မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အမြဲတမ်းလာရောက်လည်ပတ်ခွင့်ရရှိပြီး တစ်လအတွင်း နိုင်ငံပေါင်းစုံမှ ခရီးသွား ၂၇ ဦးသာ ၀င်ရောက် လည်ပတ်ခဲ့

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အမြဲတမ်းလာရောက်လည်ပတ်ခွင့်ရရှိပြီး တစ်လအတွင်း နိုင်ငံပေါင်းစုံမှ ခရီးသွား ၂၇ ဦးသာ ၀င်ရောက် လည်ပတ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
11 Oct 2018 11:29 am တွင် တင်ခဲ့သည်
2249 ကြိမ် ကြည့်ရှု့ပြီး

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက် လည်ပတ်ခွင့်ရရှိပြီး တစ်လအတွင်းတွင် နိုင်ငံပေါင်းစုံမှ ခရီးသွား ၂၇ ဦး ၀င်ရောက်ခဲ့ပြီးနောက် မကြာမီကာလတွင် ၎င်းထက် ပိုမိုဝင်ရောက်နိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောတင့်လွင်က ပြောကြားသည်။

အဆိုပါ အမြဲတမ်း လာရောက်လည်ပတ်ခွင့်ကို မန္တလေး မတ္တရာလမ်းပိုင်းက လာရောက်လည်ပတ် ခွင့်ပြုပြီး မြို့ပေါ်မှာပဲ လည်ပတ်ခွင့်ရှိမည်ဟု ၎င်းက ပြောကြားသည်။

“နိုင်ငံခြားသားတွေ မိုးကုတ်မြို့ကို သွားရောက် လည်ပတ်ခွင့်ကို သမ္မတရုံးက သဘောတူညီချက်နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူ ခွင့်ပြုချက်ပေးတယ်။ ဒါက ယခင်က ကန့်သတ်နယ်မြေဖြစ်တဲ့အတွက် သွားခွင့်ကို ခွင့်ပြုချက်တွေ ယူရတာ ခက်ခဲတယ်။ ကန့်သတ်ထားသည့် အတွက်ကြောင့် ယခုနိုင်ငံခြားသားတွေ သွားလာခွင့်ကို ဖြေလျော့ပေးလိုက်တယ်။ ခွင့်ပြုချက်ကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကိုသွားတဲ့ နိုင်ငံခြားသားတွေနဲ့ ခရီးသွားလုပ်ငန်းတွေနှင့် ချိတ်ဆက်ပြီး ဟိုတယ်ခရီးကနေတစ်ဆင့် လျှောက်ထားပြီး ဟိုတယ်ခရီးက ထောက်ခံပြီး တိုင်းဒေသကြီးအစိုးရဖွဲ့ထံ လျှောက်လွှာတင်ရတယ်။ နိုင်ငံခြားသားပတ်စပို့နှင့် ခရီးစဉ် နောက်အသုံးပြုမည့်ယာဉ် ပြီးတော့လိုက်ပါမည့် ဧည့်လမ်းညွှန် နောက်ကုမ္ပဏီ လိုင်စင်ရယ် ကုမ္ပဏီက နိုင်ငံခြားသားနှင့် ပတ်သက်ပြီး တာဝန်ယူတယ်။ စည်းကမ်းချက်တွေ လိုက်နာပါမည်ဆိုသည့် ကတိဝန်ခံချက်တွေနှင့်အတူ တင်ရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခွင့်ပြုချက်ပေးပါတယ်။ ခွင့်ပြုတဲ့အခါမှာ မိုးကုတ်မြို့ပေါ်ကိုပဲ ခွင့်ပြုထားပါတယ်။ မြို့ပြင်ကို ခွင့်ပြုမထားပါဘူး။ အခုခွင့်ပြုသည့် စက်တင်ဘာလ တတိယအပတ်ကစပြီး ခွင့်ပြုလည်ပတ်ခဲ့ရာ အခုလောလောဆယ်ဆယ် ရက်ပိုင်းအထိ ၂၇ ဦးအထိ ရှိပါတယ်။ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေက နိုင်ငံပေါင်းစုံ တရုတ် ဂျပန် အိန္ဒိယ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ စသဖြင့် နိုင်ငံပေါင်းစုံ လာရောက် လည်ပတ်တာ ဖြစ်ပါတယ်။ နောက်လာမည် ကာလမှာလည်း ဒီထက်မက လာရောက် လည်ပတ်မယ်လို့ ထင်ပါတယ်” ဟု ဦးစောတင့်လွင်က ဆက်လက် ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့် ရရှိရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော်သို့ တက်ရောက်လာစဉ် ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုကို ယခင်အစိုးရလက်ထက်များကတည်းက ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်ပြီး နှစ် ၈၀၀ ပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ခွင့်ပြုမှုမှာ ပွဲတော်ကာလဖြစ်သည့် မတ် ၂၉ မှ ၃၁ ရက်အထိသာ အစိုးရက အကန့်အသတ်ဖြင့် ခွင့်ပြုထားခဲ့သည်။

“ကျွန်တော်တို့ မိုးကုတ်မြို့မှာ တူးဖော်ရေးလုပ်ငန်းတွေမှာ လိုင်စင်သက်တမ်းတိုးပြီး တူးဖော်ခွင့်မပေးတော့ဘူး။ အဲဒီတော့ ကျောက်ထွက်နှုန်းတွေ ကျဆင်းနေတယ်။ နောက်တစ်ပိုင်းက မြို့ရဲ့ စီးပွားရေး ကျဆင်းတာပေါ့။ နောက်ထွက်ပေါက်အနေနဲ့က ခရီးသွားလုပ်ငန်းလို့ မြင်တယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရင် လူငယ်တွေ အလုပ်အကိုင် ၀င်ငွေတွေ ရလာမယ်။ ၀င်ငွေ စီးဆင်းမှုတစ်ခု ဖြစ်လာရင် မြို့ရဲ့ လူမှုရေးစီးပွားရေး အကုန်ပြေလာမယ်လို့ ယူဆပါတယ်။ ခရီးသွားလုပ်ငန်းရေရှည် ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ လာလည်မို့ရမည် နေရာတစ်ခု ဖြစ်လာမယ်။ ဒီမှာက သဘာဝ အရင်းမြစ်တွေရှိတယ်။ သဘာဝသံယံဇာတတွေ ဒေသရိုးရာအစားစာတွေ ရှိတယ်။ ဒါတွေကို ကမ္ဘာကို ချပြနိုင်မယ်လို့ မြင်ပါတယ်” ဟု မိုးကုတ်မြို့ခံ ကိုမင်းသူက ဆိုသည်။

မိုးကုတ်မြို့သည် မန္တလေးတိုင်းအတွင်း မန္တလေးမြို့၏ အရှေ့ဘက် ၁၁၄ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၇၅၀ ခန့်အမြင့်တွင် တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်ကပင် မိုးကုတ်သည် ကမ္ဘာ့ပတ္တမြားပင်ရင်းဒေသ ဖြစ်ခဲ့သည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့် တိုင်းရင်းသားများ နေထိုင်ပြီး ကမ္ဘာကျော်ပတ္တမြား အပါအ၀င် အဖိုးတန်ကျောက်မျက်ရတနာမျိုးစုံ ထွက်ရှိမှုကြောင့် ထင်ရှားသည့်မြို့ ဖြစ်ကြောင်း သိရသည်။

 

Credit : Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service