ရောင်းမထွက်သေးသော မလေးရှားတန်ဖိုးနည်းအိမ်ခန်းအများစုဈေးနှုန်းကြီးမြင့်

ရောင်းမထွက်သေးသော မလေးရှားတန်ဖိုးနည်းအိမ်ခန်းအများစုဈေးနှုန်းကြီးမြင့် - Property News in Myanmar from iMyanmarHouse.com
9 Oct 2018 11:03 am တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားတန်ဖိုးနည်းအိမ်ရာကဏ္ဍအတွင်း ဝယ်လိုအားနှင့်ရောင်းလိုအား မကိုက်ညီဖြစ်လျက်ရှိသည်။

မလေးရှားတွင် ယခုနှစ် ပထမသုံးလပတ်ကုန်အထိ ရောင်းမထွက်သေးသော အိမ်ခန်းအရေအတွက်သည် ၁၄၆,၁၉၆ ခန်းခန့် သို့ တိုးများလာခဲ့ကာ မလေးရှားအိမ်ခြံမြေဈေးကွက်အတွင်း ဆက်တိုက်ဟန်ချက်မညီမှုကို အချက်ပြနေကြောင်း မလေးရှားဗဟိုဘဏ်က စက်တင်ဘာ ၂၆ တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာသစ်၌ ဖော်ပြခဲ့သည်။

၎င်းရောင်းမထွက်သေးသော အိမ်ခန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် တစ်ခန်းလျှင် မလေးရှားရင်းဂစ် ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၀,၃၆၁ ဒေါ်လာ) တန်ကြေးရှိကြောင်း ဗဟိုဘဏ်ဖြစ်သော Bank Negara Malaysia က ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကျန်အိမ်ခန်း ၂၀ ရာခိုင်နှုန်းသာလျှင် ထိုဈေးနှုန်းအောက်ရှိသည်။ မလေးရှားတွင် တန်ဖိုးနည်းအိမ်ရာများ၏ အများဆုံးဈေးနှုန်းမှာ တစ်ခန်းလျှင် မလေးရှားရင်းဂစ် ၂၈၂,၀၀၀ အဖြစ် သတ်မှတ်ထားသည်။

ယခုနှစ်ပထမသုံးလပတ်အတွင်း ခွင့်ပြုခဲ့သော အိမ်ချေးငွေများ၏ ၇၀ ရာခိုင်နှုန်းကျော်သည် မလေးရှားရင်းဂစ် ၅၀၀,၀၀၀ နှုန်းထားအောက်ရှိ အိမ်ခန်းများအား ပထမအကြိမ်အိမ်ဝယ်ယူသူများအတွက် ဖြစ်ခဲ့သည်။

ခွင့်ပြုပေးခဲ့သော ချေးငွေသစ်များ၏ လေးပုံသုံးပုံသည် ငွေရင်းနှင့်အတိုးနှုန်းတို့၏ အချိုး ၆၀ ရာခိုင်နှုန်းအောက်ဖြင့် ချေးသူများထံသို့ ရောက်ရှိခဲ့သည်။

အိမ်ခန်းဝယ်ယူမှုဆိုင်ရာချေးငွေအရေအတွက် သုံးခုနှင့်အထက် ရရှိသည့် ချေးသူဦးရေသည် ၂၀၁၈ ဒုတိယသုံးလပတ်အတွင်း ၀ ဒသမ ၈ ရာခိုင်နှုန်းသာ များပြားလာခဲ့ပြီး မြင့်တက်နှုန်း နှေးကွေးခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service