ဇေကမ္ဘာ စီမံကိန်းမြေ နေရာတွင် အခြားလုပ်ငန်း ခွင့်ပြုရန် အစီအစဉ်မရှိသေး

ဇေကမ္ဘာ စီမံကိန်းမြေ နေရာတွင် အခြားလုပ်ငန်း ခွင့်ပြုရန် အစီအစဉ်မရှိသေး - Property News in Myanmar from iMyanmarHouse.com
11 Oct 2018 10:55 am တွင် တင်ခဲ့သည်
1461 ကြိမ် ကြည့်ရှု့ပြီး

မြရိပ်ညိုဟိုတယ်ဝင်းအတွင်း ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်အကောင်အထည်ဖော် နေတဲ့Yangon New World စီမံကိန်းကို မြေငှားရမ်းစာချုပ်ပါ စည်းကမ်းများဖောက်ဖျက် မှုကြောင့် မြေငှားရမ်းမှု ရုပ်သိမ်းလိုက်ကြောင်း တပ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ကြောညာလိုက်ပါတယ်။

တပ်မတော်ပိုင်မြေဖြစ်တဲ့ အဆိုပါမြေပေါ်မှာ BOT (Build-Operate-Transfer)စနစ်နဲ့ စီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့ ၂၀၁၄ ခုနှစ်မှာ တပ်မတော်က တင်ဒါခေါ်ယူခဲ့ပြီး ဇေကမ္ဘာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပါတယ်။ တပ်မတော်နဲ့ ကုမ္ပဏီ နှစ်ဖက်သဘောတူရေးထိုးထားတဲ့ ကြိုတင်သဘောတူညီမှုမှတ်တမ်း (MOA) ပါ စည်းကမ်းချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက် စာချုပ်ရုပ်သိမ်းရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇေကမ္ဘာကုမ္ပဏီအနေနဲ့ အဆိုပါစီမံကိန်းကိုBOT စနစ်နဲ့ စာချုပ်ချုပ်ဆိုပြီးပါကနှစ် ၅၀ နဲ့ ၁၀ နှစ် နှစ်ကြိမ်သက်တမ်းတိုးခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့(MOA)ပါစည်းကမ်းချက်တွေအရBOT စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

မြေငှားရမ်းမှု ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အဆိုပါမြေပေါ်မှာ လောလောဆယ် နောက်ထပ်စီမံကိန်းတွေ ဆောင်ရွက်သွားဖို့ အစီအစဉ်မရှိသေးဘူးလို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး(ရန်ကုန်)မှ အတွင်းရေးမ·း ဦးမိုးမင်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"လောလောဆယ် အနာဂတ်စီမံကိန်းအနေနဲ့တော့ အစီအစဉ်မရှိသေးပါဘူး။မြေငှားစာချုပ်ရုပ်သိမ်းပြီး လုပ်ငန်းရပ်ဆိုင်းဖို့ ပြောထားတာပဲရှိပါသေးတယ်။ မြေပြန်သိမ်းဖို့တောင်မှ ဥပဒေ၊ နည်းဥပဒေတွေအရ လုပ်ဆောင်ရမှာမို့ နည်းနည်းကြာဦးမှာပါ"လို့ ဦးမိုးမင်းဝင်းက ဆိုပါတယ်။

မြေငှားရမ်းစာချုပ် ရုပ်သိမ်းလိုက်တဲ့အပေါ် ကုမ္ပဏီက တစ်စုံတစ်ရာ ဆက်သွယ်ပြောကြားလာတာ မရှိသေးပါဘူး။ လက်ရှိမှာတော့ စီမံကိန်းကို ရပ်ဆိုင်းထားပြီး ကုမ္ပဏီဘက်က လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် တပ်မြို့စည်ပင်သာယာရေးဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ပါ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဦးမိုးမင်းဝင်းက ပြောပါတယ်။

အဆိုပါစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြရိပ်ညိုဟိုတယ်ဝင်းဟောင်းရှိ ၁၃ ဒသမ ၇၉၄ ဧကပေါ်မှာတည်ရှိပြီး စီမံကိန်းမှာ ၂၄ ထပ်အဆောက်အအုံ ၁၂ လုံးနဲ့ သုံးထပ်အဆောက်အအုံ တစ်လုံးတို့ ပါဝင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်သွားဖို့ ကုမ္ပဏီဘက်က မျှော်မှန်းထားပါတယ်။

မြရိပ်ညိုMix-used အထပ်မြင့်အဆောက်အအုံ စီမံကိန်းခွင့်ပြုချက်ကို တိုင်းအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇွန် ၈ ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ကန့်ကွက်ရန်မရှိကြောင်း အတည်ပြုပြီး ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ခွင့်ရထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ မြို့နယ်ကိုးမြို့နယ်ကို ရေပေးဝေနေတဲ့ ကုက္ကိုင်းရေလှောင်ကန်နဲ့ မလွတ်ကင်းပါဘူး။ ဒါကြောင့် ရေလှောင်ကန် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၈ ခုနှစ်၊ မတ် ၁၄ ရက်ကစပြီး စီမံကိန်းဆောက်လုပ်မှုကို စည်ပင်သာယာက ရပ်ဆိုင်းခဲ့ပြီး မေလမှာ ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။

စီမံကိန်းအတွက် ကြိုတင်သဘောတူညီမှု မှတ်တမ်းလွှာMOA မှာပါတဲ့အတိုင်း မြေအသုံးချခ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းကို နှစ်နှစ်အတွင်း ငါးကြိမ်ခွဲပေးဖို့ သဘောတူညီခဲ့ပေမဲ့ သတ်မှတ်ကာလအတွင်း နှစ်ကြိမ်အတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့တယ်လို ဦးမိုးမင်းဝင်းက ဆိုပါတယ်။

သဘောတူစာချုပ်ပါ စည်းကမ်းချက်တွေအရ မြေငှားရမ်းခ ၂၀ ရာခိုင်နှုန်းပေးသွင်းပြီးတဲ့အချိန်မှာ မြေစမ်းသပ်ခြင်းနဲ့ ဒီဇိုင်းရေးဆွဲခြင်း စတဲ့အခြေခံလုပ်ငန်းတွေကိုပဲ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပေမဲ့ စာချုပ်ကို ကျော်လွန်ပြီး အဆောက်အအုံတည်ဆောက်တာတွေ၊ ဖြိုဖျက်တာတွေ လုပ်နေတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းထားဖို့ အကြိမ်ကြိမ် သတိပေးစာတွေ ပေးပို့ခဲ့တယ်လို့လည်း ၎င်းကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျန်ရှိနေတဲ့ မြေငှားရမ်းခတွေ ပေးသွင်းဖို့ အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ပေမဲ့ ကုမ္ပဏီက ငွေပေးသွင်းခဲ့ခြင်းမရှိတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာခဲ့ရတယ်လို့လည်း ၎င်းက ဆိုပါတယ်။

"စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုတွေအတွက် စီမံကိန်းရပ်ဆိုင်းဖို့ ရှစ်ကြိမ်လောက် သတိပေးစာပို့ခဲ့ပေမဲ့ တုံ့ပြန်လာတာမရှိပါဘူး။ လုပ်ငန်းရှင်တွေ သွင်းရတဲ့ငွေဟာ တပ်မတော်က ဆောင်ရွက်တယ်ဆိုပေမဲ့ တပ်ကရတာမဟုတ်ပါဘူး၊ တပ်ကအမည်ခံပြီး ရငွေခေါင်းစဉ်နဲ့ နိုင်ငံတော်ကို ပေးသွင်းရတာပဲဖြစ်ပါတယ်"လို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ မြေငှားရမ်းသူတို့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံနှစ်လုံးနဲ့ တခြားအဆောက်အအုံနှစ်လုံးကို ဖြိုဖျက်ခြင်း၊ ၎င်းတို့ရဲ့သဘောအတိုင်း ရုံးနဲ့ စီမံကိန်းအဆောက်အအုံသစ်တွေကို ဆောက်လုပ်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိတဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သတင်းတွေ ဖော်ပြခဲ့ခြင်း စတဲ့ အချက်တွေက MOA ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရာရောက်တဲ့အတွက် မြေငှားရမ်းမှု ရပ်ဆိုင်းခြင်းဖြစ်တယ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်မှ စီမံကိန်းမြေငှားရမ်းမှု ရပ်ဆိုင်းလိုက်ခြင်းအပေါ်လတ်တလောမှာ တစ်စုံတစ်ခုပြောကြားလိုခြင်း မရှိသေးဘူးလို့ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ဘာမှမပြောသေးဘူး၊ ပြောချိန်တန်ရင်တော့ ပြောမှာပါ"လို့ ဦးခင်ရွှေက ဆိုပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ရင်းနှီးမြှုပ်နှံထားတဲ့ YangonNew World စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့China State Construction Engineering Corporationက ၆၀ ရာခိုင်နှုန်း ရင်းနှီးမတည်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းရပ်ဆိုင်းလိုက်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ထောက်ခံကြိုဆိုကြောင်း ကုက္ကိုင်းရေလှောင်ကန်ကို ဘေးအန္တရာယ်မှ ကယ်တင်ခြင်းအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။

"လက်ရှိမှာတော့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာတွေ့ရပါတယ်၊ ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်လာတယ်လို့တော့ မကြားမိသေးဘူး"လို့ ဦးဝင်းဗိုလ်က ဆိုပါတယ်။

ကုက္ကိုင်းရေလှောင်ကန်ဟာ အနက်ပေ ၂၀ နဲ့ သုံးဧကကျော်ကျယ်ဝန်းပြီး ရေဂါလန် သန်းပေါင်း ၂၀ ကို သိုလှောင်ထားနိုင်တဲ့ ရေလှောင်ကန်ကြီးတစ်ကန်ဖြစ်ပါတယ်။ ဂျိုးဖြူရေကန်က ၅၆ လက်မ ပိုက်လိုင်းနဲ့ သွယ်ယူရေသိုလှောင်ထားပြီး ရန်ကုန်မြို့တွင်းရှိ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ဗဟန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေကိတွေကို သောက်သုံးရေ ဖြန့်ဝေပေးနေပါတယ်။

 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service