အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်နောက်တစ်လုံးကို ကန်ဒေါ်လာ ၄သန်းဖြင့် ထပ်မံရောင်းထုတ်

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်နောက်တစ်လုံးကို ကန်ဒေါ်လာ ၄သန်းဖြင့် ထပ်မံရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
9 Oct 2018 11:44 am တွင် တင်ခဲ့သည်
930 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်သည် လော့စ်အိန်ဂျလိမြို့ Pacific Palisades အရပ်ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ထပ်မံရောင်းထုတ်လိုက်ပြန်ပြီ ဖြစ်သည်။

တိုင်ရာဘန့်စ်သည် ယခုနှစ်အတွင်း Pacific Palisades အရပ်တွင်ပင် တည်ရှိသော အခြားနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းချခဲ့ဖူးသည်။

အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/748242 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

ယခုရောင်းချလိုက်သော နေအိမ်တွင် အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ၂၀၁၄ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၃ ဒသမ ၂၉၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ကန်ဒေါ်လာ ၇ သိန်းခန့် မြတ်စွန်းခဲ့သည်ဟု ဆိုရမည်။

ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၇၀၀ ခန့်ရှိသည်။

ကြီးမားလှသည့် Master bedroom တွင် မီးလင်းဖို၊ အဝတ်အစားထားသိုခန်း၊ ကျား/မ ရေချိုးခန်း၊ ရေနွေးရေပန်းတို့ ပါဝင်သည်။

ဟင်းလင်းပြင် ဧည့်ခန်းဆောင်နေရာတွင်လည်း မီးလင်းဖိုတစ်ခု ပါဝင်သေးသည်။

တိုင်ရာဘန့်စ်သည် မကြာသေးမီကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ်များစွာ ပြုလုပ်ထားခဲ့၏။

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း Pacific Palisades အရပ်တွင်ပင် တည်ရှိသော အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆ ဒသမ ၉၉၆ သန်းဖြင့် ဝယ်ယူခဲ့သည်။င်းနောက် Pacific Palisades တွင်ပင် အခြားနေအိမ်တစ်လုံးကိုလည်း ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်းဖြင့် မကြာသေးမီကပင် ရောင်းချခဲ့သေးသည်။တိုင်ရာဘန့်စ်သည် လော့စ်အိန်ဂျလိမြို့၊ လာဒီရာဟိုက်စ်အရပ်တွင် နေအိမ်ပိုင်ဆိုင်ထားပြီး နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် လည်း အခြားနေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။ မန်ဟက်တန်နေအိမ်ကို ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသေးသည်။

ထို့အပြင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်စ်အရပ်တွင်လည်း စတုရန်းပေ ၆၀၀၀ ရှိ နေအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

တိုင်ရာ ဘန့်စ်၏ အမည်ရင်းမှာ တိုင်ရာ လင်းဘန့်စ်ဖြစ်ပြီး ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ဂဲဝုဒ်မြို့ တွင် မွေးဖွားသည်။

ရုပ်သံတင်ဆက်သူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ၊ မော်ဒယ်လ်၊ အဆိုတော်ဘဝများစွာ ဖြတ်သန်းခဲ့သည်။

အသက် ၁၅ နှစ်အရွယ်တွင် မော်ဒယ်တစ်ဦအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Victoria's Secret ၏ မော်ဒယ်လ်ဖြစ်ခဲ့သည်။

၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် တိုင်ရာဘန့်စ်သည် ကမ္ဘာ့ထိပ်တန်းဝင်ငွေအများဆုံး မော်ဒယ်လ်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service