အိန္ဒိယမြို့များတွင် ကမ္ဘာ့အမြန်ဆုံးမြင့်တက်သော လူနေအိမ်ခြံမြေဈေးနှုန်းများ ရှိနေ

အိန္ဒိယမြို့များတွင် ကမ္ဘာ့အမြန်ဆုံးမြင့်တက်သော လူနေအိမ်ခြံမြေဈေးနှုန်းများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
12 Oct 2018 10:58 am တွင် တင်ခဲ့သည်
958 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယ၏ လူနေအိမ်ခြံမြေဈေးနှုန်းများသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် အလျင်အမြန် မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank မှ ၎င်းဒုတိယသုံးလပတ်အတွက် ထုတ်ပြန်လိုက်သော ကမ္ဘာ့မြို့များ၏ လူနေအိမ်ခြံမြေညွှန်းကိန်းစာရင်းအရ သိရသည်။

စာရင်း၏ ထိပ်တန်းမြို့ ၁၀ မြို့တွင် အိန္ဒိယမြို့ ၃ မြို့ပါဝင်သည်။ ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် အမီဒါဘတ်ရှိ ပျမ်းမျှလူနေအိမ်ခြံမြေဈေးနှုန်းသည် ပြီးခဲ့သည့်နှစ် ဇွန်လထက် ယခုနှစ် ဇွန်တွင် ၁၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဟိုက်ဒရာဘတ်ရှိ လူနေအိမ်ခြံမြေဈေးနှုန်းများသည်လည်း ကမ္ဘာ့တတိယအမြန်ဆုံးနှုန်းအဖြစ် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပူနေးမြို့တွင်လည်း ၁၃ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

“အိန္ဒိယစီးပွားရေးဟာ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အထိ တစ်နှစ်တာအတွင်း ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါဟာ အိမ်ခြံမြေဝယ်လိုအားနဲ့ သုံးစွဲသူယုံကြည်မှု ကျယ်ပြန့်လာတာပါ” ဟု Knight Frank က တရားဝင်ထွက်ရှိထားသော စီးပွားရေးကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ အစီရင်ခံခဲ့သည်။

အမီဒါဘတ်နောက်မှ ကမ္ဘာ့ဒုတိယအမြန်ဆုံးနှုန်းအဖြစ် တူရကီနိုင်ငံ အစ္စမီးယားမြို့က ၁၆ ဒသမ ၂ မြင့်တက်နှုန်းဖြင့် မြင့်တက်ခဲ့သည်။ ယင်းကမ္ဘာ့မြင့်တက်မှုနှုန်းအမြန်ဆုံး ၁၀ မြို့တွင် ဟောင်ကောင်က မြင့်တက်နှုန်း ၁၅ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်ခဲ့ပြီး ဟိုဘာ့ထ်၊ ဘူဒါပတ်စ်၊ ရော်တာဒမ်၊ အမ်ဒတာဒမ်နှင့် ဗန်ကူးဗားတို့လည်း ပါဝင်ခဲ့သည်။

ကမ္ဘာတွင် အာရှက ပြီးခဲ့သည့်နှစ်ဇွန်မှ ယခုနှစ်ဇွန်အထိ တစ်နှစ်တာအတွင်း မြင့်တက်နှုန်း ၅ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပျမ်းမျှလူနေအိမ်ခြံမြေဈေးနှုန်းအမြင့်တက်ဆုံးဒေသဖြစ်ခဲ့သည်။ မြောက်အမေရိကနှင့် ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ကွာဟခဲ့သည်။

Knight Frank က ကမ္ဘာ့မြို့ပေါင်း ၁၅၀ ကို စောင့်ကြည့်လေ့လာကာ အဆိုပါစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့များအနက် ၁၂၃ မြို့တွင် လူနေအိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service