ဟောင်ကောင်ဘီလျံနာကြီး ချား၏ မိသားစုက အမေရိကန်နိုင်ငံ၊ ပါလို အယ်လ်တိုမြို့လယ်ရှိ ရုံးအဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ

ဟောင်ကောင်ဘီလျံနာကြီး ချား၏ မိသားစုက အမေရိကန်နိုင်ငံ၊ ပါလို အယ်လ်တိုမြို့လယ်ရှိ ရုံးအဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Oct 2018 11:41 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်ဘီလျံနာကြီး ချား၏ အမေရိကန်အခြေစိုက် ကုမ္ပဏီဖြစ်သော CM Capital Corp သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလို အယ်လ်တိုမြို့လယ်ရှိ ရုံးအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၁၁၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်သည်။

၂၀၁၈ ခုနှစ်အတွင်း ဆီလီကွန်တောင်ကြားရှိ ရုံးအဆောက်အအုံတစ်ခုအတွက် စတုရန်းတစ်ပေဈေးနှုန်း အမြင့်မားဆုံးပေးခဲ့မှုလည်း ဖြစ်သည်။

ကမ္ဘာကျော် စတန်းဖို့ဒ်တက္ကသိုလ်ကြီး တည်ရှိရာ ပါလို အယ်လ်တိုမြို့၊ လစ်တန်ရိပ်သာလမ်း၊ အမှတ် ၅၃၀ ရှိ ၃ ထပ် ရုံးအဆောက်အအုံကြီးကို ချားမိသားစုက တစ်စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၁၃၆ ပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ချားမိသားစုသည် CM Capital ကုမ္ပဏီမှတဆင့် အမေရိကန်အိမ်ခြံမြေလောကတွင် ၁၉၆၉ ခုနှစ်မှ စတင်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

CM Capital သည် ယခုအဆောက်အအုံကြီးအပြင် ကပ်လျက်အိမ်ခြံမြေ အဆောက်အအုံများကိုလည်း ဝယ်ယူထားသေးသည်။

အဆိုပါဒေသသည် HP ၊ Tesla နှင့် အခြားနည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာ နေရာလည်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးကို ရောင်းချလိုက်သည်မှာ Blox Ventures နှင့် Law & Associates တို့ဖြစ်ကြသည်။

စတုရန်းပေ ၁၇၁၇၈ ကျယ်ဝန်းသော အဆောက်အအုံကြီးကို အဆိုပါပူးပေါင်းကုမ္ပဏီင်္စုက၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုရောင်းဈေးမှာ ဝယ်ယူခဲ့စဉ်ကထက် ၂ ဆခန့် များပြားသည့် ဈေးနှုန်းလည်း ဖြစ်သည်။

လစ်တန်ရိပ်သာလမ်း၊ အမှတ် ၅၃၀ အဆောက်အအုံသည် ပါလိုအယ်လ်တိုမြို့လယ်ရှိ ရုံးအဆောက်အအုံများအနက် အကြီးမားဆုံး အဆောက်အအုံကြီးဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...

ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service