ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် သေမင်းစံအိမ်ကြီး

ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် သေမင်းစံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
15 Oct 2018 12:34 pm တွင် တင်ခဲ့သည်
2394 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် စံအိမ်ကြီးတစ်လုံးရှိနေပြီး သေမင်းစံအိမ်ဟု အမည်ပေးထားကြသည်။

တည်နေရာမှာ နယူးယောက်မြို့၊ ဂရင်းဝစ်ခ်ျကျေးရွာ၊ အနောက် ၁၀ လမ်း၊ အမှတ် ၁၄ တွင် တည်ရှိသည့် အဆောက်အအုံကြီး ဖြစ်သည်။

နေအိမ်ကြီးမှာ ကြီးမားထည်ဝါလှသော်လည်း သမိုင်းကြောင်းကား မကောင်းလှချေ။

အမေရိကန်ပြည်တွင်းစစ်ကြီး စတင်လုဆဲအချိန် ၁၈၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ကြီးအတွင်း လူပေါင်း ၂၂ ဦး သေဆုံးခဲ့ခြင်းကြောင့် သေမင်းစံအိမ်ဟု အများက ခေါ်ဝေါ်ကြသည်။

ယင်းနောက်ပိုင်းကတည်းက ၎င်းတို့၏ဝိဥာဉ်များသည် မကျွတ်မလွတ်ဘဲ စံအိမ်ကြီးအတွင်း တည်ရှိနေခဲ့ကြသည်ဟု ဆိုသည်။

ဒေသခံများက ပြောကြားရာတွင် စာရေးဆရာကြီး မာ့ခ်တွိန်း၏ ဝိဥာဉ်ကိုလည်း တွေ့ကြရသည်ဟု ဆိုကြသည်။

မာ့ခ်တွိန်းသည် ယခုအဆောက်အအုံကြီးတွင် ၁၉၀၀ ပြည့်နှစ်မှ ၁၉၀၁ ခုနှစ်အထိ နေထိုင်သွားခဲ့ခြင်း ဖြစ်သည်။

မာ့ခ်တွိန်း၏ ဝိဥာဉ်အပါအဝင် အခြားကျောချမ်းဖွယ်ရာ ဝိဥာဉ်များစွာသည် ဂရင်းဝစ်ခ်ျရွာ

စံအိမ်ကြီးတွင် ရာစုနှစ်တစ်ခုကျော် ခြောက်လှန့်နေခဲ့ကြခြင်း ဖြစ်သည်။

Washington Square Park အနီးတွင် တည်ရှိသည် အမှတ် ၁၄ အဆောက်အအုံကြီးတွင် နယူးယောက်အကျော်အမော်များစွာ နေထိုင်သွားခဲ့ကြဖူးရာ မြို့ပြမြေအောက်ရထားလမ်းစနစ် စတင်တည်ထောင်ခဲ့သူ ဂျိမ်းစ် ဘိုးမန်း ဂျွန်ဆင်၏ ဇနီးလည်း အပါအဝင် ဖြစ်သည်။

မာ့ခ်တွိန်းသည် ယခုနေအိမ်ကြီးတွင် တစ်နှစ်ခန့်သာ နေထိုင်ခဲ့ဖူးပြီး ကွန်နက်တီကပ်ပြည်နယ်တွင် သေဆုံးခဲ့ခြင်းဖြစ်သော်လည်း ယခုနေအိမ်ကြီးတွင် သူ၏ဝိဥာဉ်ကို တွေ့မြင်ခဲ့ကြသည်ဟု ဆိုကြခြင်း ဖြစ်သည်။

အဆောက်အအုံကြီး၏ ပထမထပ်တွင် မာ့ခ်တွိန်းကို အဖြူရောင်ဝတ်စုံဖြင့် တွေ့မြင်ခဲ့ကြသူများစွာရှိသည်။

၁၉၃၀ ပြည့်လွန်ကာလများအတွင်းက အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူတို့က ယင်းအဆောက်အအုံကြီး၏ ပြတင်းပေါက်တွင် မာ့ခ်တွိန်းနှင့် ဆင်တူသော ဝိဥာဉ်ကို တွေ့ခဲ့ကြသည်ဟု ဆိုသည်။

ယင်းသို့ တွေ့မြင်ခဲ့ကြပြီး နှစ်အနည်းငယ်အကြာတွင် မိသားတစ်စုစာနေအိမ်သာဖြစ်သည့် အဆောက်အအုံကို လူနေခန်း ၁၀ ခန်းပါ အဆောက်အအုံကြီးအဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ကြသည်။

ထိုသို့ ပြောင်းလဲဆောက်လုပ်ခဲ့ကြသော်လည်း ဝိဥာဉ်တို့၏ ခြောက်လှန့်မှုများမှာမူ နိဂုံးချုပ်မသွားခဲ့ချေ။

၁၉၅၇ ခုနှစ်တွင်ကား ရုပ်ရှင်မင်းသမီး ဂျန် ဘရိုင်ယန့် ဘာတဲလ်နှင့် ခင်ပွန်းဖြစ်သူတို့က အပေါ်ဆုံးထပ်ရှိအခန်းသို့ ပြောင်းရွှေ့နေထိုင်လာကြသည်။

ပြောင်းရွှေ့လာပြီးနောက် ချက်ချင်းဆိုသလိုပင် ထူးဆန်းသည့် အရိပ်ကြီးတစ်ခု ရွေ့လျားသွားကာ နောက်ကျောတွင် လာရပ်ခဲ့သည်ဟု ခံစားလိုက်ရသည်။

အဆိုပါနေအိမ်မှ ပြန်လည်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း သူ၏ ဘဝဖြတ်သန်းမှုအတွေ့အကြုံများကို ရေးသားထုတ်ဝေသော စာအုပ်အတွင်း ဘာတဲလ်က ရေးသားခဲ့ရာတွင် သူ၏လည်ပင်းနောက်သို့ ပွတ်သတ်လိုက်သည်မျိုး ဖြစ်ပွားခဲ့ဖူးပြီး နေအိမ်ခန်းတစ်ခုလုံးတွင်လည်း အပုပ်နံ့ရနေလေ့ရှိသည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service