄၄) ဘီလီယံဖိုးအထိ စံချိန်တင် အရောင်းအဝယ်ဖြစ်

(၂၀၁၈) ခုနှစ်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကန်ဒေါ်လာ (၄၄) ဘီလီယံဖိုးအထိ စံချိန်တင် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
15 Oct 2018 12:49 pm တွင် တင်ခဲ့သည်
1248 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကန်ဒေါ်လာ ၄၄ ဘီလီယံဖိုးအထိ စံချိန်တင် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယခုနှစ်စမှ စက်တင်ဘာလကုန်အထိ အိမ်ခြံမြေအရောင်းအဝယ်ပေါင်း ၃၉၈၀၂ ဖြစ်ပေါ်ခဲ့ပြီး တန်ကြေးအားဖြင့် အာရပ်ငွေ ဒါဟမ်းစ် ၁၆၂ ဘီလီယံ( ကန်ဒေါ်လာ ၄၄ ဘီလီယံ) ဖိုးအထိ ရှိခဲ့ကာ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် developer တို့အကြား အကောင်းမြင်စိတ်များ၏ မောင်းနှင်ပေးမှုကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ် ပထမ ၉ လတာအတွင်း အိမ်ခြံမြေအရောင်းအဝယ်ပေါင်း ၂၅၄၇၃ မှာ တန်ကြေး ဒါဟမ်းစ်ငွေ ၅၆ ဒသမ ၆ ဘီလီယံ၊ အိမ်ခြံမြေချေးငွေစာချုပ် အရောင်းအဝယ်များမှ တန်ကြေး ဒါဟမ်းစ်ငွေ ၈၆ ဘီလီယံနှင့် အခြားအရောင်းအဝယ် ၃၄၈၆ ၏ တန်ကြေးမှာ ဒါဟမ်းစ်ငွေ ၁၉ ဒသမ ၃ ဘီလီယံရှိခဲ့ကြောင်း ဒူဘိုင်းမြေယာဦးစီးဌာန၏ အိမ်ခြံမြေလေ့လာရေးနှင့် သုတေသနဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ Wan သတင်းအေဂျင်စီက ထုတ်ပြန်သည်။

ဒူဘိုင်းမြေယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆူလ်တန် ဘူတီ ဘင် မက်ဂ်ျရန်းက ပြောကြားရာတွင် “ဆုံးဖြတ်ချက်တွေရဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို အိမ်ခြံမြေဈေးကွက်ထဲမှာရှိတှဲ့ သက်ဆိုင်ရာနယ် အမျိုးမျိုးမှာ အထင်အရှားတွေ့ရမှာပါ။

ဒီလို ကောင်းမွန်တဲ့ ပဲ့တင်ထပ်မှုတွေဟာ ရေတိုနဲ့ ရေရှည် တစ်ဦးချင်းအသုံးပြုမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် ရောင်းလိုအားသစ်တွေ ဆက်လက်ဖြစ်ပေါ်နေစေမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုနှစ် ပထမ ၉ လတာအတွင်း ရင်းနှီးမြှုပ်နှံသူပေါင်း ၂၁၆၀၅ ဦးထံမှ ရင်းနှီးမြှုပ်နှံမှုပေါင်း ၂၇၁၇၄ ကြိမ်ရရှိခဲ့ပြီး စုစုပေါင်းတန်ကြေးအားဖြင့် ဒါဟမ်းစ်ငွေ ၅၀ ဘီလီယံဖိုးနီးပါး ရှိခဲ့သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှ ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပြီး ၁၆ ဦးမှာ ပင်လယ်ကွေ့ဒေသမှ အာရပ်လူမျိုးများဖြစ်ကြပြီး ကျန် ၁၄၂ ဦးမှာ အခြားနိုင်ငံသားများ ဖြစ်ကြသည်။

ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ၁၀ ဦးကို နိုင်ငံသားအရကြည့်မည်ဆိုလျှင် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံသားတို့မှာ ထိပ်ဆုံးမှ ဦးဆောင်နေပြီး အာရပ်တို့က ရင်းနှီးမြှုပ်နှံမှုပေါင်း ၄၁၁၂ ဖြင့် ဒါဟမ်းစ်ငွေ ၉ ဒသမ ၄ ဘီလီယံဖိုးရင်းနှီးမြှုပ်နှံခဲ့ပြီး အိန္ဒိယနိုင်ငံသားတို့ကမူ ရင်းနှီးမြှုပ်နှံမှုပေါင်း ၄၆၇၆ ဖြင့် ဒါဟမ်းစ်ငွေ ၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service