အမေရိကန် ဒေါ်လာတန်ဖိုး ကျပ် ၁,၆၀၀ ပြန်ရောက်

အမေရိကန် ဒေါ်လာတန်ဖိုး ကျပ် ၁,၆၀၀ ပြန်ရောက် - Property News in Myanmar from iMyanmarHouse.com
12 Oct 2018 10:26 am တွင် တင်ခဲ့သည်
13671 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် တစ်ကျော့ပြန် မြင့်တက် လာသည့် အမေရိကန်ဒေါ်လာ တန်ဖိုးသည် အောက်တိုဘာ ၁၁ ရက်က တစ်ဒေါ်လာကျပ် ၁,၆၀၀ သို့ ပြန်လည်ရောက်ရှိလာသည်။

အောက်တိုဘာ ၄ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ၁,၅၁၅ ကျပ်အထိ ကျဆင်းပြီး နောက် တစ်ပတ်အတွင်း ၈၅ ကျပ် ပြန်လည်မြင့်တက်ခြင်း ဖြစ်သည်။

‘‘၀ုန်းဆိုကျသွားပြီး ခုန်တက် လာတာက မကောင်းဘူး’’ ဟု ကမ္ဘာ့ရတနာဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဒုတိယ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာတန်ဖိုး ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခြင်းက ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းများအတွက် အခက် အခဲ ဖြစ်စေသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

တရားမ၀င် နိုင်ငံခြားငွေ ရောင်းဝယ်သူအချို့ကို ဒေါ်လာ ဈေးကစားမှုဖြင့် အစိုးရက စစ် ဆေး ဖမ်းဆီးမှုများရှိသော်လည်း တစ်ပတ်အတွင်း တန်ဖိုးပြန်လည် မြင့်တက်လာခြင်းသည် ကျပ်ငွေ တန်ဖိုးအပေါ် ယုံကြည်မှုနည်းသူ များရှိသကဲ့သို့ ဒေါ်လာဝယ်ရောင်း ကစားသူများ ကျန်နေသေးခြင်း ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဘဏ်လုပ်ငန်းရှင်အချို့က သုံးသပ်သည်။

‘‘ဖမ်းလိုက်တော့ ၀ယ်မရ ဘူး။ ပစ္စည်းရှားပြီး ဈေးပြန်တက် လာတဲ့ သဘောလည်း ဖြစ်နိုင် တယ်’’ ဟု အငြိမ်းစား ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကပြော သည်။ ဈေးကစားသူများကို ဖမ်း ဆီးခြင်းသည် ယာယီသာဈေးချ နိုင်မည်ဖြစ်ပြီး ရေရှည် ဖြေရှင်းလို ပါက ဗဟိုဘဏ်က မူဝါဒများ ချ မှတ်ပြီး ထိန်းကျောင်းရန် လိုအပ် သည်ဟု ဘဏ်လုပ်ငန်းအကြံပေး ဦးရဲမင်းဦးက ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ခြင်းက ဈေးက စားသူများအပြင် ကုန်သွယ်မှုလို ငွေရှိနေခြင်း၊ ပြည်တွင်း နိုင်ငံခြား အရန်ငွေအားနည်းခြင်း၊ အစိုးရ ဘတ်ဂျက်တွင် နိုင်ငံခြားငွေဖြင့် သုံးစွဲရမည့် အသုံးစရိတ်များရှိနေ ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အ ၀င်နည်းခြင်းစသည်တို့က အဓိ က အချက်များဖြစ်သည်ဟု အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။

‘‘ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေက ကျပ်ငွေအ ပေါ်မယုံတဲ့အတွက် ဒေါ်လာတွေ ၀ယ်စုနေတာလည်း ရှိနေတယ်’’ ဟု ဦးသန်းစိုး(ဘောဂဗေဒ) က ပြောသည်။

ထို့အပြင် ပြည်တွင်း ဈေး ကွက်တွင် ဒေါ်လာတန်ဖိုး ဆက် တိုက်မြင့်တက်လာခြင်းကြောင့် ၎င်းနှင့် ဆက်စပ်သော သွင်းကုန် ဈေးနှုန်း မြင့်တက်ခြင်း၊ အထွေ ထွေကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုများ ကြုံတွေ့ ပြီး နိုင်ငံရေးအထိ ရိုက်ခတ်မှုများ ရှိနိုင်သည်ဟု ၎င်းကဆိုသည်။

အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်ပြီး ကျပ်ငွေ တန်ဖိုးကျ ဆင်းခြင်း ကုစားရန် ပြည်တွင်း တွင် ဒေါ်လာသုံးစွဲနေမှု ရပ်တန့် အောင်အစိုးရက လုပ်ဆောင်ရန် လိုအပ်သည်ဟု ဘဏ်လုပ်ငန်းရှင် များကပြောသည်။

ဗီယက်နမ်၊ ထိုင်း စသည့် နိုင်ငံများကဲ့သို့ ပြည်တွင်းငွေတစ် မျိုးကိုသာ သုံးစွဲနိုင်မည့် အစီအ စဉ်များ ပြောင်းလဲရန် တိကျခိုင် မာသည့် မူဝါဒများ ချမှတ်ရန်လို အပ်သည်ဟု ဒေါက်တာလှညွန့်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တစ်လလျှင် ပြည်ပမှ စက်သုံးဆီတင်သွင်းရာ၌ သုံးစွဲနေသော ဒေါ်လာသန်း ၄၅၀ ခန့်ကို ထိန်းနိုင်လျှင်လည်း ဒေါ်လာအသုံး လျော့နည်းနိုင်သည်ဟု ဦးသန်းစိုး(ဘောဂဗေဒ) က အကြံပြုသည်။အစိုးရက ကားသုံးစွဲမှုများ စီစဉ်လျှော့ချသည့် မူဝါဒမျိုး လက်ရှိတွင်ဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုဖြေရှင်းဆောင်ရွက်ရန် စီးပွားရေးပညာရှင်များ အပါအ၀င်ပညာရှင်များ စုစည်းကာ အဖြေရှာသည့်ဆွေးနွေးပွဲများ ပြုလုပ်သင့်သည်ဟု ဦးသန်းလွင်က ဆိုသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service