၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ကိုးသိန်းကိုးသောင်း ခြောက်ထောင်ဝန်းကျင်ထိ ပြန်မြင့်တက်၊ ဈေးကစားမှုကြောင့် မဟုတ်၊ အဝယ်လိုက်၍ ပစ္စည်း ရှားလာသဖြင့် ဈေးတက် ဟုဆို

၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ကိုးသိန်းကိုးသောင်း ခြောက်ထောင်ဝန်းကျင်ထိ ပြန်မြင့်တက်၊ ဈေးကစားမှုကြောင့် မဟုတ်၊ အဝယ်လိုက်၍ ပစ္စည်း ရှားလာသဖြင့် ဈေးတက် ဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Oct 2018 12:17 pm တွင် တင်ခဲ့သည်
2294 ကြိမ် ကြည့်ရှု့ပြီး

မီးလင်းအခေါက်(၁၆ပဲရည်)ရွှေဈေးကွက်အတွင်းပစ္စည်းရှားလာသည့်အတွက် တစ်ကျပ်သား ကျပ် ၉၉- ၄ဝဝဝ မှ ကျပ် ၉၉၆ဝဝဝ သို့ ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း ဈေးကွက်အတွင်း အပ်ထည်ပစ္စည်းလုပ်ရန် ဝယ်ယူမှုများလာပြီးပြန် ရောင်းသူနည်းလာခြင်းနှင့် ယခုရာသီသည် ရွှေအထွက်နည်းခြင်းတို့ ကြောင့် ရွှေဈေးမှာ အောက်တိုဘာ ၅ ရက် ပေါက်ဈေးနှင့်ယှဉ်လျှင် ကျပ် ၄ဝဝဝ မှ ၆ဝဝဝ အထိ ပြန်တက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော် အောင်က ''ခုဖြစ်နေတဲ့ဈေးက ဈေးကစားပြီး ဆွဲတင်လို့တက်လာတဲ့ ဈေးမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းရှားသွားလို့။ ပစ္စည်းအပ်တဲ့ သူတွေ လာဝယ်တာများတယ်။ ပြန် ရောင်းတဲ့သူနည်းတော့ ဈေးကတက်လာတဲ့ သဘော ပဲ''ဟုပြောသည်။ မြန်မာနိုင်ငံတွင် ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ရွှေဈေးမှာ ကျပ် ၁ဝ၄၅ဝဝဝ နီးပါးအထိ ရောက်ရှိခဲ့သည့်အတွက် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနက ရွှေလေပတ်ကားရောင်းဝယ်သူတချို့ကို ခေါ်ယူ စစ်ဆေးပြီး သုံးရက်မြောက်ဖြစ်သည့် စက်တင်ဘာ ၂၆ ရက်တွင် ကျပ်ဆယ်သိန်းအောက်ကို ပြန်လည်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းကတစ်ဒေါ်လာလျှင် ကျပ် ၁၆၄ဝ ကျော်သည်အထိ မြင့်တက်ခဲ့သော ဒေါ်လာငွေလဲနှုန်းသည် အောက်တိုဘာ ၄ ရက်တွင် ပို့ကုန် ရငွေလဲနှုန်း ကျပ် ၁၅၁၈ သို့ကျဆင်းလာခဲ့ပြီးနောက် တဖြည်းဖြည်းပြန်လည်မြင့်လာရာ အောက်တိုဘာ ၈ ရက်တွင် ဒေါ်လာရည်ညွှန်းလဲလှယ်နှုန်းမှာ အနည်းငယ်ပြန်မာလာသည့်အတွက် တစ်ဒေါ်လာကျပ် ၁၅၅ဝ ခန့်သို့ ပြန်လည်မြင့်တက်လာနေကြောင်းသိရသည်။ ထို့အပြင်ရွှေဈေးကွက်တွင် လေပတ်ကားမလုပ်ဘဲ ရွှေထိငွေ ထိသာလုပ်နေကြခြင်း၊ ရွှေဈေးမှာ ကျပ်ဆယ်သိန်းအထက်သို့ ပြန် ရောက်နိုင်မည်ဟု ခန့်မှန်းသူများက ဝယ်ယူမှုများရှိလာခြင်းတို့ ကြောင့် ရွှေဈေးမှာ တရိပ်ရိပ်ပြန် တက်လာနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းမှ တွဲဖက်အတွင်းရေးမှူး(စီမံ)ဦး ကြည်စိန်ကပြောသည်။

''နိုဝင်ဘာလောက်ဆိုရင် ရွှေထုတ်တဲ့သူတွေလည်း အလုပ်ပြန်လုပ်ကြသလို ရွှေစုထားတဲ့သူတွေကလည်း အလုပ်လုပ်ဖို့အတွက် ဝယ်ထားတာတွေ ပြန်ထုတ်ရောင်းကြတော့မယ်ဆိုတော့ ဈေးပြန်ကျမှာ။ ဒေါ်လာငွေလဲနှုန်းကြောင့် ကျပ်ကိုးသိန်းခွဲဝန်းကျင်လောက်နဲ့ငြိမ်မယ်လို့ခန့်မှန်းထားတယ်''ဟု ၎င်းကပြောသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service