ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ ကန်ဆင်တန်နန်းတော်တွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်လျက်ရှိ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့ ကန်ဆင်တန်နန်းတော်တွင် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Oct 2018 12:22 pm တွင် တင်ခဲ့သည်
1577 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ ကန်ဆင်တန်နန်းတော်ကြီးကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ ယခုအချိန်တွင် အခန်းပေါင်း ၂၁ ခန်းပါ နန်းတော်ကြီးမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်တို့၏ ချစ်ဗိမ္မာန်သစ်အဖြစ် နေထိုင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

မကြာမီတွင် ဟယ်ရီတို့ ဇနီးမောင်နှံသည် အခြားနာမည်ကျော် တော်ဝင်စုံတွဲဖြစ်သည့် မင်းသားဝီလျံ၊ ကြင်ယာတော် ကိတ် မစ်ဒယ်လ်တန်တို့နှင့် ဘေးချင်းကပ် နေထိုင်ကြရတော့မည်ဖြစ်သည်။

ကန်ဆင်တန်နန်းတော်ကို ပြုပြင်မွမ်းမံလျက်ရှိသည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြင်ဆင်စရိတ် ပေါင် ၁ ဒသမ ၄ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၈၃ သန်း) ခန့် ကုန်ကျခဲ့ကာ ယခုရက်သတ္တပတ်အတွင်း တရားဝင်အပြီးသတ်သွားခဲ့ခြင်းလည်း ဖြစ်သည်။

ပြုပြင်မွမ်းမံမှုများကို အမိုးနှင့် ပြတင်းများအား အဓိကပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘေးချင်းကပ်လျက်တွင် ဝီလျံနှင့် ကိတ်တို့၏ စံအိမ်တော်နှင့် နီးကပ်စွာတည်ရှိရာ တော်ဝင်စုံတွဲများသည် ၎င်းတို့၏ စံအိမ်များအကြား ဆက်သွယ်ထားသည့်တံတားမှ တဆင့် အပြန်အလှန် အလည်အပတ်သွားရောက်နိုင်ကြမည် ဖြစ်သည်။

လက်ရှိအားဖြင့်မူ ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် နော်တင်ဟမ်စံအိမ်တွင် နေထိုင်လျက်ရှိဆဲ ဖြစ်၏။

နော်တင်ဟမ်စံအိမ်သည် မင်းသားဟယ်ရီ လူပျိုဘဝက နေထိုင်ခဲ့သည့် စံအိမ်လည်း ဖြစ်သည်။

ကန်ဆင်တန်နန်းတော်သို့ ရောက်လျှင် မီဂန်မာကယ်နှင့် ဟယ်ရီတို့ အိမ်နီးချင်းအဖြစ် တွေ့ဆုံရမည်မှာ ဝီလျံနှင့် ကိတ်တို့ တော်ဝင်စုံတွဲမျှသာ မဟုတ်သေးချေ။

မင်းသမီး ယူဂျင်းနှင့် ဂျက်ခ် ဘရွတ်စ်ဘန့်ခ်တို့သည်လည်း ကန်ဆင်တန်နန်းတော်ဝန်းရှိ အိုင်ဗီစံအိမ်တော်တွင် နေထိုင်လျက်ရှိကြသည်။

ဂျက်ခ် ဘရွတ်စ်ဘန့်ခ်သည် အောက်တိုဘာ ၁၂ ရက်တွင် ထိမ်းမြားမင်္ဂလာဆောင်နှင်းရန် စီစဉ်ထားသည်။

ကန်ဆင်တန်နန်းတော်ဝန်းတွင် နေထိုင်လျက်ရှိသူ တော်ဝင်မိသားစုဝင်ပေါင်း ၁၅ ဦးခန့်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Gucci မိသားစုနှင့် Calvin Klein တို့အပြင် အီတလီ သံအမတ်ကြီးများ နေထိုင်ခဲ့ဖူးသော နယူးယောက်မှ စံအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရီးရဲမက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် အန်ဆယ်လော့တီ၏ မက်ဒရစ်မြို့က စံအိမ်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိုးယူခံရမှုတွင် ကူညီရောင်းချပေးခဲ့သည့်အမျိုးသား ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရ...

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က ဗြိတိန်တွင် အိမ်ရှာဖွေမှု အလွန်များပြားလာနေ...

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service