တူရကီဘီလျံနာကြီးက ဥရောပရှိ ဇိမ်ခံဟိုတယ်ကြီးများကို ရောင်းထုတ်ရန် စီစဉ်နေပြီး ဝယ်လက်ရှာဖွေလျက်ရှိ

တူရကီဘီလျံနာကြီးက ဥရောပရှိ ဇိမ်ခံဟိုတယ်ကြီးများကို ရောင်းထုတ်ရန် စီစဉ်နေပြီး ဝယ်လက်ရှာဖွေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
12 Oct 2018 12:41 pm တွင် တင်ခဲ့သည်
1503 ကြိမ် ကြည့်ရှု့ပြီး

တူရကီ ဘီလျံနာကြီး ဖီရစ် ဆာဟန့်ခ်၏ Dogus Holding AS ကုမ္ပဏီသည် Capri Palace ဟိုတယ်အပါအဝင် ဥရောပတောင်ပိုင်းတစ်ခွင်ရှိ ဇိမ်ခံဟိုတယ်ကြီးများအားလုံးကို ရောင်းထုတ်ရန် စီစဉ်နေပြီး ဝယ်လက်ရှာဖွေလျက်ရှိသည်။

Dogus Holding AS ကုမ္ပဏီသည် Zuma and Nusr-Et အပါအဝင် စားသောက်ဆိုင်အုပ်စုကြီးကိုလည်း ပိုင်ဆိုင်ထားသည်။

လက်ရှိအားဖြင့် Villa Dubrovnik နှင့် စပိန်နိုင်ငံ ၊ မက်ဒရစ်မြို့ရှိ Hotel Villa Magna ၊ အီတလီနိုင်ငံ ရောမမြို့ရှိ Aldrovandi Villa Borghese Hotel တို့ကို ရောင်းချရန် အလားအလာရှိသော ဝယ်လက်တို့နှင့် ဆွေးနွေးလျက်ရှိကြောင်း ထဲထဲဝင်ဝင် သိရှိထားသူတစ်ဦးက ပြောကြားသည်။

အဆိုပါဟိုတယ်များအနက် အချို့ကို မူလက ပိုင်ဆိုင်ခဲ့သည်မှာ ချမ်းသာကြွယ်ဝသည့် မိသားစုများက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး တစုတစည်းတည်း ရောင်းချသည်ထက် ဟိုတယ်တစ်လုံးချင်းသာ ရောင်းချသွားမည်ဖြစ်သည်ဟု ဆိုသည်။

ဟိုတယ်များကို ဝယ်ယူကြမည့် အလားအလာရှိသော ဝယ်လက်တို့မှာ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်ရှိ Grand Hyatt ဟိုတယ်ရောင်းချရန်လည်း ဝယ်လက်ရှာဖွေလျက်ရှိနေသည်။

Dogus Holding AS ၏ ဟိုတယ်များသည် ချမ်းသာကြွယ်ဝသူများနှင့် အကျော်အမော်ပုဂ္ဂိုလ်တို့အကြား နာမည်ကျော်သည်။

အီတလီနိုင်ငံရှိ Capri Palace ဟိုတယ်တွင် အခန်းပေါင်း ၆၈ ခန်း ပါဝင်ပြီး ယခုလအတွင်း တစ်ညတည်းခိုနှုန်းပေါက်ဈေးမှာ ယူရိုငွေ ၈၁၆၃ (မြန်မာငွေ သိန်း ၁၅၀ ကျော်- ၂၀၁၈ ၊ အောက်တိုဘာ ၁၂ ရက်ငွေလဲနှုန်း ၁ ယူရိုလျှင် မြန်မာငွေ ၁၈၄၆ ကျပ်ဖြင့် တွက်ချက်ထားပါသည်) ခန့်အထိ ကျသင့်ခဲ့သည်။

မစ္စတာ ဆာဟန့်ခ်သည် တူရကီ၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး Turkiye Garanti Bankasi AS တွင် ၎င်းပိုင်ဆိုင်ထားသော ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ရှယ်ယာ ၃၁ ရာခိုင်နှုန်းကို ရောင်းထုတ်ခဲ့ပြီးနောက် တူရကီပြည်တွင်းနှင့် ပြည်ပတို့တွင် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများတွင် အလုံးအရင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service