ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ဇနီးမောင်နှံက လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကြီးကို ယူရို ၂၈ သန်းကျော်ဖြင့် လျှို့ဝှက်စွာရောင်းချ

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ဇနီးမောင်နှံက လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကြီးကို ယူရို ၂၈ သန်းကျော်ဖြင့် လျှို့ဝှက်စွာရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Oct 2018 10:40 am တွင် တင်ခဲ့သည်
1855 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်

ဈေးနှုန်း- ယူရို ၂၈ ဒသမ ၈ သန်း

စတုရန်းပေ ၁၁၄၉၇၊ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၁၀ ခန်း

သမိုင်းတစ်လျှောက် နာမည်အကျော်ဆုံးကမ္ဘာကျော်စုံတွဲများတွင် အပါအဝင်ဖြစ်သည့် ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့ ဇနီးမောင်နှံသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၃ သန်း (ယူရိုငွေ ၂၈ ဒသမ ၇၅ သန်း- လက်ရှိငွေလဲနှုန်းအရ) ဖြင့် ရောင်းချလိုက်ပြီဖြစ်သည်။

ဘက်ခမ်းတို့ဇနီးမောင်နှံ၏ နေအိမ်ရောင်းချမှုမှာ စီးပွားရေးလုပ်ကိုင်ခြင်းတစ်မျိုးဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုလျှင် ၎င်းတို့ဇနီးမောင်နှံက အဆိုပါစံအိမ်ကြီးကို ၂၀၀၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၂၂ သန်းသာ ပေးခဲ့ရရာ ယခုရောင်းချလိုက်သောဈေးနှုန်းအရဆိုလျှင် ကန်ဒေါ်လာ ၁၀ သန်းခန့် မြတ်စွန်းသွားခြင်းလည်း ဖြစ်သည်။ အတွင်းပိုင်းဓာတ်ပုံများ ရရှိခြင်းမရှိသော်လည်း နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၉ ခန်းအထိ ပါဝင်ကာ စာကြည့်တိုက်၊ ရေကူးကန်တို့လည်း ထည့်သွင်းပေးထားသည်။

လော့စ်အိန်ဂျလိနေအိမ်ရောင်းချလိုက်မှုမှာ ဘက်ခမ်း၏နေထိုင်မှုဘဝပုံစံကို များစွာထိခိုက်စေမည်ကား မဟုတ်ချေ။

၎င်းတို့မိသားစုသည် လန်ဒန်နှင့် အင်္ဂလန်အလယ်ပိုင်း ကော့စ်ဝေါတို့အကြား အချိန်အများစုကုန်ဆုံးလေ့ရှိခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် လက်ရှိအားဖြင့် ၎င်းတို့မိသားစုသည် မီယာမီကမ်းခြေတွင် နေအိမ်တစ်လုံးရှာဖွေလျက်ရှိနေသည်။

ဒေးဗစ်ဘက်ခမ်းသည် မီယာမီတွင် ဘောလုံးအသင်းတစ်ခုတည်ထောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးဘောလုံးရာသီကို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service