တရုတ်နိုင်ငံသားများ ကမ္ဘာလှည့်ခရီးသွားလာမှု မြင့်တက်နေခြင်းကို အမိအရအခွင့်အလမ်းရယူနိုင်ရန် ထိုင်းဘီလျံနာကြီးက ဟိုတယ်အင်ပါယာ တိုးချဲ့

တရုတ်နိုင်ငံသားများ ကမ္ဘာလှည့်ခရီးသွားလာမှု မြင့်တက်နေခြင်းကို အမိအရအခွင့်အလမ်းရယူနိုင်ရန် ထိုင်းဘီလျံနာကြီးက ဟိုတယ်အင်ပါယာ တိုးချဲ့ - Property News in Myanmar from iMyanmarHouse.com
12 Oct 2018 12:31 pm တွင် တင်ခဲ့သည်
1224 ကြိမ် ကြည့်ရှု့ပြီး

တရုတ်နိုင်ငံသားများ ကမ္ဘာလှည့်ခရီးသွားလာမှု မြင့်တက်နေခြင်းကို အမိအရအခွင့်အလမ်းရယူနိုင်ရန်အတွက် ထိုင်းဘီလျံနာကြီး ဝီလျံ ဟိန်းနက်ကီသည် သူ၏ Minor International ဟိုတယ်အင်ပါယာ တိုးချဲ့ရန် စီစဉ်လာသည်။ဟိန်းနက်ကီ၏ Minor International က စပိန်နိုင်ငံမှ ဟိုတယ်အုပ်စုကြီးဖြစ်သော NH Hotel Group ကို ဝယ်ယူလိုက်ပြီဟု ဆိုသည်။

မစ္စတာ ဟိန်းနက်ကီသည် အမေရိကန်ဖွား ၊ ထိုင်းလူမျိုးတစ်ဦးဖြစ်ပြီး တရုတ်ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်းမြင့်တက်လာသည့် အခြေအနေတွင် အခွင့်အလမ်းကို အမိအရ ရယူနိုင်ရေးနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး၏ သော့ချက်မှာ ဟိုတယ်အုပ်စု၏ အရွယ်အစား ပမာဏဖြစ်သည်ဟု ဆိုသည်။

“မျက်မှောက်ကာလမှာ ယှဉ်ပြိုင်နိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းရှိဖို့က အရွယ်အစားပမာဏပဲ ဖြစ်ပါတယ်” ဟု Minor International ၏ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ မစ္စတာဟိန်းနက်ကီက ဘန်ကောက်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။

“ခင်ဗျားရဲ့ လုပ်ငန်းက ကြီးထွားတိုးတက်နေမှုမရှိဘူးဆိုရင် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ သိပ်ခက်ပါတယ်”

တရုတ်ကမ္ဘာလှည့်ခရီးသွားဦးရေပမာဏသည် ၂၀၁၆ ခုနှစ်အတွင်း ၆ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ပြီး ကိန်းဂဏန်းအားဖြင့် ၁၃၅ သန်းအထိ ရှိခဲ့ပြီး ၎င်းတို့၏ သုံးစွဲငွေမှာ ကန်ဒေါ်လာ ၂၆၁ ဘီလီယံအထိ ရှိခဲ့ကာ ကမ္ဘာ့ဈေးကွက်တစ်ခုလုံး၏ ၅ ပုံ ၁ ပုံခန့်အထိ ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့ ကမ္ဘာလှည့်ခရီးသွားအဖွဲ့ကြီး၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ယင်းပမာဏမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး နိုင်ငံကူးလက်မှတ်ရှိသည့် တရုတ်နိုင်ငံသားအရေအတွက်သည် လာမည့် ၂ နှစ်တာ ကာလအတွင်း သန်း ၂၄၀ ခန့်အထိရှိလာမည်ဟု ခန့်မှန်းထားသည်။

“ကျွန်တော့်တစ်ဘဝလုံး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို စောင့်ကြည့်နေခဲ့ရာမှာ တစ်ခါမှ ခရီးသွားဦးရေ ကျဆင်းသွားတာ မတွေ့ပါဘူး။ ဒါက ပိုမိုလျင်မြန်တဲ့လမ်းကြောင်းတစ်ခုပေါ်ကို ရောက်လာတော့မယ်လို့ ကျွန်တော်ယူဆပါတယ်။ တရုတ်လူမျိုးတွေက ဒါကို တွန်းအားဖြည့်ပေးနေတာဖြစ်ပါတယ်” ဟု မစ္စတာဟိန်းနက်ကီက ပြောကြားသည်။

Minor International ဟိုတယ်အင်ပါယာတွင် Anantara ဇိမ်ခံအပန်းဖြေစခန်းများနှင့် AVANI ဟိုတယ်များလည်း ပါဝင်ပြီး အများစုမှာ ထိုင်းနိုင်ငံတွင် တည်ရှိသည်။

ဖူးခက်ရှိ JW Marriott ဟိုတယ်တစ်လုံးနှင့် ထိုင်းပြည်တွင်းရှိ Four Seasons ဟိုတယ်အချို့မှာလည်း Minor International ၏ ပိုင်ဆိုင်မှုများတွင် ပါဝင်သည်။

ထို့အပြင် အာဖရိကရှိ Elewana Collection၊ အာရှ-ပစိဖိတ်ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတို့ရှိ Oaks Hotels & Resorts ၊ ပေါ်တူဂီတွင် ကြယ် ၄ ပွင့်မှ ကြယ် ၅ ပွင့်အဆင့်ရှိ Tivoli ဟိုတယ်နှင့် အပန်းဖြေစခန်းများလည်း ပိုင်ဆိုင်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service